ဟေဗြဲ 12:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “နောက်တစ်ဖန်” ဟူသော စကားမှာ ဖန်ဆင်းခံအရာအားလုံးသည် တုန်လှုပ်ပြီး ဖယ်ရှားခံရမည်ဖြစ်သောကြောင့် မတုန်လှုပ်နိုင်သော အရာများသာ ကျန်ရှိတော့မည်ဖြစ်ကြောင်းဆိုလို၏။ Common Language Bible ``နောက်တစ်ကြိမ်'' ဟူသောစကားသည်အဖန် ဆင်းခံအရာအပေါင်းတို့ကိုတုန်လှုပ်ပယ် ဖျက်တော်မူမည်ဖြစ်သဖြင့်မတုန်လှုပ်နိုင် သောအရာတို့သာလျှင်ကျန်ရစ်တည်ရှိ ကြလိမ့်မည်ဟုဆိုလိုသတည်း။ Garrad Bible နောက် တစ် ကြိမ် ဆို သည် မှာ လှုပ် ရှား မ ခံ ရ သော အ ရာ များ သည် ကျန် ကြွင်း စေ ရန် ဖန် ဆင်း ရာ များ တည်း ဟူ သော လှုပ် ရှား ခံ ရ သော အ ရာ များ ကို ဖယ် ရှား တော် မူ မည် ဟု ဆို လို သ တည်း။ Judson Bible တစ်ဖန် ဟူသောစကား၏အဓိပ္ပာယ်ကား၊ မလှုပ်သောအရာတို့ကို တည်စေခြင်းငှာ၊ လှုပ်သောအရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း “နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။ |
ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။
သို့သော် ဖန်ဆင်းခံလောကသည် သေခြင်းနှင့် ပုပ်သိုးဆွေးမြည့်ခြင်း၏အနှောင်အဖွဲ့မှ ကင်းလွတ်၍ ဘုရားသခင်၏ သားသမီးများနှင့်အတူ ဘုန်းအသရေနှင့် ပြည့်သော လွတ်လပ်ခွင့် ခံစားရမည့်နေ့ရက်ကို မျှော်လင့်လျက် နေ၏။
လောကီနှင့်ဆိုင်သောအရာများကို သုံးစွဲသောသူတို့သည် ထိုအရာများကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤလက်ရှိကမ္ဘာလောကပုံသဏ္ဌာန်သည် ကွယ်ပျောက်သွားတော့မည်ဖြစ်သောကြောင့်ပင်။
ထို့ပြင် ဘုရားသခင်သည် မိမိသားတော်အား “ထာဝရဘုရား… ကိုယ်တော်သည် အစအဦး၌ မြေကြီးကို တည်၍ ကိုယ်တော်၏ လက်တော်ဖြင့် ကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ကျွန်ုပ်တို့အတွက် တည်မြဲသောမြို့ မရှိသောကြောင့် ဖြစ်၏။ အနာဂတ်၌ ပေါ်ထွန်းမည့်မြို့ကိုသာ ကျွန်ုပ်တို့တောင့်တကြ၏။
ခရစ်တော်သည် ယခု ကျွန်ုပ်တို့ခံစားရသည့် ကောင်းကျိုးများနှင့်သက်ဆိုင်သော ယဇ်ပုရောဟိတ်မင်းအဖြစ် ကြွလာတော်မူပြီ။ ကိုယ်တော်သည် ဤကမ္ဘာလောကရှိ လူတို့လက်ဖြင့် ပြုလုပ်သော တဲတော်ထက် ပို၍ ကြီးမြတ်ပြည့်စုံသည့် ကောင်းကင်ဘုံရှိ တဲတော်သို့ ဝင်တော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။
ထို့နောက် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ကျွန်ုပ်မြင်ရ၏။ ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ကွယ်ပျောက်သွား၍ ပင်လယ်သည်လည်း မရှိတော့ပေ။
ကိုယ်တော်သည် သူတို့၏ မျက်လုံးမှ မျက်ရည်ရှိသမျှကို သုတ်တော်မူလိမ့်မည်။ သေခြင်း၊ ညည်းတွားခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းတို့သည် မရှိတော့ပေ။ ရှေးယခင်က ဖြစ်ခဲ့သောအရာတို့သည် ကွယ်ပျောက်ကြပြီ” ဟူ၍ ဖြစ်၏။
ရာဇပလ္လင်တော်ပေါ်၌ ထိုင်တော်မူသောအရှင်က “ငါသည် အရာအားလုံးကို အသစ်ဖြစ်စေ၏” ဟု မိန့်တော်မူပြီးနောက် “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်သောကြောင့် ရေးထားလော့” ဟူ၍လည်း မိန့်တော်မူ၏။