Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 7:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ယောဟန်​၏​စေတမန်​များ​ပြန်သွား​ကြ​သောအခါ ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား ယောဟန်​နှင့်​ပတ်သက်၍ မြွက်ဆို​တော်မူ​သည်​မှာ“သင်​တို့​သည် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် တော​ကန္တာရ​သို့ ထွက်သွား​ကြ​သနည်း။ လေ​တိုက်​၍​လှုပ်​နေ​သော ကျူပင်​ကို​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ယော​ဟန်​တ​ပည့်​များ​အ​ထံ​တော်​မှ​ထွက်​သွား ကြ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ယော​ဟန် အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​ပ​ရိ​သတ်​တို့ အား ``သင်​တို့​သည်​အ​ဘယ်​အ​ရာ​ကို​ကြည့်​ရှု ရန်​တော​ကန္တာ​ရ​သို့​သွား​ကြ​သ​နည်း။ လေ​တိုက် ၍​လှုပ်​သော​ကူ​ပင်​ကို​ကြည့်​ရှု​ကြ​ရန်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ယော ဟန်၏ တ မန် တို့ ပြန် သွား ကြ သည့် နောက် ကိုယ် တော် သည် ယော ဟန် နှင့် စပ် လျဉ်း၍ လူ ပ ရိ သတ် အား မိန့် တော် မူ သည် မှာ မည် သည့် အ ရာ ကို ရှု ကြည့် ရန် တော သို့ ထွက် သွား ကြ သ နည်း။ လေ တိုက်၍ လှုပ် နေ သော ကျူ ပင် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ယောဟန်​၏​တပည့်များ ထွက်သွားကြ​ပြီးနောက် ယေရှု​သည် ယောဟန်​အကြောင်း​နှင့် ဆက်စပ်​၍ လူထုတို့​အား ဤသို့ ဟောပြောတော်မူ၏။ ယေရှု​က “သင်တို့​သည် မည်ကဲ့သို့သော​သူ​ကို​ရှာ​ရန် တော​သို့ ထွက်သွားကြသနည်း။ လေတိုက်​လျှင် လှုပ်ယမ်းသည့် ကျူပင်​ကဲ့သို့သော​သူ​ကို​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

24 ယော​ဟန်​စေ​လွှတ်​သော သူ​တို့​သည် သွား​ကြ​သည်​နောက်၊ ယေ​ရှု​သည် ယော​ဟန်​ကို အ​ကြောင်း​ပြု၍ ပ​ရိသတ်​တို့​အား၊ သင်​တို့​သည် အ​ဘယ်​မည်​သော​အ​ရာ​ကို ကြည့်​ရှု​ခြင်း​ငှာ တော​သို့ ထွက်​သွား​ကြ​သ​နည်း။ လေ​လှုပ်​သော​ကျူ​ပင်​ကို ကြည့်​ရှု​ခြင်း​ငှာ သွား​သ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 7:24
14 ပူးပေါင်းရင်းမြစ်များ  

သို့သော် သင်​သည် ရေ​ကဲ့သို့​ဘောင်ဘင်ခတ်​တတ်​သည်​ဖြစ်၍ အထွတ်​သို့​မ​ရောက်​။ အကြောင်းမူကား သင်​သည် သင့်​ဖခင်​၏​အိပ်ရာ​ပေါ်​တက်​၍​ညစ်ညူး​စေ​၏​။ သူ​သည် ငါ့​ခုတင်​ပေါ်​တက်​ဝံ့​လေ​ပြီ​တကား​။


သူငယ်​သည်​လည်း​ကြီးထွား​၍ စိတ်​ဝိညာဉ်​ကြံ့ခိုင်​လာ​ကာ အစ္စရေး​လူမျိုး​ရှေ့၌ ထင်ရှား​သည့်​နေ့ရက်​တိုင်အောင် တော​ကန္တာရ​၌​နေ​လေ​၏။


အန္နတ်​နှင့်​ကယာဖ​တို့​သည် ယဇ်ပုရောဟိတ်​မင်း​ဖြစ်​စဉ် ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် တော​ကန္တာရ​၌ ဇာခရိ​၏​သား​ယောဟန်​ထံသို့​ရောက်လာ​၏။


ငါ့​ကြောင့် စိတ်​မ​ပျက်​သော​သူ​သည် မင်္ဂလာရှိ​၏”​ဟု မိန့်​တော်မူ​၏။


သို့မဟုတ်​လျှင် မည်သည့်​အရာ​ကို​ကြည့်ရှု​ရန် ထွက်သွား​ကြ​သနည်း။ နူးညံ့​သော​အဝတ်​များ​ဝတ်ဆင်​ထား​သော​သူ​ကို​လော။ တင့်တယ်​သော​အဝတ်​များ​ဝတ်ဆင်​လျက် သောက်စား​ပျော်ပါး​နေ​သော​သူ​တို့​သည် နန်းတော်​များ​၌​ရှိ​ကြ​၏။


ယောဟန်​က “ငါ​သည် ပရောဖက်​ဟေရှာယ​ဟောပြော​ခဲ့​သည့်​အတိုင်း ‘ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ဖြောင့်တန်း​စေ​ကြ​လော့’​ဟူ၍ တော​ကန္တာရ​၌​ဟစ်ကြော်​သော​သူ​၏​အသံ​ဖြစ်​၏”​ဟု ဆို​၏။


ဤသို့ဖြင့် ငါ​တို့​သည် လူ​တို့​၏​ကောက်ကျစ်​စဉ်းလဲ​မှု​နှင့် ပရိယာယ်​ဖြင့်​လှည့်ဖြား​တတ်​သည့်​လျှို့ဝှက်​အကြံအစည်​တို့​ကြောင့် ဖြစ်ပေါ်​လာ​သည့်​သြဝါဒ​လေ​အမျိုးမျိုး​၌ လွင့်ပါ​၍​လူးလွန့်​နေ​သော ကလေး​သူငယ်​များ​ကဲ့သို့​မ​ဟုတ်​တော့​ဘဲ


ထို​သူ​တို့​သည် ခန်းခြောက်​သော​စမ်းရေ​တွင်း​များ၊ မုန်တိုင်း​ဖြင့်​လွင့်ပါ​သွား​သည့်​မိုးတိမ်​များ​ဖြစ်​ကြ​၏။ သူ​တို့​အတွက် မှောင်မည်း​သော​အမှောင်​ကို ထိန်းသိမ်း​ထား​လျက်​ရှိ​၏။


ထို့ကြောင့် ချစ်​ရ​သော​သူ​တို့၊ ဤ​အရာ​တို့​ကို သင်​တို့​သိ​ထား​နှင့်​ပြီ​ဖြစ်၍ စောင့်စည်း​မှု​မ​ရှိ​သော​သူ​တို့​၏​မှားယွင်း​ခြင်း​သို့ လိုက်​ပါ​သွား​လျက် မိမိ​တို့​၏​တည်ကြည်​မှု​ကို မ​ဆုံးရှုံး​စေရန် မိမိ​ကိုယ်​ကို​စောင့်ထိန်း​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ