Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:26 - Common Language Bible

26 ငါ​တို့​သည်​သမ္မာ​တ​ရား​ကို​သိ​ရှိ​ကြ​ပြီး​မှ တ​မင်​သက်​သက်​ဆက်​လက်​အ​ပြစ်​ကူး​နေ ကြ​မည်​ဆို​ပါ​မူ၊ ငါ​တို့​၏​အ​ပြစ်​များ အ​တွက်​ပူ​ဇော်​ရန်​ယဇ်​ရှိ​တော့​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 အ သို့ ဆို သော် သ မ္မာ တ ရား တော် ကို သိ ကျွမ်း ရ ပြီး မှ ငါ တို့ တ မင် ပြစ် မှား လျှင် အ ပြစ် ဖြေ ရာ သ က္ကာ ကျန် တော့ သည် မ ဟုတ် ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 အ​ကြောင်း​မူ​ကား၊ သ​မ္မာ​တ​ရား​ကို သိ​ပြီး​မှ ကိုယ်​အ​လို​သို့​လိုက်၍ ပြစ်​မှား​ပြန်​လျှင်၊ နောက်​တစ်​ဖန် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ရာ​အ​ခွင့် မ​ရှိ​ဘဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​နှင့်ဆိုင်သည့် စစ်မှန်​သော​အသိပညာ​ကို​ရရှိ​ပြီးမှ တမင်တကာ ဆက်၍​အပြစ်​ပြု​ကြ​လျှင် အပြစ်​ဖြေ​ရာ​ယဇ်​ဟူ၍ မ​ရှိ​တော့​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 ကျွန်ုပ်တို့​သည် သမ္မာတရား​ကို သိရှိ​ပြီးနောက် တမင်တကာ ဆက်လက် အပြစ်​ကျူးလွန်နေ​လျှင် ထို​အပြစ်​အတွက် အပြစ်ဖြေရာယဇ် မရှိတော့ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:26
20 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​မျက်​မ​မြင်​များ ဖြစ်​ပါ​မူ​အ​ပြစ်​ရှိ​ကြ​မည်​မ​ဟုတ်။ ယ​ခု​မူ ကား​သင်​တို့​က `ငါ​တို့​သည်​မျက်​စိ​မြင်​ပါ​သည်' ဟု​ဆို​ကြ​သ​ဖြင့် သင်​တို့​တွင်​အ​ပြစ်​ရှိ​လျက် နေ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။


``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။-


သို့​ဖြစ်​၍​ကောင်း​သော​အ​ကျင့်​ကို​သိ​လျက်​နှင့် မ​ပြု​မ​ကျင့်​ဘဲ​နေ​သော​သူ​သည်​အ​ပြစ်​ရှိ​၏။


ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက်​သည်​အ​သက် ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​မှ​လွဲ​၍ အ​ခြား​အ​ပြစ် တစ်​စုံ​တစ်​ရာ​ကို​ကူး​လွန်​ပါ​မူ​သူ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​လော့။ ကိုယ်​တော် သည်​သူ့​အား​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။ အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး​မည့်​အြုပစ်​ကို​မ​ကူး သူ​များ​အ​တွက်​သာ ဤ​သို့​ဆု​တောင်း​ပေး​ရန် ဖြစ်​သည်။ သို့​ရာ​တွင်​အ​သက်​ဝိ​ညာဉ်​ဆုံး​ရှုံး မည့်​အ​ပြစ်​ဟူ​၍​ရှိ​သည်။ ထို​အ​ပြစ်​မျိုး​ကို ကူး​သူ​အ​တွက်​ဆု​တောင်း​ရ​မည်​ဟု​ငါ​မ​ဆို။-


ထို​နောက်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​မည့်​သူ​တို့ အား​ယုတ်​မာ​သည့်​နည်း​အ​မျိုး​မျိုး​ဖြင့်​လှည့်​စား လိမ့်​မည်။ ထို​သူ​တို့​သည်​ကယ်​တင်​ခြင်း​ရ​နိုင်​ရန် သမ္မာ​တ​ရား​တော်​ကို​နှစ်​သက်​လက်​ခံ​မှု​မ​ရှိ ကြ​သော​ကြောင့်​ယင်း​သို့​သေ​ကြေ​ပျက်​စီး​ရ ပေ​တော့​အံ့။-


ဤ​သစ္စာ​စ​ကား​ကို​သင်​တို့​ယ​ခု သိ​ကြ​လေ ပြီ။ ယင်း​သို့​သိ​သည့်​အ​တိုင်း​ကျင့်​သုံး​ကြ​ပါ လျှင်​မင်္ဂ​လာ​ရှိ​ကြ​၏။


တာ​ဝန်​ကျ​တ​ရား​သူ​ကြီး​သို့​မ​ဟုတ်​ယဇ် ပု​ရော​ဟိတ်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို မ​နာ ခံ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ဣ​သ​ရေ​လ​လူ​မျိုး​မှ​ထို ဒု​စ​ရိုက်​ကို​ဖယ်​ရှား​နိုင်​လိမ့်​မည်။-


အ​ကယ်​၍​ဣ​သ​ရေ​လ​တစ်​မျိုး​သား​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​တစ်​ပါး​ပါး ကို အ​မှတ်​မ​ထင်​ချိုး​ဖောက်​မိ​သ​ဖြင့်​အ​ပြစ် ကူး​လွန်​ခဲ့​သည်​ရှိ​သော်၊-


လူ​အ​ချင်း​ချင်း​ပြစ်​မှား​သူ​တို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား​သော​သူ​ကို​မူ ကား​အ​ဘယ်​သူ​ကာ​ကွယ်​စောင့်​ရှောက်​နိုင်​ပါ မည်​နည်း'' ဟု​သား​တို့​အား​ပြော​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဖ​ခင်​၏​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​ကွပ်​မျက် ရန်​ဆုံး​ဖြတ်​ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။


လူ​အ​ပေါင်း​တို့​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​စေ ရန်​နှင့်​သမ္မာ​တ​ရား​တော်​ကို​သိ​ရှိ​နား​လည် လာ​ကြ​စေ​ရန်​ကိုယ်​တော်​အ​လို​ရှိ​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ