အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ဟေဗြဲ 7:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ ပြီးပြည့်စုံအောင်မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်၏။ ယခုတွင်မူ ပို၍ကောင်းသောမျှော်လင့်ချက် ရှိလာသဖြင့် ကျွန်ုပ်တို့သည် ထိုမျှော်လင့်ချက်ဖြင့် ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြ၏။ Common Language Bible မောရှေ၏ပညတ်တရားသည်အဘယ်အရာ ကိုမျှပြီးပြည့်စုံလင်အောင်မပြုနိုင်။ ယခု အခါ၌ငါတို့သည်ထိုပညတ်တရားထက် ပိုမိုကောင်းမြတ်သည့်မျှော်လင့်ချက်ကိုရရှိ ကြပြီဖြစ်ရာ ထိုမျှော်လင့်ချက်အားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ Garrad Bible ဘု ရား သ ခင် အ ပါး တော် သို့ ချဉ်း ကပ် ခွင့် ရ စေ သော သာ၍ မြတ် သည့် မျှော် လင့် ခြင်း တ ရား ကို ထပ် ပေး တော် မူ၏။ Judson Bible ရှေးပညတ်တရားဟောင်းသည်၊ အားမရှိ၊ အကျိုးကို မပေးနိုင်သောကြောင့်၊ ပယ်ရှင်းခြင်းသို့ ရောက်ရ၏။ သို့သော်လည်း၊ သာ၍မြတ်သော မျှော်လင့်ခြင်းအခွင့်သည် နေရာကျ၏။ ထိုမျှော်လင့်ခြင်းအားဖြင့် ငါတို့သည် ဘုရားသခင့်အထံတော်သို့ တိုးဝင်ချဉ်းကပ်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။ |
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညတ်တရားကို မောရှေအားဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။ သို့သော် ကျေးဇူးတရားနှင့် သစ္စာတရားကို ယေရှုခရစ်တော်အားဖြင့် ပေးတော်မူ၏။
ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။
ထိုအရှင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏ပညတ်တရားအရ မလွှတ်နိုင်သောအပြစ်များမှ လွတ်ခွင့်ရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့အား ယခုကျွန်ုပ်တို့ ရရှိသည့် ကျေးဇူးတော်ကို ခံစားစေတော်မူ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ဘုန်းတော်ကို မျှဝေခံစားရန် မျှော်လင့်၍ ဂုဏ်ယူဝမ်းမြောက်ကြ၏။
သို့ဖြစ်လျှင် မည်သို့ဆိုမည်နည်း။ ပညတ်တရားသည် အပြစ်လော။ အပြစ်မဟုတ်။ အမှန်တွင်မူ ပညတ်တရားမရှိလျှင် အပြစ်ကို ကျွန်ုပ်သိမည်မဟုတ်။ ပညတ်တရားက “မတပ်မက်နှင့်” ဟု မဆိုထားလျှင် တပ်မက်ခြင်းသည် အပြစ်ဖြစ်ကြောင်းကို ကျွန်ုပ်သိမည်မဟုတ်။
လူ့ဗီဇစိတ်၏ အားနည်းမှုကြောင့် မောရှေ၏ ပညတ်တရားသည် ကျွန်ုပ်တို့ကို မကယ်နိုင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် မိမိသားတော်ကို လူ့ဗီဇစိတ်ရှိသည့် လူ့ကိုယ်ခန္ဓာထဲသို့ စေလွှတ်တော်မူခြင်းအားဖြင့် ပညတ်တရားမတတ်နိုင်သောအမှုကို ဖြေရှင်းပေးတော်မူ၏။ ဘုရားသခင်သည် သားတော်ကို ယဇ်အဖြစ် ပူဇော်ခြင်းအားဖြင့် လူ့ဗီဇစိတ်အတွင်း သက်ဝင်လှုပ်ရှားနေသော အပြစ်တရားကို အဆုံးသတ်တော်မူ၏။
သို့သော်လည်း လူသည် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသည်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ သတ်မှတ်ခံရကြောင်း ကျွန်ုပ်တို့ သိကြ၏။ ကျွန်ုပ်တို့သည်လည်း ပညတ်တရားကို လိုက်နာခြင်းအားဖြင့်မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရရန် ယေရှုခရစ်တော်ကို ယုံကြည်ကြ၏။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်သောကြောင့် ဖြစ်၏။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရရန် ပညတ်တရားမှာ ခရစ်တော်ကြွလာချိန်ထိ ကျွန်ုပ်တို့၏ အုပ်ထိန်းသူဖြစ်၏။
ကျွန်ုပ်တို့သည် ထိုသခင်နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်းအားဖြင့်သော်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့်သော်လည်းကောင်း ဘုရားသခင်ထံသို့ ရဲရင့်မှုနှင့် စိတ်ချယုံကြည်မှုဖြင့် ဝင်ရောက်ချဉ်းကပ်ခွင့်ကို ရရှိကြ၏။
ဤလျှို့ဝှက်နက်နဲသောအရာ၏ ဘုန်းစည်းစိမ်သည် လူမျိုးခြားတို့အတွက် မည်မျှ ကြီးမားကြောင်း ယုံကြည်သူတို့ သိစေရန် ဘုရားသခင် အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာသည် သင်တို့ထဲ၌ ကိန်းအောင်းတော်မူသည့်ခရစ်တော်ပင် ဖြစ်၏။ ခရစ်တော်ကြောင့် သင်တို့သည် ဘုရားသခင်၏ ဘုန်းအသရေကို ရရှိရန် မျှော်လင့်ရ၏။
ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ မျှော်လင့်ရာအရှင် ယေရှုခရစ်တော်တို့၏ အမိန့်တော်အတိုင်း ထိုယေရှုခရစ်တော်၏ တမန်တော်ဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။
ပညတ်တရားသည် ပုံသဏ္ဌာန်အစစ်အမှန်များမဟုတ်ဘဲ ဖြစ်ပေါ်လာမည့် ကောင်းကျိုးများ၏ အရိပ်မျှသာဖြစ်၏။ ထို့ကြောင့် ထိုတူညီသောယဇ်ကို နှစ်စဉ်မပြတ် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုသူတို့ကို ပြီးပြည့်စုံစေရန် လုံးဝမတတ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ပိုမိုကောင်းမွန်သောအရာကို ပြင်ဆင်ထားသောကြောင့် ဖြစ်၏။ ထိုအရာကို သူတို့သည် ကျွန်ုပ်တို့နှင့်အတူ လက်ခံရရှိလျှင် သူတို့သည် ပြီးပြည့်စုံသူများဖြစ်ကြလိမ့်မည်။
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်ရမည်။ ကိုယ်တော်ကို ကြိုးစားရှာသောသူအား ဆုလာဘ်ပေးတော်မူကြောင်း ယုံကြည်ရမည်။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။
ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
ထို့ပြင် ယေရှု၏ ယဇ်ပုရောဟိတ်အရိုက်အရာသည် သစ္စာဆိုခြင်းမပါဘဲ ဖြစ်လာသည်မဟုတ်။ အခြားသူတို့၏ယဇ်ပုရောဟိတ်အရိုက်အရာမှာမူ သစ္စာဆိုခြင်းမပါဘဲ ဖြစ်လာကြ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
သို့သော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းယေရှုသည် ယခင်ယဇ်ပုရောဟိတ်များထမ်းဆောင်ရသောအမှုတာဝန်ထက် ပို၍ ကောင်းသောအမှုတာဝန်ကို လက်ခံရရှိသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ပို၍ ကောင်းသောကတိတော်များပေါ်တွင် အခြေခံသည့် ပို၍ ကောင်းသောပဋိညာဉ်ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် ကြားဝင်စေ့စပ်ပေးသောကြောင့်ဖြစ်၏။
ဤအခြင်းအရာတို့သည် မျက်မှောက်ခေတ်ကို ဖော်ညွှန်းသည့် ပုံဥပမာဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထိုအပြစ်ဖြေရာယဇ်များနှင့် ပူဇော်စရာများက ဝတ်ပြုသူတို့အား မိမိတို့ ပြီးပြည့်စုံပြီဟူ၍ လိပ်ပြာသန့်သန့်ခံယူစေနိုင်စွမ်းမရှိကြပေ။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။