Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၃ ယော 1:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ချစ်ခင်ရသောသူ… သင်​သည် သူစိမ်း​ဧည့်သည်​ယုံကြည်သူများ​အပေါ်​၌ပင် သင်​ပြုရမည့်​ဝတ်တို့​ကို သစ္စာရှိ​စွာ ပြုတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ချစ်​ဆွေ၊ သင်​သည်​မိ​မိ​မ​သိ​မ​ကျွမ်း​သူ​ညီ အစ်​ကို​များ​ကို​ပင်​လျှင် သင်​ပြု​ရ​မည့်​ဝတ်​ကို သစ္စာ​နှင့်​ဆောင်​ရွက်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 အ ချင်း ချစ် သူ၊ အာ ဂ န္တု ဖြစ် သော ညီ အစ် ကို တို့ အား သင် ပြု သ မျှ ဝတ် ကို သ စ္စာ နှင့် ဆောင် ရွက် သည့် အ တိုင်း သင့် ချစ် ခြင်း မေ တ္တာ အ ကြောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 အ​ချင်း​ချစ်​သူ၊ သင်​သည် ညီ​အစ်​ကို​တို့​အား​လည်း​ကောင်း၊ အာ​ဂ​န္တု​တို့​အား​လည်း​ကောင်း ပြု​သ​မျှ​သော​ဝတ်​တို့​ကို သ​စ္စာ​နှင့်​အ​ညီ ပြု​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ချစ်​ရ​သော​သူ၊ သင်​သည် ညီအစ်ကို​များ​အပေါ် အထူးသဖြင့် သူစိမ်း​ဧည့်သည်​များ​အပေါ် ပြု​သမျှ​သော​ဝတ်​ကို သစ္စာ​ရှိ​စွာ​ပြု​တတ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၃ ယော 1:5
13 ပူးပေါင်းရင်းမြစ်များ  

သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​အစေခံ​သည် မည်သူနည်း။ ထို​သူ​မှာ အိမ်သူအိမ်သားများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ ဖြစ်၏။


ငွေငါးပိဿာ​ကို ရသော​သူ​သည် ချက်ချင်း​သွား​၍ အရောင်းအဝယ်​ပြု​သဖြင့် နောက်ထပ် ငါးပိဿာ​ကို အမြတ်ရ၏။


ထိုအခါ သခင်ဘုရား​က “သစ္စာရှိ​၍ ပညာ​အလိမ္မာ​နှင့်​ပြည့်စုံသော​စီမံခန့်ခွဲသူ​သည် မည်သူနည်း။ ထို​သူ​သည် အစေခံများ​ကို အုပ်ချုပ်​ရန်​နှင့် အချိန်တန်​သောအခါ စားနပ်ရိက္ခာ​ကို ခွဲဝေ​စေရန် သခင်​ခန့်ထားသော​သူ​ဖြစ်၏။


အရေအတွက်​အားဖြင့် တစ်ရာ့နှစ်ဆယ်​ခန့်​ရှိသော ယုံကြည်သူများ​အလယ်​၌ ပေတရု​သည် ထ​၍


ယုံကြည်သူများ အကူအညီ လိုအပ်​သောအခါ ကူညီ​ရန် အသင့်ရှိကြလော့။ ဧည့်ဝတ်​ကို ကျေပွန်​စွာ ပြုကြလော့။


ထို့ကြောင့် ကျွန်ုပ်တို့​သည် အခွင့်သာ​တိုင်း လူအပေါင်းတို့​အပေါ်၊ အထူး​သဖြင့် ယုံကြည်သူ​မိသားစုတို့​အပေါ် ကောင်းမှု​ပြုကြစို့။


အပြောအဆို​အားဖြင့်​ဖြစ်စေ၊ အပြုအမူ​အားဖြင့်​ဖြစ်စေ ပြုလေသမျှတို့​တွင် သခင်​ယေရှု​၏ နာမတော်​ကို ထောက်​၍ ပြုကြလော့။ ထို​သခင်​ကို အကြောင်းပြု​၍ အဖ​ဘုရားသခင်​ကို ကျေးဇူးတင်ကြလော့။


သူစိမ်းတို့​အား ဧည့်ဝတ်​ပြု​ရန် မမေ့လျော့နှင့်။ ထိုသို့​ပြုသော​သူ တချို့​သည် မသိမှတ်ဘဲ ကောင်းကင်တမန်များ​ကိုပင် ဧည့်ခံခဲ့ကြပြီ။


ထို့ကြောင့် ကျွန်ုပ်​ရောက်လာ​သောအခါ သူ​ပြုသော​အမှုတို့​ကို ထုတ်ဖော်​ပြောဆိုမည်။ သူ​သည် ကျွန်ုပ်တို့​အကြောင်း​ကို ဆိုးညစ်သော​စကားများ​နှင့် မဟုတ်တမ်းတရမ်း​ပြောဆို၏။ ဤမျှ​နှင့် မကျေနပ်ဘဲ သူ​ကိုယ်တိုင်​ပင်လျှင် ယုံကြည်သူတို့​ကို လက်မခံ၊ လက်ခံလိုသောသူတို့​ကိုလည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်တတ်၏။


သင်​သည် သမ္မာတရား​၌ ကျင်လည်နေသည့်​အတိုင်း ယုံကြည်သူ​တချို့​သည် လာ​၍ သမ္မာတရား​အပေါ် သင်​သစ္စာရှိသည့်​အကြောင်း သက်သေခံကြ​သောအခါ ကျွန်ုပ်​အလွန်​ဝမ်းမြောက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ