Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 3:16 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထို​ရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့​၏ အမည်များ​မှာ ပေတရု​ဟု ယေရှု​မှည့်ခေါ်ထားတော်မူသော ရှိမုန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ကိုယ်​တော်​ရွေး​ချယ်​ခန့်​ထား​ခြင်း​ခံ​ရ​သည့်​တစ် ကျိပ်​နှစ်​ပါး​ကား (ပေ​တ​ရု​ဟု​ကိုယ်​တော်​မှည့် ခေါ်​သူ​) ရှိ​မုန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ပေ တ ရု အ မည် သစ် ဖြင့် သ မုတ် တော် မူ သော ရှိ မုန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ပေ​တ​ရု​အ​မည်​သစ်​ကို ပေး​တော်​မူ​သော​ရှိ​မုန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ခန့်ထား​တော်မူ​သော​တစ်ဆယ့်နှစ်​ပါး​မှာ ပေတရု​ဟု​ကိုယ်တော်​အမည်​ပေး​ထား​သော ရှိမုန်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 ပေ​တ​ရု​အ​မည်​သစ်​ကို ပေး​တော်​မူ​သော​ရှိ​မုန်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 3:16
14 ပူးပေါင်းရင်းမြစ်များ  

တစ်နေ့​၌ ယေရှု​သည် ဂါလိလဲအိုင်​နံဘေး​တစ်လျှောက် ကြွတော်မူ​စဉ် အိုင်​ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်​နှင့် ညီဖြစ်သူ​အန္ဒြေ​တို့​ကို တွေ့မြင်တော်မူ၏။ ထို​သူတို့​သည် တံငါသည်များ​ဖြစ်ကြ၏။


မိုးကြိုးသား​ဟု အဓိပ္ပာယ်ရသည့် ဗောနေဂရက်​ဟု ယေရှု​မှည့်ခေါ်ထားတော်မူသော ဇေဗေဒဲ​၏ သားများ​ဖြစ်သည့် ယာကုပ်​နှင့် ယောဟန်၊


နောက်​တစ်နေ့ မိုးလင်း​သောအခါ မိမိ​တပည့်တော်များ​ကို​ခေါ်​၍ ထို​သူတို့​ထဲမှ ဆယ့်နှစ်ဦး​ကို တမန်တော်​အဖြစ် ရွေးချယ်တော်မူ၏။ ထို​သူတို့​၏​အမည်များ​မှာ


ထို့နောက် သူ​သည် ပေတရု​ကို ယေရှု​ထံတော်သို့ ခေါ်လာ၏။ ယေရှု​က ပေတရု​ကို စူးစိုက်​ကြည့်ပြီး​လျှင် “သင်​သည် ယောဟန်​၏​သား ရှိမုန်​ဖြစ်၏။ သို့သော် သင့်​ကို ကေဖ​ဟူ၍ ခေါ်ရ​လိမ့်မည်” ဟု မိန့်တော်မူ၏။ (ကေဖ​၏ အဓိပ္ပာယ်​မှာ ကျောက်​ဖြစ်၏။)


ထို​မြို့​သို့ ဝင်ကြ​သောအခါ သူတို့​သည် မိမိတို့ တည်းခိုနေသော​အိမ်​၏​အပေါ်ထပ်​အခန်း​သို့ တက်သွားကြ၏။ ထို​သူတို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်စိတ်​ထက်သန်သူ​ရှိမုန်၊ ယာကုပ်​၏​သား ယုဒ​တို့ ဖြစ်ကြ၏။


သင်တို့​ထဲမှ တချို့​က “ငါ​သည် ပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် အာပေါလု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ပေတရု​၏​တပည့်​ဖြစ်၏၊” တချို့​က “ငါ​သည် ခရစ်တော်​၏​တပည့်​ဖြစ်၏” ဟူ၍ အသီးသီး​က ပြောဆို​နေကြ​သောကြောင့် ဤ​စကား​ကို ကျွန်ုပ်​ပြောရခြင်း​ဖြစ်၏။


ပေါလု​ဖြစ်စေ၊ အာပေါလု​ဖြစ်စေ၊ ပေတရု​ဖြစ်စေ၊ ဤ​လောက​ဖြစ်စေ၊ ရှင်ခြင်း​ဖြစ်စေ၊ သေခြင်း​ဖြစ်စေ၊ လက်ရှိ​အရာ​ဖြစ်စေ၊ နောင်​အရာ​ဖြစ်စေ အရာ​အားလုံး​ကို သင်တို့​ပိုင်ဆိုင်၏။


ကျွန်ုပ်တို့​သည် ပေတရု​မှစ၍ သခင်ဘုရား​၏ ညီတော်များ​နှင့် အခြားသော​တမန်တော်များ​ကဲ့သို့ ခရီးသွား​ရာတွင် ယုံကြည်သူ​ဇနီးသည်​ကို ကျွန်ုပ်တို့​နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။


ကျွန်ုပ်​သည် ယေရှု​ခရစ်တော်​၏ အစေခံ​နှင့် တမန်တော် ရှိမုန်​ပေတရု​ဖြစ်၏။ ကျွန်ုပ်တို့​၏ ဘုရားသခင်​နှင့် ကယ်တင်ရှင်​ဖြစ်တော်မူသော ယေရှု​ခရစ်တော်​၏ ဖြောင့်မတ်ခြင်း​အားဖြင့် ကျွန်ုပ်တို့​၏​ယုံကြည်ခြင်း​ကဲ့သို့ တန်ဖိုး​ရှိသည့် ယုံကြည်ခြင်း​ကို လက်ခံရရှိသော​သူတို့​ထံသို့ ကျွန်ုပ်​စာရေးလိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ