ဟေဗြဲ 6:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့တစ်ဦးစီတိုင်းသည် အဆုံးတိုင်အောင် စိတ်အားထက်သန်မှုကို ယခုအတိုင်း ပြသနိုင်ရန် ကျွန်ုပ်တို့အလိုရှိ၏။ သို့မှသာ သင်တို့မျှော်လင့်သည့်အရာကို အသေအချာ ရရှိနိုင်လိမ့်မည်။ Common Language Bible သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။- Garrad Bible သင် တို့ အ သီး အ သီး သည် ဆုံး ခန်း တိုင် စုံ လင် သော မျှော် လင့် ခွင့် ရ အံ့ သော ငှာ ထို မျှ လောက် အား ကြီး သော စိတ် ကို ပြ လျက်၊ Judson Bible သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်တို့တစ်ဦးစီသည် မျှော်လင့်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝရှိကြရန် ထိုသို့သောစိတ်အားထက်သန်မှုကို အဆုံးတိုင်အောင်ပြမည့်အကြောင်း ငါတို့အလိုရှိကြ၏။ |
အလွန်လေးစားရပါသော သော်ဖိလု… ဘုရားသခင်ဖြစ်စေတော်မူသည့်အတိုင်း ကျွန်ုပ်တို့၌ ဖြစ်လာခဲ့သော ဖြစ်ရပ်အကြောင်းအရာများကို လူများစွာတို့သည် ကြိုးစား၍ ရေးသားပြုစုခဲ့ကြပြီဖြစ်၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
ဘုရားသခင်ကို သင်တို့ယုံကြည်သောကြောင့် မျှော်လင့်ခြင်း၏ အရှင် ထိုဘုရားသခင်သည် သင်တို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ပေးသနားတော်မူပါစေသော။ ထိုသို့အားဖြင့် သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးကြောင့် မျှော်လင့်ခြင်းအပြည့်အဝ ရှိလိမ့်မည်။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့အနက် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမတို့… မြဲမြံစွာ ရပ်တည်၍ မရွေ့လျားမပြောင်းလဲကြနှင့်။ ဘုရားသခင်အတွက် သင်တို့ လုပ်ဆောင်သမျှသည် အချည်းနှီးမဖြစ်ကြောင်း သင်တို့သိကြသည့်အတိုင်း ဘုရားသခင်အတွက် အစဉ်အမြဲ စိတ်အားထက်သန်စွာ လုပ်ဆောင်ကြလော့။
ကျွန်ုပ်တို့မှာမူ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကတိပြုတော်မူသော ဖြောင့်မတ်ခြင်းကို လက်ခံရရှိမည်ဟု မျှော်လင့်၍ ဝိညာဉ်တော်ကို အမှီပြုလျက် စောင့်မျှော်နေကြ၏။
စိတ်မပျက် အားမလျော့ဘဲ ကောင်းသောအမှုကို ဆက်၍ ပြုကြစို့။ စိတ်မပျက်လျှင် အချိန်တန်သောအခါ အသီးအပွင့်ကို ရိတ်သိမ်းရလိမ့်မည်။
ထို့ကြောင့် ဝိညာဉ်ရေးရာ၌ ရင့်ကျက်သော ကျွန်ုပ်တို့အားလုံးသည် ဤစိတ်သဘောထားမျိုး ရှိသင့်၏။ အကယ်၍ အချို့သောအကြောင်းအရာများ၌ မတူညီသောစိတ်သဘောထားရှိလျှင် ဘုရားသခင်သည် ရှင်းလင်းဖော်ပြတော်မူလိမ့်မည်။
သို့ရာတွင် သင်တို့သည် သတင်းကောင်းကို ကြားနာစဉ်က ရရှိသော မျှော်လင့်ခြင်းမှ မရွေ့လျားဘဲ ကြံ့ကြံ့ခိုင် ရပ်တည်လျက် ဆက်၍ ယုံကြည်ရမည်။ ထိုသတင်းကောင်းကို မိုးကောင်းကင်အောက်၌ ရှိသော သတ္တဝါအားလုံးကို ဟောပြောနေသည်ဖြစ်၍ ကျွန်ုပ်ပေါလုသည် ထိုသတင်းကောင်းကို ဟောပြောသော အမှုဆောင်ဖြစ်လာ၏။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းသည် ကောင်းကင်ဘုံ၌ သင်တို့အတွက် သိမ်းဆည်းထားသော မျှော်လင့်ရာအကြောင်းကြောင့် ဖြစ်ပေါ်လာကြ၏။ သမ္မာတရားဟူသော သတင်းကောင်းကို သင်တို့ ပထမဆုံးအကြိမ် ကြားနာရသောအခါ ထိုမျှော်လင့်ရာအကြောင်းကို သင်တို့ ကြားသိခဲ့ရ၏။
ဤသို့ကြိုးပမ်းရခြင်းသည် သူတို့စိတ်ခွန်အား ရရှိ၍ အချင်းချင်း ချစ်ခင်စည်းလုံးလာကြရန် ဖြစ်၏။ သို့မှသာ သူတို့သည် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာဖြစ်သည့် ခရစ်တော်ကို သိရှိနားလည်ကြောင်း စိတ်ချမှုအပြည့် ရှိနိုင်မည် ဖြစ်၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်အရပ်ရပ်၌ နေထိုင်ကြသော ညီအစ်ကိုမောင်နှမတို့ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကိုမောင်နှမတို့… ထိုထက်မက ပို၍ချစ်ကြရန် ကျွန်ုပ်တို့သည် သင်တို့ကို တိုက်တွန်း၏။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
ကျွန်ုပ်တို့၏ မူလခံယူချက်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သက်ဆိုင်သူများဖြစ်ကြ၏။
သို့သော် ခရစ်တော်သည် သားတော်တစ်ပါးအဖြစ် ဘုရားသခင်၏ အိမ်တော်ကို အုပ်စိုးရာတွင် သစ္စာရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်ချယုံကြည်မှုနှင့်ဂုဏ်ယူဝင့်ကြွားစရာ မျှော်လင့်ခြင်းကို ခိုင်မြဲစွာစွဲကိုင်ထားလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အိမ်တော်ဖြစ်ကြ၏။
ကိုယ်တော်ကို သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးတော်မူသော ဘုရားသခင်ကို သင်တို့သည် ခရစ်တော်အားဖြင့်ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်ကို ယုံကြည်၍ မျှော်လင့်ကြ၏။
ထို့ကြောင့် ညီအစ်ကိုမောင်နှမတို့… သင်တို့သည် ဘုရားသခင် ရွေးချယ်ခေါ်ယူတော်မူသည့်သူများဖြစ်ကြောင်း သက်သေပြနိုင်ရန် ပို၍ ကြိုးစားအားထုတ်ကြလော့။ ဤသို့ ပြုလျှင် သင်တို့သည် ယုံကြည်ခြင်းကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။
ကျွန်ုပ်တို့သည် အချင်းချင်းချစ်သောကြောင့် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းသည်ကို ကျွန်ုပ်တို့သိကြ၏။ မိမိညီအစ်ကိုကို မချစ်သောသူသည် သေခြင်း၌ပင် ရှိနေသေး၏။
ဤနည်းဖြင့် ကျွန်ုပ်တို့သည် သမ္မာတရားနှင့် သက်ဆိုင်သောသူဖြစ်ကြောင်းကို သိရ၍ ဘုရားသခင်ရှေ့တော်၌ စိတ်ချယုံကြည်မှုရှိကြမည်ဖြစ်၏။
ငါသည် ငါ့ခမည်းတော်ထံမှ အခွင့်အာဏာကို ရရှိထားသည်ဖြစ်၍ ငါ၏ပညတ်တို့ကို အဆုံးတိုင်အောင် နာခံလျက် အောင်မြင်သောသူအား လူမျိုးအပေါင်းတို့အပေါ် အုပ်စိုးရသောအခွင့်ကို ငါပေးမည်။ သူသည် သံလှံတံဖြင့် ထိုသူတို့ကို အုပ်စိုး၍ မြေအိုးကို အပိုင်းပိုင်းခွဲသကဲ့သို့ ရိုက်ခွဲလိမ့်မည်။