ဟေဗြဲ 6:11 - Common Language Bible11 သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 သင် တို့ အ သီး အ သီး သည် ဆုံး ခန်း တိုင် စုံ လင် သော မျှော် လင့် ခွင့် ရ အံ့ သော ငှာ ထို မျှ လောက် အား ကြီး သော စိတ် ကို ပြ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible11-12 သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း11 သင်တို့တစ်ဦးစီသည် မျှော်လင့်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝရှိကြရန် ထိုသို့သောစိတ်အားထက်သန်မှုကို အဆုံးတိုင်အောင်ပြမည့်အကြောင်း ငါတို့အလိုရှိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 သင်တို့တစ်ဦးစီတိုင်းသည် အဆုံးတိုင်အောင် စိတ်အားထက်သန်မှုကို ယခုအတိုင်း ပြသနိုင်ရန် ကျွန်ုပ်တို့အလိုရှိ၏။ သို့မှသာ သင်တို့မျှော်လင့်သည့်အရာကို အသေအချာ ရရှိနိုင်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်တို့သည်မိမိတို့၏ယုံကြည် ခြင်းကို အုတ်မြစ်ကဲ့သို့ခိုင်မာစေရန်ဆက် လက်ထိန်းသိမ်းရကြမည်။ သင်တို့သည်သတင်း ကောင်းကိုကြားသိရစဉ်အခါကရရှိခဲ့ သောမျှော်လင့်ခြင်းမှမယိမ်းမယိုင်စေနှင့်။ ကမ္ဘာအနှံ့အပြားသို့ရောက်ရှိပြီးဖြစ်သော ထိုသတင်းကောင်းအတွက်အစေခံကား ငါပေါလုပင်ဖြစ်သည်။
သမ္မာတရားတည်းဟူသောသတင်းကောင်းကို သင်တို့ပထမဆုံးအကြိမ်ကြားနာရသော အခါ မျှော်လင့်ရာအကြောင်းကိုသင်တို့ကြား သိရကြ၏။ သို့ဖြစ်၍သင်တို့၏ယုံကြည်ခြင်း နှင့်ချစ်ခြင်းသည်ကောင်းကင်ဘုံ၌ သင်တို့အဖို့ လုံခြုံစွာလျာထားသည့်မျှော်လင့်ရာအပေါ် တွင်မူတည်လျက်နေ၏။-
ယင်းသို့ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာသင် တို့အပေါင်းသည်အားတက်လျက် အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ချစ်ခင်လာစေရန် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့်သင်တို့သည် စစ်မှန်စွာသိရှိနားလည်ခြင်းအားဖြင့် စိတ် ချမှုကိုကြွယ်ဝပြည့်စုံစွာရရှိကြလိမ့် မည်။ ဤနည်းအားဖြင့်သင်တို့သည်ခရစ် တော်တည်းဟူသောဘုရားသခင်၏နက်နဲ ရာကိုသိရှိကြလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-
သူတို့သည်ယင်းသို့ထောက်လှမ်းပြီးနောက် ယောရှုထံသို့ပြန်လာပြီးလျှင်``အာဣမြို့ ကိုအကျွန်ုပ်တို့အားလုံးချီတက်တိုက်ခိုက် ရန်မလိုပါ။ လူနှစ်ထောင်သုံးထောင်ခန့်စေ လွှတ်လျှင်လုံလောက်ပါ၏။ စစ်တပ်တစ်တပ် လုံးစေလွှတ်ရန်မလိုအပ်ပါ။ ထိုမြို့သည် မြို့ကြီးမဟုတ်ပါ'' ဟူ၍ပြန်ကြားကြ လေသည်။-
သို့ဖြစ်၍ချစ်ဆွေတို့၊ သင်တို့သည်ထိုနေ့ရက် ကိုစောင့်မျှော်လျက်နေကြစဉ် ဘုရားသခင် ၏ရှေ့တော်၌စိတ်နှလုံးဖြူစင်သန့်ရှင်း အပြစ်ကင်းစေရန်လည်းကောင်း၊ ကိုယ်တော် နှင့်ငြိမ်းချမ်းမှုရရှိ၍နှစ်သက်လက်ခံဖွယ် ဖြစ်စေရန်လည်းကောင်း အစွမ်းကုန်ကြိုးစား အားထုတ်ကြလော့။-
အောင်မြင်၍ငါလိုလားသည့်အကျင့်ကို အဆုံးတိုင်အောင် ကျင့်သောသူတို့အား ခမည်းတော်ထံမှငါရရှိသည့်အခွင့် အာဏာကိုငါပေးမည်။ ယင်းအခွင့်အာဏာ မှာလူမျိုးတကာတို့ကိုသံလှံတံဖြင့် အုပ်စိုး၍ မြေအိုးများကိုသံတုတ်ဖြင့် အစိတ်စိတ်အမြွှာမြွှာရိုက်ခွဲသကဲ့သို့ သူတို့အားချေမှုန်းပိုင်ခွင့်ဖြစ်သည်။ မိုး သောက်ကြယ်ကိုလည်းသူတို့အားငါ ပေးမည်။