ငါသည် ဆာလောင်မွတ်သိပ်သောအခါ သင်တို့သည် ငါ့ကို စားစရာပေးကြ၏။ ရေငတ်သောအခါ ငါ့ကို သောက်စရာရေ ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ ငါ့ကို သင်တို့အိမ်သို့ ကြိုဆိုလက်ခံကြ၏။
ဟေဗြဲ 13:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မမေ့လျော့နှင့်။ ထိုသို့ပြုသောသူ တချို့သည် မသိမှတ်ဘဲ ကောင်းကင်တမန်များကိုပင် ဧည့်ခံခဲ့ကြပြီ။ Common Language Bible ဧည့်သည်ဝတ်ကိုပြုရန်မမေ့ကြနှင့်။ ယင်း သို့ဧည့်ဝတ်ကိုပြုသောသူအချို့တို့သည် ကောင်းကင်တမန်များကိုအမှတ်မထင် ဧည့်ခံခဲ့ကြပေသည်။- Judson Bible အချို့သောသူတို့သည် ဧည့်သည်ဝတ်ကို ပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ ဧည့်ခံကြပြီ။- မြန်မာ့စံမီသမ္မာကျမ်း ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။ |
ငါသည် ဆာလောင်မွတ်သိပ်သောအခါ သင်တို့သည် ငါ့ကို စားစရာပေးကြ၏။ ရေငတ်သောအခါ ငါ့ကို သောက်စရာရေ ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ ငါ့ကို သင်တို့အိမ်သို့ ကြိုဆိုလက်ခံကြ၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ငါသည် ဧည့်သည် ဖြစ်သောအခါ ငါ့ကို သင်တို့အိမ်သို့ ကြိုဆိုလက်မခံကြ။ ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို မပေးကြ။ ငါသည် ဖျားနာသောအခါ၌လည်းကောင်း၊ ထောင်ကျသောအခါ၌လည်းကောင်း သင်တို့သည် ငါ့ကို မကြည့်ရှုကြ’ ဟု မိန့်တော်မူလိမ့်မည်။
သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။
ယုံကြည်သူများ အကူအညီ လိုအပ်သောအခါ ကူညီရန် အသင့်ရှိကြလော့။ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုကြလော့။
ကျွန်ုပ်နှင့် အသင်းသားအပေါင်းတို့ကို ဧည့်ခံသော အိမ်ရှင်ဂါယုသည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ကျွန်ုပ်တို့၏ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
သင်းအုပ်သည် အပြစ်ဆိုဖွယ်မရှိသူ၊ မယားတစ်ယောက်တည်းရှိသူ၊ ကိုယ်ကျင့်တရားစောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။
သူသည် မိမိသားသမီးများကို ပြုစုပျိုးထောင်ခြင်း၊ ဧည့်ဝတ်ကို ကျေပွန်စွာ ပြုခြင်း၊ ယုံကြည်သူများ၏ခြေကို ဆေးခြင်း၊ ဆင်းရဲဒုက္ခကြုံတွေ့နေသူများကို ကူညီခြင်း၊ အမျိုးမျိုးသောကောင်းမှုများကို အားထုတ်လုပ်ဆောင်ခြင်း စသည့် ကောင်းမှုကုသိုလ်များကြောင့် နာမည်ကောင်းရသူဖြစ်ရမည်။
သူသည် ဧည့်ဝတ်ကျေသူ၊ ကောင်းမှုကို မြတ်နိုးသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ ဖြောင့်မတ်သူ၊ သန့်ရှင်းသူ၊ ဣန္ဒြေစောင့်သူ ဖြစ်ရမည်။
ချစ်ခင်ရသောသူ… သင်သည် သူစိမ်းဧည့်သည်ယုံကြည်သူများအပေါ်၌ပင် သင်ပြုရမည့်ဝတ်တို့ကို သစ္စာရှိစွာ ပြုတတ်၏။