ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
ဟေဗြဲ 6:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မဖြောင့်မတ်သောအရှင် မဟုတ်။ ဘုရားသခင်သည် သင်တို့ပြုသောအမှုကိုလည်းကောင်း၊ ယုံကြည်သူတို့ကို ယခင်က အစေခံသကဲ့သို့ ယခုဆက်လက် အစေခံရာတွင် ထားသောသင်တို့၏ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အသိအမှတ်မပြုဘဲ နေတော်မူမည်မဟုတ်။ Common Language Bible ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။- Garrad Bible သီး သန့် ထား တော် မူ သူ တို့ အား ပြု ပြီး ပြု ဆဲ လုပ် ကျွေး မှု၌ နာ မ တော် ကို ထောက်၍ သင် တို့ ပြ သော မေ တ္တာ ကျေး ဇူး နှင့် ကိုယ် ကျင့် များ ကို မေ့ လျော့ ရန် ဘု ရား သ ခင် သည် ဖြောင့် မတ် ခြင်း ကင်း တော် မူ သည် မ ဟုတ်။ Judson Bible အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်က လုပ်ကျွေးသည်သာမက၊ ယခုပင် လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကို ပြုတော်မူသည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။ |
ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
ထိုသူတို့က ‘ကျွန်ုပ်တို့အား ငှားမည့်သူမရှိသောကြောင့် ဖြစ်ပါသည်’ ဟု ဖြေကြ၏။ မြေရှင်က ထိုသူတို့အား ‘သင်တို့သည်လည်း ငါ့စပျစ်ခြံသို့သွား၍ အလုပ်လုပ်ကြ’ ဟု ဆို၏။
ထိုနည်းတူပင် ငွေနှစ်ပိဿာ ရသောသူသည်လည်း အရောင်းအဝယ်ပြုသဖြင့် နောက်ထပ် နှစ်ပိဿာကို အမြတ်ရ၏။
သင်တို့သည် ခရစ်တော်၏တပည့်ဖြစ်သည်ကို ထောက်၍ သင်တို့အား ရေတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏။
သင်တို့အား ငါအမှန်ဆို၏။ ငါ၏ အစေလွှတ်ခံကို လက်ခံကြိုဆိုသောသူသည် ငါ့ကို လက်ခံကြိုဆို၏။ ငါ့ကို လက်ခံကြိုဆိုသောသူသည်လည်း ငါ့ကို စေလွှတ်သော ခမည်းတော်ကို လက်ခံကြိုဆို၏” ဟု မိန့်တော်မူ၏။
‘ကော်နေလိ… သင့်ဆုတောင်းသံကို ဘုရားသခင်ကြား၍ သင့်အလှူအတန်းတို့ကိုလည်း အသိမှတ်ပြုတော်မူပြီ။
ကော်နေလိသည် ကြောက်ရွံ့သဖြင့် ကောင်းကင်တမန်အား သေချာစွာကြည့်လျက် “မိန့်တော်မူပါအရှင်” ဟု လျှောက်လေ၏။ ကောင်းကင်တမန်က “သင့်ဆုတောင်းသံနှင့် အလှူအတန်းတို့ကို ဘုရားသခင်အသိအမှတ်ပြုတော်မူပြီ။
တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။
ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် လွတ်လပ်ခွင့်ရရန်အတွက် ခေါ်တော်မူခြင်းခံရသူများ ဖြစ်၏။ သို့သော် သင်တို့၏ လွတ်လပ်ခွင့်ကို မိမိဗီဇစိတ်အလိုသို့ လိုက်ရန်အတွက် အခွင့်အရေးအဖြစ်အသုံးမပြုဘဲ မေတ္တာဖြင့် အချင်းချင်းအစေခံခြင်းအတွက် အသုံးပြုကြလော့။
အဘယ်ကြောင့်ဆိုသော် ယေရှုခရစ်တော်ကို ယုံကြည်လျှင် အရေပြားလှီးခြင်းမင်္ဂလာကို ခံယူပြီးသည်ဖြစ်စေ၊ မခံယူဘဲနေသည်ဖြစ်စေ အရေးမကြီးသောကြောင့်ဖြစ်၏။ အရေးကြီးသည့်အချက်မှာ ကျွန်ုပ်တို့သည် ခရစ်တော်ကို ယုံကြည်ခြင်းဖြစ်ပြီး သူတစ်ပါးအပေါ် မေတ္တာထားခြင်းဖြင့် ထိုသို့ယုံကြည်ကြောင်း ပေါ်လွင်ရန် ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အခွင့်သာတိုင်း လူအပေါင်းတို့အပေါ်၊ အထူးသဖြင့် ယုံကြည်သူမိသားစုတို့အပေါ် ကောင်းမှုပြုကြစို့။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
ထိုသူတို့ကို ကောင်းမှုပြုရန်၊ ကောင်းသောအကျင့်များကြွယ်ဝရန်၊ မျှဝေလိုစိတ်ရှိ၍ ရက်ရောစွာ ပေးရန် ညွှန်ကြားလော့။
ယခုမှစ၍ ဖြောင့်မတ်ခြင်းဆုသရဖူသည် ကျွန်ုပ်အတွက် အသင့်ရှိနေ၏။ ဖြောင့်မတ်စွာ တရားစီရင်သူဖြစ်တော်မူသည့် သခင်ဘုရား ပြန်လည်ကြွလာမည့်နေ့တွင် ထိုဆုသရဖူကို ကျွန်ုပ်အား ပေးတော်မူလိမ့်မည်။ ကျွန်ုပ်တစ်ဦးတည်းသာမက ကိုယ်တော်၏ပြန်လည်ကြွလာခြင်းကို တောင့်တသူအားလုံးတို့အားလည်း ပေးတော်မူလိမ့်မည်။
သင်တို့သည် အလင်းသို့ ရောက်ပြီးနောက် ပြင်းထန်သောဆင်းရဲဒုက္ခများကို ခံစားခဲ့ကြရသော်လည်း ကြံကြံ့ခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
ကောင်းမှုပြုရန်နှင့် သူတစ်ပါးကို ကူညီရန် မမေ့လျော့နှင့်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောယဇ်ပူဇော်ခြင်းကို ဘုရားသခင်နှစ်သက်တော်မူသောကြောင့် ဖြစ်၏။
သို့သော် ကျွန်ုပ်တို့သည် မိမိတို့၏အပြစ်များကို ဖွင့်ဟဝန်ခံပါက ကိုယ်တော်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်သောအရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အပြစ်များမှ ဖြေလွှတ်ကာ မတရားမှုအားလုံးမှ စင်ကြယ်စေတော်မူလိမ့်မည်။