Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 4:11 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို့ကြောင့် ကျွန်ုပ်တို့​သည် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ ဝင်​ရန် ကြိုးစား​ကြစို့။ ထိုသို့​မဟုတ်​လျှင် တစ်ချိန်​က အစ္စရေးလူမျိုးတို့​သည် မနာခံ​သောကြောင့် ထို​စံမြန်း​နားခိုရာ​နေရာ​သို့ မဝင်နိုင်ကြ​သကဲ့သို့ ကျွန်ုပ်တို့​သည်လည်း ဝင်နိုင်ကြမည် မဟုတ်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ဖြစ်​၍​မ​ယုံ​ကြည်​သ​ဖြင့်​ငြိမ်​ဝပ်​ရာ​ချမ်း သာ​ကို​မ​ရ​ရှိ​သော​သူ​တို့​ကဲ့​သို့ မည်​သူ​မျှ မ​ဖြစ်​စေ​ဘဲ​ငြိမ်​ဝပ်​ရာ​ချမ်း​သာ​ကို​ရ​ရှိ နိုင်​ရန်​ငါ​တို့​သည်​အ​စွမ်း​ကုန်​ကြိုး​စား ကြ​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ထို ကြောင့် ဆို ခဲ့ သော မ လိုက် နာ ခြင်း ပုံ စံ အ တိုင်း တစ် ယောက် ယောက် က ပြို လဲ မည် စိုး၍ ထို ငြိမ် ဝပ် ရာ ချမ်း သာ ကို ဝင် စား ခြင်း ငှာ လုံ့ လ ထုတ် ကြ ကုန် အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​ကြောင့်၊ ဣ​သ​ရေ​လ​လူ​တို့​သည် မ​ယုံ​ကြည်​သော စိတ်​ရှိ​သ​ဖြင့် လဲ​သ​ကဲ့​သို့ ငါ​တို့​သည်​မ​လဲ၊ ထို​ချမ်း​သာ​ထဲ​သို့ ဝင်​ရ​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ကြောင့် သူ​တို့​၏​မ​နာခံ​မှု​ပုံစံ​ကို​လိုက်​၍ ပြိုလဲ​မည့်သူ​တစ်စုံတစ်ဦး​မျှ​မ​ရှိ​ဘဲ ထို​ငြိမ်ဝပ်​ရာ​ချမ်းသာ​ထဲသို့ ဝင်​နိုင်​မည့်အကြောင်း ငါ​တို့​ကြိုးစား​အားထုတ်​ကြ​ကုန်​စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 4:11
22 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် သူ​၏​စံမြန်း​နားခိုရာ​ထဲသို့ မဝင်ရ​ဟု မည်သူ့ကို ကျိန်ဆိုခဲ့​သနည်း။ သူတို့သည် မနာခံ ငြင်းဆန်သူများ မဟုတ်လော။


ယေရှု​က “ကျဉ်းမြောင်းသော​တံခါး​ကို ဝင်​နိုင်ရန် ကြိုးစားအားထုတ်ကြလော့။ သင်တို့​အား ငါ​ပြောဆိုသည်​မှာ များစွာသော​လူတို့​သည် ဝင်​နိုင်ရန် ကြိုးပမ်းကြ​သော်လည်း မတတ်နိုင်ကြပေ။


သင်တို့​တစ်ဦးစီ​တိုင်း​သည် အဆုံး​တိုင်အောင် စိတ်အားထက်သန်မှု​ကို ယခု​အတိုင်း ပြသနိုင်​ရန် ကျွန်ုပ်တို့​အလို​ရှိ၏။ သို့မှသာ သင်တို့​မျှော်လင့်သည့်​အရာ​ကို အသေအချာ ရရှိ​နိုင်​လိမ့်မည်။


အချည်းနှီးသော စကားများ​ဖြင့် မည်သူမျှ သင်တို့​ကို မလှည့်ဖြားစေနှင့်။ ထိုသို့သော အပြစ်များ​ကြောင့် မနာခံသော​သူတို့​အပေါ် ဘုရားသခင်​၏ အမျက်တော် ကျရောက်၏။


ညီအစ်ကို​မောင်နှမတို့… သင်တို့​၏ စိတ်နှလုံး​သည် ညစ်ညူး​၍ ယုံကြည်​ရန် ငြင်းဆန်​ကာ အသက်ရှင်သော ဘုရားသခင်​ထံမှ ထွက်မသွား​စေရန် သတိပြုကြလော့။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


ထို့ကြောင့် ချစ်ရသော​သူတို့… သင်တို့​သည် ကျွန်ုပ်​သင်တို့​နှင့်အတူ ရှိသော​အချိန်​၌​သာမက အထူး​သဖြင့် ယခု​ကျွန်ုပ်​မရှိသော​အချိန်​၌လည်း ဘုရားသခင်​ကို အမြဲတစေ နာခံခဲ့ကြ၏။ ထို​နည်းတူ ကြောက်ရွံ့​ရိုသေသော​စိတ်​ဖြင့် မိမိတို့​သည် ကယ်တင်​ခံရပြီးသော​သူများ​ဖြစ်ကြောင်း ပေါ်လွင်​စေရန် ကြိုးစား​အားထုတ်ကြလော့။


တစ်ချိန်​က ကျွန်ုပ်တို့​သည်လည်း မိုက်မဲသူ၊ မနာခံသူ၊ လမ်းလွဲသူ၊ အမျိုးမျိုးသော တပ်မက်ခြင်း​နှင့် အပျော်အပါး​လိုက်စားခြင်းတို့​၌ ကျွန်ခံသူ၊ ဆိုးညစ်သော​စိတ်​နှင့် မနာလိုသော​စိတ်တို့​ဖြင့် နေထိုင်သူ၊ သူတစ်ပါး မုန်းတီးခြင်း​ကို ခံရသူ၊ အချင်းချင်း​မုန်းတီးသူ​တို့ ဖြစ်ခဲ့ကြ၏။


ထိုသို့သော​အကျင့်များ​ကြောင့် ဘုရားသခင်​၏​အမျက်တော်​သည် မနာခံသော​သူတို့​အပေါ် သက်ရောက်၏။


ထို့ကြောင့် အရှင်​အဂြိပ္ပမင်းကြီး… အကျွန်ုပ်​သည် ကောင်းကင်​မှ ရသော​ထို​ရူပါရုံ​ကို မနာခံဘဲ​မနေပါ။


မောရှေ​၏​ပညတ်ကျမ်း​နှင့် ပရောဖက်ကျမ်းများ​ကို နှစ်ခြင်းဆရာ​ယောဟန် မပေါ်မီ​တိုင်အောင် သွန်သင်​လျက်​ရှိ၏။ သို့သော် ယောဟန်​အချိန်​မှ​စ၍ ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​ဆိုင်သော​သတင်းကောင်း​ကို ဟောပြောကြ၏။ လူတို့​သည်လည်း ထို​နိုင်ငံတော်​သို့ အတင်း​တိုးဝင်ကြ၏။


နှစ်ခြင်းဆရာ​ယောဟန် စတင်​ဟောပြောချိန်​မှ​စ၍ ယခု​တိုင်အောင် ကောင်းကင်​နိုင်ငံတော်​သည် အတင်း​တိုးဝင်ခြင်း​ခံရ၏။ ထို​အတင်း​တိုးဝင်ကြသော​သူတို့​က နိုင်ငံတော်​ကို လုယူ​သိမ်းပိုက်ကြ၏။


ကျဉ်းမြောင်းသော​တံခါး​ဖြင့်သာ ဘုရားသခင်​၏​နိုင်ငံတော်​သို့ ဝင်ကြလော့။ ငရဲ​သို့ သွားသော တံခါး​နှင့်​လမ်း​သည် ကျယ်ဝန်း​သဖြင့် ဝင်သော​သူ များကြ၏။


ထိုသို့ သင်တို့​သည် ဘုရားသခင်​ကို မနာခံသော​သူတို့​ထဲ၌ သက်ဝင်လှုပ်ရှား​လျက်​ရှိသော ဝိညာဉ် ဖြစ်သည့် အာကာသ​ဆိုင်ရာ တန်ခိုးများ​ကို ကြီးစိုးသော​မင်း​ကို နာခံ​၍ လောကီသားများ​၏​လမ်းစဉ်​အတိုင်း အပြစ်ပြု​လျက် နေထိုင်ကြ၏။


ပုပ်သိုး​ပျက်စီးတတ်သော​အစားအစာများ​အတွက် မကြိုးပမ်းကြနှင့်။ လူသား​ပေးတော်မူမည့် ထာဝရ​အသက်​အတွက်သာ ကြိုးပမ်းကြလော့။ အဘယ်ကြောင့်ဆိုသော် လူသား​သည် ခမည်းတော်​ဘုရားသခင်​၏ တံဆိပ်​ခတ်နှိပ်ခြင်း​ကို ခံရသောသူ​ဖြစ်​သောကြောင့်​ပင်” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သတင်းကောင်း​ကို ရှေးဦးစွာ ကြား​သော်လည်း မယုံကြည်​သောကြောင့် ဘုရားသခင်​၏​စံမြန်းနားခိုရာ​သို့ ဝင်ခွင့်​မရကြ။ သို့သော် အခြား​သူတို့​မှာမူ ဝင်ခွင့်​ရှိသေး၏။


ထို့နောက် သောဒုံ​နှင့် ဂေါမောရမြို့​တို့​ကို ပြာကျသည့်​တိုင် မီးရှို့​လျက် ပြစ်ဒဏ်​စီရင်တော်မူ​၍ ဘုရားတရားမဲ့သော​သူတို့​ထံ ကျရောက်မည့်​ဘေး​၏ နမူနာ​အဖြစ် ဖော်ပြတော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ