Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 1:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

19 ထို​နေရာ​မှ အနည်းငယ်​ကြွတော်မူ​လျှင် ဇေဗေဒဲ​၏​သားများ​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​သည် လှေ​ထဲ​တွင် ပိုက်ကွန်များ​ဖာထေး​ပြုပြင်နေသည်​ကို မြင်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ကိုယ်​တော်​သည်​ဆက်​လက်​၍​အ​နည်း​ငယ်​လျှောက် သွား​သော​အ​ခါ ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ သော​ယာ​ကုပ်​နှင့်​ညီ​ယော​ဟန်​ကို​မြင်​တော်​မူ​၏။ သူ​တို့​သည်​လှေ​ထဲ​တွင်​ပိုက်​ကွန်​များ​ကို​အ​သင့် ပြင်​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ထို မှ အ နည်း ငယ် ကြွ တော် မူ ပြန် သော်၊ ဇေ ဗေ ဒဲ့ သား ယာ ကုပ် နှင့် ယော ဟန် ညီ အစ် ကို တို့ သည် လှေ ထဲ၌ ပိုက် ဖာ လျက် နေ သည် ကို မြင် လျှင် မြင် ခြင်း ခေါ် တော် မူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 တစ်ဖန် အနည်းငယ်​ဆက်၍​ကြွ​တော်မူ​ရာ ဇေဗေဒဲ​၏​သား ယာကုပ်​နှင့်​သူ​၏​ညီ​ယောဟန်​တို့​ကို မြင်​တော်မူ​၏။ သူ​တို့​သည် လှေ​ထဲ၌ ပိုက်ကွန်​များ​ကို​ဖာထေး​နေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

19 ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 1:19
11 ပူးပေါင်းရင်းမြစ်များ  

ထို​နေရာ​မှ အနည်းငယ်​ကြွတော်မူ​သောအခါ အခြား​ညီအစ်ကို​နှစ်ဦး​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​ကို မြင်တော်မူ၏။ သူတို့​သည် ဇေဗေဒဲ​၏​သားများ​ဖြစ်ကြ​၍ လှေ​ထဲ​၌ ဖခင်​နှင့်အတူ ပိုက်ကွန်များ​ဖာထေး​ပြုပြင်နေကြ၏။ ယေရှု​က သူတို့​ကို နောက်တော်​သို့ လိုက်​ရန် ခေါ်တော်မူ၏။


ထိုအခါ သူတို့​သည် ပိုက်ကွန်များ​ကို ချက်ချင်း​ထားခဲ့​၍ ယေရှု​နောက်တော်​သို့ လိုက်ကြ၏။


ထို​သူတို့​ကိုလည်း ချက်ချင်း​ခေါ်တော်မူ​သဖြင့် သူတို့​သည် ဖခင်​ဇေဗေဒဲ​အား လူငှားများ​နှင့်အတူ လှေ​ထဲတွင် ထားခဲ့​၍ နောက်တော်​သို့ လိုက်ကြ၏။


ထို့နောက် ဇေဗေဒဲ​၏​သားများ​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​သည် ကိုယ်တော်​ထံသို့ ချဉ်းကပ်​၍ “ဆရာတော်… အကျွန်ုပ်တို့​ကို ကျေးဇူး​တစ်ခု​ပြုတော်မူပါ” ဟု လျှောက်ကြ၏။


ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို ခေါ်သွားတော်မူ၏။ ယေရှု​သည် အလွန်​စိတ်​ပူပင်သောက​ရောက်တော်မူ​သဖြင့်


မိုးကြိုးသား​ဟု အဓိပ္ပာယ်ရသည့် ဗောနေဂရက်​ဟု ယေရှု​မှည့်ခေါ်ထားတော်မူသော ဇေဗေဒဲ​၏ သားများ​ဖြစ်သည့် ယာကုပ်​နှင့် ယောဟန်၊


ကိုယ်တော်​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ ယောဟန်​မှအပ မည်သူ့​ကို​မျှ လိုက်ပါခွင့်​ပေးတော်မမူ။


ခြောက်ရက် ကြာ​သော် ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယောဟန်​တို့​ကို မြင့်သော​တောင်​သို့ သီးခြား​ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ သူတို့​ရှေ့တွင် ယေရှု​၏ အဆင်းသဏ္ဌာန်တော်​ပြောင်းလဲလေ၏။


ရှိမုန်​ပေတရု၊ အမြွှာပူး​ဟု အမည်တွင်သော သောမ၊ ဂါလိလဲပြည်၊ ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ​၏​သားတို့​နှင့် အခြား​တပည့်တော်​နှစ်ပါးတို့​သည် အတူ​ရှိနေကြ၏။


ထို​မြို့​သို့ ဝင်ကြ​သောအခါ သူတို့​သည် မိမိတို့ တည်းခိုနေသော​အိမ်​၏​အပေါ်ထပ်​အခန်း​သို့ တက်သွားကြ၏။ ထို​သူတို့​မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ​၏​သား​ယာကုပ်၊ မျိုးချစ်စိတ်​ထက်သန်သူ​ရှိမုန်၊ ယာကုပ်​၏​သား ယုဒ​တို့ ဖြစ်ကြ၏။


သူ​သည် ယောဟန်​၏​အစ်ကို ယာကုပ်​ကို ဓား​ဖြင့်​ကွပ်မျက်လေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ