သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
လုကာ 7:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်၏တပည့်များ ထွက်သွားကြပြီးနောက် ယေရှုသည် ယောဟန်အကြောင်းနှင့် ဆက်စပ်၍ လူထုတို့အား ဤသို့ ဟောပြောတော်မူ၏။ ယေရှုက “သင်တို့သည် မည်ကဲ့သို့သောသူကိုရှာရန် တောသို့ ထွက်သွားကြသနည်း။ လေတိုက်လျှင် လှုပ်ယမ်းသည့် ကျူပင်ကဲ့သို့သောသူကိုလော။ Common Language Bible ယောဟန်တပည့်များအထံတော်မှထွက်သွား ကြသောအခါ သခင်ယေရှုသည်ယောဟန် အကြောင်းနှင့်ပတ်သက်၍လူပရိသတ်တို့ အား ``သင်တို့သည်အဘယ်အရာကိုကြည့်ရှု ရန်တောကန္တာရသို့သွားကြသနည်း။ လေတိုက် ၍လှုပ်သောကူပင်ကိုကြည့်ရှုကြရန်လော။- Garrad Bible ယော ဟန်၏ တ မန် တို့ ပြန် သွား ကြ သည့် နောက် ကိုယ် တော် သည် ယော ဟန် နှင့် စပ် လျဉ်း၍ လူ ပ ရိ သတ် အား မိန့် တော် မူ သည် မှာ မည် သည့် အ ရာ ကို ရှု ကြည့် ရန် တော သို့ ထွက် သွား ကြ သ နည်း။ လေ တိုက်၍ လှုပ် နေ သော ကျူ ပင် လော။ Judson Bible ယောဟန်စေလွှတ်သော သူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်၏စေတမန်များပြန်သွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်နှင့်ပတ်သက်၍ မြွက်ဆိုတော်မူသည်မှာ“သင်တို့သည် မည်သည့်အရာကိုကြည့်ရှုရန် တောကန္တာရသို့ ထွက်သွားကြသနည်း။ လေတိုက်၍လှုပ်နေသော ကျူပင်ကိုလော။ မြန်မာ ယောဟန်စေလွှတ်သော သူတို့သည် သွားကြသည်နောက်၊ ယေရှုသည် ယောဟန်ကို အကြောင်းပြု၍ ပရိသတ်တို့အား၊ သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှာ တောသို့ ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှာ သွားသလော။- |
သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
အန္နနှင့် ကယာဖတို့သည်လည်း ယဇ်ပုရောဟိတ်မင်းဖြစ်နေသောအချိန်တွင် ဘုရားသခင်၏စကားတော်သည် တောကန္တာရတွင် နေထိုင်သောဇာခရိ၏သား ယောဟန်ထံသို့ ရောက်လာ၏။
သို့မဟုတ် မည်ကဲ့သို့သောသူကိုရှာရန် သွားကြသနည်း။ အဖိုးတန်အဝတ်အထည်တို့ကို ဝတ်ဆင်သောသူကိုလော။ ဝတ်ကောင်းစားလှကို ဝတ်ဆင်လျက် စည်းစိမ်ခံစား၍နေသောသူတို့သည် နန်းတော်များ၌သာ နေကြ၏။
ယောဟန်က “ငါသည် ပရောဖက်ဟေရှာယ ဟောသည့်အတိုင်း ‘ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်ဖြူးအောင် ပြုပြင်ကြလော့’ ဟူ၍ တောကန္တာရတွင် ကြွေးကြော်သောသူ၏အသံ ဖြစ်၏” ဟု ဆိုလေ၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ထိုသူတို့သည် ခန်းခြောက်သော စမ်းရေတွင်းများ၊ မုန်တိုင်းကြောင့် လွင့်ပါသွားသော မိုးတိမ်များဖြစ်ကြ၏။ သူတို့အတွက် အမှောင်မိုက်ဆုံးအမှောင်နေရာကို ပြင်ဆင်ထား၏။
ချစ်ရသောသူတို့… သင်တို့သည် ဤအကြောင်းအရာများကို ကြိုတင်သိထားကြပြီဖြစ်၍ တရားမဲ့သူ၏ အမှားနောက်သို့ လိုက်ပါမသွားစေရန်နှင့် သင်တို့၏တည်ငြိမ်ရင့်ကျက်မှုကို မဆုံးရှုံးစေရန် သတိပြုကြလော့။