ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
လုကာ 6:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေတရုဟု ယေရှုမှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု၏ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ Common Language Bible ထိုတစ်ဆယ့်နှစ်ပါးကားပေတရုဟုကိုယ်တော် မှည့်ခေါ်သူရှိမုန်နှင့်ရှိမုန်၏ညီအန္ဒြေ၊ ယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊- Judson Bible ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊- မြန်မာ့စံမီသမ္မာကျမ်း ပေတရုဟုကိုယ်တော်မှည့်ခေါ်ထားသောရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ မြန်မာ ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊- |
ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသည့် ပေတရုဟု ခေါ်သော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။
ထိုနေရာမှ အနည်းငယ်ကြွတော်မူသောအခါ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် ဇေဗေဒဲ၏သားများဖြစ်ကြ၍ လှေထဲ၌ ဖခင်နှင့်အတူ ပိုက်ကွန်များဖာထေးပြုပြင်နေကြ၏။ ယေရှုက သူတို့ကို နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။
ထိုနေရာမှ အနည်းငယ်ကြွတော်မူလျှင် ဇေဗေဒဲ၏သားများဖြစ်သော ယာကုပ်နှင့် ယောဟန်တို့သည် လှေထဲတွင် ပိုက်ကွန်များဖာထေးပြုပြင်နေသည်ကို မြင်တော်မူ၏။
ဝတ်ပြုဆောင်မှ ထွက်လာကြပြီးနောက် ယေရှုနှင့် တပည့်တော်တို့သည် ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့် အန္ဒြေတို့၏ အိမ်သို့ ကြွတော်မူ၏။
ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ခေါ်သွားတော်မူ၏။ ယေရှုသည် အလွန်စိတ်ပူပင်သောကရောက်တော်မူသဖြင့်
ထိုရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့၏ အမည်များမှာ ပေတရုဟု ယေရှုမှည့်ခေါ်ထားတော်မူသော ရှိမုန်၊
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီ ယောဟန်မှအပ မည်သူ့ကိုမျှ လိုက်ပါခွင့်ပေးတော်မမူ။
ခြောက်ရက် ကြာသော် ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို မြင့်သောတောင်သို့ သီးခြားခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့ရှေ့တွင် ယေရှု၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲလေ၏။
ရှိမုန်နှင့်လုပ်ဖော်ကိုင်ဖက်ဖြစ်သည့် ဇေဗေဒဲ၏သားနှစ်ဦး ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေရှုက “မကြောက်နှင့်။ ယခုမှစ၍ သင်သည် လူများကိုဖမ်းသောတံငါ ဖြစ်လိမ့်မည်” ဟု ရှိမုန်အား မိန့်တော်မူ၏။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ရှိမုန်ပေတရုသည် ယေရှု၏ခြေတော်ရင်း၌ ဒူးထောက်ပြီးလျှင် “သခင်… အကျွန်ုပ်သည် အပြစ်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။
နောက်တစ်နေ့ မိုးလင်းသောအခါ မိမိတပည့်တော်များကိုခေါ်၍ ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို တမန်တော်အဖြစ် ရွေးချယ်တော်မူ၏။ ထိုသူတို့၏အမည်များမှာ
ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် “မောရှေ၏ ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများ၌ ရေးသားဖော်ပြထားသောသူကို ငါတို့တွေ့ပြီ။ ထိုသူသည် ယောသပ်၏သား၊ နာဇရက်မြို့တွင် နေထိုင်သောယေရှုဖြစ်၏” ဟု ပြော၏။
ဖိလိပ္ပုက “သခင်… ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ပြတော်မူလျှင် အကျွန်ုပ်တို့ စိတ်ကျေနပ်မှုရပါလိမ့်မည်” ဟု လျှောက်၏။
ယေရှုသည် မျှော်ကြည့်သောအခါ မိမိထံသို့ လူအုပ်ကြီးလာနေသည်ကို မြင်တော်မူ၏။ ထိုအခါ ဖိလိပ္ပုအား “ဤလူတို့ စားရန် စားစရာကို မည်သည့်နေရာမှ ရနိုင်မည်နည်း” ဟု မေးတော်မူ၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ အစေခံနှင့် တမန်တော် ရှိမုန်ပေတရုဖြစ်၏။ ကျွန်ုပ်တို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကဲ့သို့ တန်ဖိုးရှိသည့် ယုံကြည်ခြင်းကို လက်ခံရရှိသောသူတို့ထံသို့ ကျွန်ုပ်စာရေးလိုက်၏။