Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:31 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 လောကီ​နှင့်ဆိုင်သော​အရာများ​ကို သုံးစွဲသော​သူတို့​သည် ထို​အရာများ​ကို မတွယ်တာသင့်။ အဘယ်ကြောင့်ဆိုသော် ဤ​လက်ရှိ​ကမ္ဘာလောက​ပုံသဏ္ဌာန်​သည် ကွယ်ပျောက်​သွားတော့မည်​ဖြစ်​သောကြောင့်​ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 လော​က​ဥစ္စာ​ဘဏ္ဍာ​ကို​သုံး​သော​သူ​တို့​သည် မ​သုံး​သ​ကဲ့​သို့​နေ​အပ်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​ယ​ခု​လက်​ရှိ​ကမ္ဘာ​လော​က​ကြီး​သည် ကာ​လ​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​တော့​မည် မ​ဟုတ်​သော​ကြောင့်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ဤ​လော​က​ကို သုံး​သော​သူ​သည် မ​သုံး​သ​ကဲ့​သို့ ဖြစ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ဤ​လော​က၏​အ​ဆင်း​သ​ဏ္ဌာန်​သည် ရွေ့​သွား ကွယ်​ပျောက်​တတ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 လောက​အရာ​ကို​သုံးစွဲ​သော​သူ​တို့​သည်​လည်း ၎င်း​ကို​အပြည့်အဝ​မ​သုံးစွဲ​သကဲ့သို့ နေ​ကြ​ပါစေ။ အကြောင်းမူကား ဤ​လောက​၏​ပုံစံ​အဖြစ်သနစ်​သည် ရွေ့လျား​ကွယ်ပျောက်​သွား​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:31
26 ပူးပေါင်းရင်းမြစ်များ  

အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်​ဆိုလိုသည်​မှာ ကျန်ရှိသော​အချိန်​သည် အလွန်​တိုတောင်း၏။ ထို့ကြောင့် ယခု​မှစ၍ ဇနီး​ရှိသောသူတို့​သည် ဇနီး​မရှိသောသူ​ကဲ့သို့​လည်းကောင်း၊


ငိုကြွေးသော​သူတို့​သည် မငိုကြွေး​သကဲ့သို့​လည်းကောင်း၊ ဝမ်းမြောက်သော​သူတို့​သည် ဝမ်းမမြောက်​သကဲ့သို့​လည်းကောင်း၊ ဝယ်ယူသော​သူတို့​သည် ထို​ဥစ္စာပစ္စည်းများ​ကို မပိုင်ဆိုင်​သကဲ့သို့​လည်းကောင်း နေ​သင့်၏။


သို့ဖြစ်​လျှင် ကျွန်ုပ်​၏ ဆုလာဘ်​မှာ မည်သည့်​အရာ​ဖြစ်သနည်း။ ဤ​အရာ​မှာ အခကြေးငွေ​မယူဘဲ သတင်းကောင်း​ကို ဟောပြောခြင်း​ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်​သည် သတင်းကောင်း​ကို ဟောပြော​သောအခါ ကျွန်ုပ်​ရထိုက်သော​အခွင့်အရေး​ကို အပြည့်အဝ​မတောင်းဆိုဘဲ​နေခြင်း​ဖြစ်၏။


“နောက်တစ်ဖန်” ဟူသော စကား​မှာ ဖန်ဆင်းခံ​အရာ​အားလုံး​သည် တုန်လှုပ်ပြီး ဖယ်ရှား​ခံရမည်​ဖြစ်​သောကြောင့် မတုန်လှုပ်နိုင်သော အရာများ​သာ ကျန်ရှိတော့မည်​ဖြစ်ကြောင်း​ဆိုလို၏။


သင်တို့​သည် မနက်ဖြန်​တွင် မည်သို့​ဖြစ်မည်​ကိုပင် မသိကြ။ သင်တို့​၏ အသက်​သည် မည်သို့နည်း။ ခေတ္တ​မျှ ပေါ်လာ​ပြီးနောက် ပျောက်ကွယ်တတ်သော အခိုးအငွေ့​နှင့်​တူ၏။


ထို့ကြောင့် ကျမ်းစာ​၌ “လူ​အပေါင်းတို့​သည် မြက်ပင်​ကဲ့သို့​ဖြစ်​၍ သူတို့​၏​ဂုဏ်အသရေ​သည်လည်း မြက်ပွင့်​ကဲ့သို့ ဖြစ်၏။ မြက်ပင်​သည် ညှိုးနွမ်းခြောက်သွေ့​၍ အပွင့်​သည်လည်း ကြွေတတ်၏။


အရာ​အားလုံး​၏ နောက်ဆုံးချိန်​သည် နီးကပ်လာ​သောကြောင့် ဆုတောင်း​နိုင်ရန်​အတွက် မိမိတို့​စိတ်​ကို ချုပ်တည်း​လျက် သတိ​ရှိကြလော့။


လောက​နှင့် ထို​လောကီ​တပ်မက်ခြင်းများ​သည် ကွယ်ပျောက်သွား​လိမ့်မည်။ သို့သော် ဘုရားသခင်​၏ အလိုတော်​အတိုင်း ဆောင်ရွက်သောသူ​မှာမူ ထာဝရ​ရှင်သန်​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ