Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 7:24 - မြန်မာ

24 ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ယော ဟန်၏ တ မန် တို့ ပြန် သွား ကြ သည့် နောက် ကိုယ် တော် သည် ယော ဟန် နှင့် စပ် လျဉ်း၍ လူ ပ ရိ သတ် အား မိန့် တော် မူ သည် မှာ မည် သည့် အ ရာ ကို ရှု ကြည့် ရန် တော သို့ ထွက် သွား ကြ သ နည်း။ လေ တိုက်၍ လှုပ် နေ သော ကျူ ပင် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူပင်​ကို​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ယောဟန်​၏​တပည့်များ ထွက်သွားကြ​ပြီးနောက် ယေရှု​သည် ယောဟန်​အကြောင်း​နှင့် ဆက်စပ်​၍ လူထုတို့​အား ဤသို့ ဟောပြောတော်မူ၏။ ယေရှု​က “သင်တို့​သည် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် တော​သို့ ထွက်သွားကြသနည်း။ လေတိုက်​လျှင် လှုပ်ယမ်းသည့် ကျူပင်​ကဲ့သို့သော​သူ​ကို​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:24
14 ပူးပေါင်းရင်းမြစ်များ  

အ​န္န​နှင့် က​ယာ​ဖ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ရာ၊ အ​သီး​အ​သီး ရှိ​ကြ​သော​အ​ခါ၊ တော၌​ရှိ​သော ဇာ​ခ​ရိ၏​သား​ယော​ဟန်​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ခံ​ရ၏။-


ထို​သူ​ငယ်​သည်​ကား၊ ကြီး​ပွား၍ ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဣ​သ​ရေ​လ​လူ​တို့​အား မ​ထင်​ရှား​မီ​တိုင်​အောင် တော​အ​ရပ်၌ နေ​လေ၏။


ယော​ဟန်​က​လည်း၊ ငါ​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ပြော​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့​ဟု တော၌ ဟစ်​ကြော်​သော​သူ၏​အ​သံ​ဖြစ်​သည်​ဟု ဆို၏။-


ဆင်း​ရဲ​သား​တို့​သည်​လည်း ဝမ်း​မြောက်​စ​ရာ သ​တင်း​ကို​ကြား​ရ​ကြ၏။ ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ၏။


သို့​မ​ဟုတ် နူး​ညံ့​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။ တင့်​တယ်​သော အ​ဝတ်​ကို​ဝတ်​ဆင်၍ ကောင်း​မွန်​စွာ စား​သောက်​သော​သူ​တို့​သည် မင်း​အိမ်၌ နေ​တတ်​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ