ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
လုကာ 8:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဘုရားသခင်၏တရားစကားကို ကြား၍ လိုက်နာဆောင်ရွက်သောသူသည် ငါ့မိခင်၊ ငါ့ညီများဖြစ်သည်” ဟု မိန့်တော်မူ၏။ Common Language Bible ထိုအခါကိုယ်တော်က ``ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကြား၍လိုက်လျှောက်သူတို့ကား ငါ၏အမိ၊ ငါ၏ညီများပေတည်း'' ဟုမိန့်တော် မူ၏။ Garrad Bible ကိုယ် တော် က ဘု ရား သ ခင့် တ ရား တော် ကို ကြား လျက် လိုက် နာ သော ဤ သူ တို့ ကား ငါ့ အ မိ၊ ငါ့ ညီ တို့ တည်း ဟု ပြန်၍ မိန့် တော် မူ၏။ Judson Bible ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်က“ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ ကျင့်သုံးသောသူတို့သည် ငါ့အမိနှင့် ငါ့ညီများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။ |
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။
ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသာသူအား သင်တို့ မပြုစုသမျှသည် ငါ့အား မပြုစုကြခြင်းပင် ဖြစ်သည်’ ဟု မိန့်တော်မူလိမ့်မည်။
ယေရှုက “မကြောက်ကြနှင့်။ သွား၍ ငါ့တပည့်တို့အား ဂါလိလဲပြည်သို့ သွားရန် ပြောကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
လူတစ်ဦးက ကိုယ်တော်အား “သခင်၏မယ်တော်နှင့် ညီတော်တို့သည် သခင့်အား တွေ့မြင်လို၍ အပြင်တွင် ရပ်နေကြ၏” ဟု လျှောက်လေ၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ငါသည် သင်တို့၏ အဖဖြစ်မည်။ သင်တို့သည် ငါ၏ သားသမီးများဖြစ်ကြလိမ့်မည်” ဟု အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူ၏။
ထိုတရားတော်ကို လိုက်နာကျင့်သုံးသောသူဖြစ်ကြလော့။ မိမိကိုယ်ကိုယ် လှည့်စား၍ ကြားနာရုံမျှသာ ကြားနားသောသူ မဖြစ်စေကြနှင့်။
ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်စွာ ပြုမူသောသူတို့သည် ကိုယ်တော်ထံမှ ပေါက်ဖွားလာသောသူ ဖြစ်သည်ကို သင်တို့သိကြ၏။
ချစ်ခင်ရသောသူ… မကောင်းမှုကို အတုမယူဘဲ ကောင်းမှုကိုသာ အတုယူလော့။ ကောင်းမှုကို ပြုသောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ မကောင်းမှုကို ပြုသောသူသည် ဘုရားသခင်ကို မမြင်ဖူး။