သို့ရာတွင် အစေခံသည် ဆိုးသွမ်း၍ ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်ပြီး
ဟေဗြဲ 4:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။ Common Language Bible ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။- Garrad Bible ထို ကြောင့် ငြိမ် ဝပ် ရာ ချမ်း သာ တော် ကို ဝင် စား မည့် က တိ တော် ရှိ သေး စဉ် တစ် ဦး တစ် ယောက် မျှ မ မီ သည့် လ က္ခ ဏာ မ ရှိ စေ ရန် စိုး ရိမ် ကြ ကုန် အံ့။ Judson Bible ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။ |
သို့ရာတွင် အစေခံသည် ဆိုးသွမ်း၍ ‘ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်’ ဟု စိတ်တွင်ထင်မှတ်ပြီး
ထို့ကြောင့် သင်တို့၏အပြစ်များကို ဘုရားသခင် ဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် ဘုရားသခင်၏ ဘုန်းကြီးသောစံနှုန်းကို မမီနိုင်ကြ။
ထို့ကြောင့် မိမိကိုယ်ကိုယ် ခိုင်ခံ့စွာ ရပ်နေသည်ဟု ထင်လျှင် မလဲကျစေရန် သတိပြုပါ။
ဘုရားသခင်၏ လုပ်ဖော်ကိုင်ဖက်များအနေဖြင့် သင်တို့အား ကျွန်ုပ်တို့တိုက်တွန်းနှိုးဆော်လိုသည်မှာ “သင်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရရှိသူများဖြစ်ကြသည်နှင့်အညီ ထိုကျေးဇူးတော်ကို အချည်းနှီးမဖြစ်စေကြနှင့်” ဟူ၍ဖြစ်၏။
ပညတ်တရားကို လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံလိုသော သင်တို့သည် ခရစ်တော်နှင့် အဆက်ပြတ်၍ ဘုရားသခင်၏ ကျေးဇူးတော်လက်အောက်တွင် မရှိကြတော့ပေ။
ကျွန်ုပ်တို့ သစ္စာမရှိလျှင်ပင် ကိုယ်တော်သည် မိမိကိုယ်မိမိ မငြင်းပယ်နိုင်သောကြောင့် သစ္စာစောင့်တော်မူလိမ့်မည်။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြောခဲ့သော သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏ အသက်ရှင်နေထိုင်ပုံမှ ရရှိသော အကျိုးရလဒ်ကို ဆင်ခြင်၍ သူတို့၏ ယုံကြည်ခြင်းကို အတုယူကြလော့။
ထို့ကြောင့် ငါသည် စိတ်ဆိုး၍ ‘သူတို့သည် ငါ၏စံမြန်းနားခိုရာသို့ မည်သည့်အခါမျှ ဝင်ကြရမည်မဟုတ်’ ဟု ကျိန်ဆိုသည်” ဟူ၍ဖြစ်၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုစံမြန်းနားခိုရာနေရာသို့ ဝင်ရန် ကြိုးစားကြစို့။ ထိုသို့မဟုတ်လျှင် တစ်ချိန်က အစ္စရေးလူမျိုးတို့သည် မနာခံသောကြောင့် ထိုစံမြန်းနားခိုရာနေရာသို့ မဝင်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝင်နိုင်ကြမည် မဟုတ်။
သို့ဖြစ်၍ သတ္တမနေ့၌ ဘုရားသခင်အနားယူတော်မူသကဲ့သို့ ဘုရားသခင်၏ လူမျိုးတော်အတွက် စံမြန်းနားခိုရာ ရှိသေး၏။