မိမိသခင်၏အလိုကို သိလျက် သခင်အလိုရှိသောအရာကို အသင့်မပြင်ဆင်သော အစေခံသည် ရိုက်နှက်ခြင်းကို ပြင်းစွာခံရလိမ့်မည်။
ဟေဗြဲ 10:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် သမ္မာတရားကို သိရှိပြီးနောက် တမင်တကာ ဆက်လက် အပြစ်ကျူးလွန်နေလျှင် ထိုအပြစ်အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။ Common Language Bible ငါတို့သည်သမ္မာတရားကိုသိရှိကြပြီးမှ တမင်သက်သက်ဆက်လက်အပြစ်ကူးနေ ကြမည်ဆိုပါမူ၊ ငါတို့၏အပြစ်များ အတွက်ပူဇော်ရန်ယဇ်ရှိတော့မည်မဟုတ်။- Garrad Bible အ သို့ ဆို သော် သ မ္မာ တ ရား တော် ကို သိ ကျွမ်း ရ ပြီး မှ ငါ တို့ တ မင် ပြစ် မှား လျှင် အ ပြစ် ဖြေ ရာ သ က္ကာ ကျန် တော့ သည် မ ဟုတ် ဘဲ၊ Judson Bible အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ |
မိမိသခင်၏အလိုကို သိလျက် သခင်အလိုရှိသောအရာကို အသင့်မပြင်ဆင်သော အစေခံသည် ရိုက်နှက်ခြင်းကို ပြင်းစွာခံရလိမ့်မည်။
ယေရှုက သူတို့အား “သင်တို့သည် မျက်မမြင်ဖြစ်ပါက အပြစ်မရှိ။ သို့သော် သင်တို့က ‘ငါတို့သည် မျက်စိမြင်သည်’ ဟု ဆိုသောကြောင့် သင်တို့တွင် အပြစ်ရှိနေသေးသည်” ဟု မိန့်တော်မူ၏။
ထို့နောက် ပျက်စီးတော့မည့်သူတို့ကို မတရားသော နည်းပရိယာယ်အမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ သူတို့ပျက်စီးတော့မည့် အကြောင်းအရင်းသည် ကယ်တင်ခံရရန် သမ္မာတရားကို နှစ်သက်လက်ခံခြင်း မရှိသောကြောင့်ဖြစ်၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူသားအားလုံး ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို သိရှိနားလည်စေလိုတော်မူသောကြောင့် ဖြစ်၏။
ထို့ကြောင့် ကောင်းမှုကို လုပ်ဆောင်သင့်ကြောင်း သိလျက်နှင့် မလုပ်ဆောင်ဘဲ နေလျှင် အပြစ်ရှိ၏။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။