ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
ဟေဗြဲ 1:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှေးကာလ၌ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဘိုးဘေးများကို ပရောဖက်များမှတစ်ဆင့် အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိုးဖြင့် စကားပြောတော်မူ၏။ Common Language Bible အတိတ်ကာလ၌ဘုရားသခင်သည်ငါတို့ ဘိုးဘေးတို့အားအကြိမ်ပေါင်းများစွာ နည်း အမျိုးမျိုးဖြင့်ပရောဖက်များမှတစ်ဆင့် ဗျာဒိတ်ပေးတော်မူ၏။- Garrad Bible အ ထက် ကာ လ က ပ ရော ဖက် တို့ ဖြင့် ဘိုး ဘေး တို့ အား အ ထပ် ထပ် အ နည်း နည်း ဗျာ ဒိတ် ပေး တော် မူ ခဲ့ သော ဘု ရား သ ခင် သည်၊ Judson Bible ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံးကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။ |
ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘိုးဘေးများအပေါ် ကရုဏာပြတော်မူမည်ဖြစ်ကြောင်းနှင့် သူ၏သန့်ရှင်းသောပဋိညာဉ်ကို သတိရမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
ထို့နောက် ယေရှုသည် မောရှေ၏ကျမ်းများမှစ၍ ပရောဖက်ကျမ်းများထဲမှ မိမိနှင့်ပတ်သက်သောကျမ်းပိုဒ်များ၏အနက်အဓိပ္ပာယ်တို့ကိုရှင်းပြတော်မူ၏။
ထို့နောက် ယေရှုက “မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းများတွင် ငါ့အကြောင်းနှင့် ပတ်သက်၍ ရေးသားထားသမျှသောအရာအားလုံးသည် ဖြစ်ပျက်လာရမည်ဟူ၍ သင်တို့နှင့်အတူရှိစဉ်က ငါပြောဆိုပြီ” ဟု မိန့်တော်မူ၏။
သမ္မာတရားကို ဖော်ပြသည့်ဝိညာဉ်တော် ကြွလာတော်မူသောအခါ သင်တို့အား သမ္မာတရားအလုံးစုံကို သွန်သင်ပြသတော်မူလိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိအလိုအလျောက် ဟောပြောတော်မူမည်မဟုတ်။ မိမိကြားသိရသည့် အကြောင်းအရာတို့ကို သင်တို့အား ဟောပြောတော်မူလိမ့်မည်။ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကိုလည်း ဖော်ပြတော်မူလိမ့်မည်။
မောရှေသည် အရေပြားလှီးခြင်းဓလေ့ကို သင်တို့အား ပေးခဲ့သောကြောင့် သင်တို့သည်လည်း ဥပုသ်နေ့၌ အရေပြားလှီးခြင်းမင်္ဂလာကို လူတို့အား ပေးကြ၏။ အမှန်စင်စစ် ဤဓလေ့သည် မောရှေထံမှ မဟုတ်ဘဲ ဘိုးဘေးများထံမှလာ၏။
ဘုရားသခင်သည် မောရှေကို မိန့်မြွက်ပြောဆိုသည်ကို ငါတို့သိကြ၏။ ဤသူသည် အဘယ်ကလာသည်ကိုပင် ငါတို့မသိပါ” ဟု ကဲ့ရဲ့ရှုတ်ချလျက် ဆိုကြ၏။
ကျွန်ုပ်တို့သည် ဘိုးဘေးများအား ဘုရားသခင်ကတိပြုသော ထိုသတင်းကောင်းကို သင်တို့ထံ ယူဆောင်လာကြ၏။
သူသည် ပရောဖက်တစ်ပါးဖြစ်၍ ဘုရားသခင်သည် သူ၏မျိုးဆက်များထဲမှ တစ်ဦးကို သူ၏ရာဇပလ္လင်ပေါ်တွင် ထိုင်စေလိမ့်မည်ဟု သစ္စာနှင့် ကျိန်ဆိုတော်မူသည်ကို သိခဲ့ပြီးဖြစ်၏။
ထို့နောက် သူတို့သည် ပေါလုနှင့်တွေ့ဆုံရန် ရက်ချိန်းရွေးကြ၏။ ချိန်းသည့်နေ့ရောက်သော် သူတို့သည် လူပေါင်းများစွာနှင့်တကွ ပေါလုတည်းခိုရာနေရာသို့ရောက်လာကြ၏။ ပေါလုသည် နံနက်အချိန်မှ ညအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံလေ၏။ မောရှေ၏ပညတ်တရားနှင့် ပရောဖက်ကျမ်းများကိုလည်း ကိုးကား၍ ယေရှုအကြောင်းကို လက်ခံယုံကြည်လာရန် ကြိုးစားဟောပြောလေ၏။
ရှေးအခါကပင် သန့်ရှင်းသောပရောဖက်များအားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့် အရာခပ်သိမ်းတို့ကို ပြန်လည်အသစ်ပြုပြင်မည့်အချိန်အထိ ထိုအရှင်သည် ကောင်းကင်ဘုံတွင် ရှိတော်မူမည်။
ဤသားနှင့် စပ်လျဉ်း၍ ဘုရားသခင်သည် တစ်ချိန်က “သင်၏ အမျိုးအနွယ်ကို ဣဇာက်မှ ဆင်းသက်ပေါက်ပွားစေမည်” ဟု မိန့်တော်မူခဲ့၏။
ထိုသို့သောယုံကြည်ခြင်းမျိုး ရှိသဖြင့် ရှေးလူကြီးတို့သည် ဘုရားသခင်၏ ချီးကျူးတော်မူခြင်းကို ခံခဲ့ကြရ၏။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ကောင်းကင်တမန်များမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏ တရားတော်သည် စစ်မှန်သောကြောင့် ထိုတရားတော်ကို ချိုးဖောက်၍ မနာခံသူများသည် မိမိတို့နှင့် ထိုက်သင့်သော အပြစ်ဒဏ်ကို ခံကြရသည်မှန်လျှင်
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
မောရှေသည် အစေခံ တစ်ဦးအနေဖြင့် ဘုရားသခင်၏ အိမ်တော်တစ်ခုလုံးအပေါ် သစ္စာရှိပြီး အနာဂတ်တွင် ဘုရားသခင်ဟောပြောမည့်အရာအတွက် သက်သေတစ်ဦးဖြစ်၏။
အကယ်၍ ယောရှုသည် အစ္စရေးလူမျိုးတို့ကို နားခိုရာ ပေးပြီးသည်မှန်လျှင် ဘုရားသခင်သည် အခြားသော နေ့ရက်အကြောင်းကို မိန့်တော်မူမည် မဟုတ်။
ထိုနည်းတူ ခရစ်တော်သည် မိမိကိုယ်မိမိ ယဇ်ပုရောဟိတ်မင်းအဖြစ် ချီးမြှောက်သည်မဟုတ်။ ကိုယ်တော်အား “သင်သည် ငါ့သားဖြစ်၏။ ယနေ့ ငါသည် သင်၏အဖဖြစ်လာ၏” ဟု မိန့်တော်မူသောဘုရားသခင်က ခန့်အပ်တော်မူခြင်းဖြစ်၏။
မောရှေသည် လူအပေါင်းတို့အား ဘုရားသခင်၏ ပညတ်ချက်တစ်ခုစီတိုင်းကို ကြေညာပြီးလျှင် နွားသငယ်တို့၏ အသွေး၊ ဆိတ်သွေးကို ရေနှင့်ရောကာ ဟုဿုပ်ပင်၏ အညွန့်နှင့် နီသောသိုးမွေးကို အသုံးပြု၍ ကျမ်းစာလိပ်နှင့်တကွ လူအပေါင်းတို့ကို ဖျန်းလေ၏။