ဟေဗြဲ 6:12 - Common Language Bible12 အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ပျင်း ရိ ခြင်း မ ရှိ ဘဲ ယုံ ကြည် ခြင်း၊ စိတ် ရှည် ခြင်း ကြောင့် က တိ တော် အ တိုင်း အ မွေ ခံ ရ သူ တို့ ပုံ စံ ကို လိုက် သူ များ ဖြစ် စေ လို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ဤသည်ကား သင်တို့သည် ပျင်းရိခြင်းမရှိဘဲ ယုံကြည်ခြင်းနှင့်စိတ်ရှည်ခြင်းတို့အားဖြင့် ကတိတော်ကိုအမွေဆက်ခံသောသူတို့အား အတုယူသူများဖြစ်ကြမည့်အကြောင်းတည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ဤသို့ဖြင့် သင်တို့သည် ပျင်းရိသောသူများမဖြစ်ဘဲ ကတိထားတော်မူသောအရာကို ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ရရှိသောသူတို့အား အတုယူရန်ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
ထို့ကြောင့်ငါတို့ကိုယ်တိုင်ပင်လျှင်သင်တို့ အကြောင်းကိုဘုရားသခင်၏အသင်းတော် များတွင်ဂုဏ်ယူပြောဆိုကြ၏။ သင်တို့သည် ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခများကို ခံရသော်လည်းကြံ့ခိုင်လျက်၊ ယုံကြည်ခြင်း ခိုင်မြဲလျက်ရှိသည်ကိုထောက်၍ငါတို့ ဂုဏ်ယူပြောဆိုကြ၏။
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-