သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
လုကာ 7:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အခွန်ကောက်သူများမှစ၍ လူအပေါင်းတို့သည် ဤတရားစကားကို ကြားသောအခါ ဘုရားသခင်၏ တရားတော်သည် မှန်ကန်ကြောင်း ဝန်ခံကြ၏။ ထိုသူတို့သည် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သူများဖြစ်ကြ၏။ Common Language Bible လူအပေါင်းတို့သည်ကိုယ်တော်၏စကားတော် ကိုကြားကြ၏။ ထိုသူတို့အနက်အထူးသဖြင့် အခွန်ခံသူများသည်ဘုရားသခင်၏ဖြောင့်မှန် သောပြဋ္ဌာန်းချက်များကိုလိုက်နာ၍ ယောဟန် ထံမှဗတ္တိဇံမင်္ဂလာကိုခံယူခဲ့သူများဖြစ် ကြ၏။- Garrad Bible ပြည် သူ ပြည် သား ရှိ သ မျှ နှင့် အ ခွန် ကောက် တို့ သည် ကြား နာ၍ ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ ကို ခံ သ ဖြင့် ဘု ရား သ ခင် ဖြောင့် မှန် တော် မူ ကြောင်း ဝန် ခံ ရာ ရောက် ကြ ၏။ Judson Bible အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။ မြန်မာ့စံမီသမ္မာကျမ်း (အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။ မြန်မာ အခွန်ခံသူမှစ၍ လူအပေါင်းတို့သည် ယောဟန်၏စကားကို ကြားနာရလျှင်၊ ဘုရားသခင်ကို ချီးမွမ်း၍ ယောဟန်ပေးသော ဗတ္တိဇံကို ခံကြ၏။ |
သင်တို့အား ချစ်သောသူတို့ကိုသာ သင်တို့ပြန်၍ ချစ်လျှင် ဘုရားသခင်ထံမှ မည်သည့်အကျိုးကျေးဇူးကို ရထိုက်မည်နည်း။ အကျင့်ပျက်သောအခွန်ကောက်သူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
သို့သော်လည်း ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူအားလုံးက ယောဟန်သည် ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ကြသဖြင့် ငါတို့အားကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်” ဟု အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
အခွန်ကောက်သူတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာ၍ “ဆရာ… ကျွန်ုပ်တို့သည် မည်သို့လုပ်ဆောင်ရမည်နည်း” ဟု မေးကြ၏။
သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း ဉာဏ်ပညာသည် မှန်ကန်ကြောင်း ၎င်း၏လုပ်ဆောင်မှုများက ဖော်ပြသည်” ဟု မိန့်တော်မူ၏။
သခင်ဘုရား၏တရားလမ်းကို သင်ယူလေ့လာပြီး ဟောပြောရာ၌ စိတ်အားထက်သန်၍ ယေရှု၏အကြောင်းအရာများကို တိကျမှန်ကန်စွာ သွန်သင်လျက်နေ၏။ သို့သော် သူသည် ယောဟန်၏နှစ်ခြင်းမင်္ဂလာအကြောင်းကိုသာ သိ၏။
ပေါလုကလည်း “ထိုသို့ဖြစ်လျှင် မည်သည့်နှစ်ခြင်းမင်္ဂလာကို သင်တို့ခံယူကြသနည်း” ဟု မေးလျှင် သူတို့က “ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာ ဖြစ်ပါသည်” ဟု ဖြေကြ၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။
ထို့နောက် ရေကို အုပ်စိုးသောကောင်းကင်တမန်က “အို သန့်ရှင်းတော်မူသောအရှင်… ကိုယ်တော်သည် ယခုရှိလျက်၊ ယခင်ကလည်းရှိတော်မူပြီး ကိုယ်တော်၏ တရားစီရင်ခြင်းသည် တရားမျှတပါ၏။