“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
လုကာ 3:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ယေရှုအပေါ်ဆင်းသက်၍ နားတော်မူ၏။ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။ Common Language Bible သန့်ရှင်းသောဝိညာဉ်တော်သည်ချိုးငှက်အသွင် ဖြင့် ကိုယ်ခန္ဓာပုံသဏ္ဌာန်ထင်ရှားစွာဖြင့်ကိုယ်တော် ၏အပေါ်သို့ဆင်းသက်တော်မူ၏။ မိုးကောင်းကင် မှ ``သင်ကားငါနှစ်သက်မြတ်နိုးရာငါ၏ချစ် သားပေတည်း'' ဟုအသံတော်ထွက်ပေါ်လာ၏။ Garrad Bible ကောင်း ကင် ပွင့် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် သည် ချိုး ငှက် အ ဆင်း သ ဏ္ဌာန် နှင့် ကိုယ် တော့် အ ပေါ် သို့ ဆင်း သက် သော် သင် ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း ဟု ကောင်း ကင် မှ ဗျာ ဒိတ် တော် သံ ရောက် လာ ၏။ Judson Bible သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့သောအဆင်းသဏ္ဌာန်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်တော်မူ၏။ ကောင်းကင်မှလည်း “သင်သည် ငါ၏ချစ်သားပေတည်း။ သင့်ကို ငါနှစ်သက်၏”ဟု အသံတော်ထွက်ပေါ်လာ၏။ မြန်မာ သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ |
“ငါရွေးကောက်တော်မူသော အစေခံကို ကြည့်ကြလော့။ သူသည် ငါချစ်မြတ်နိုးသူ၊ ငါ့ကိုကျေနပ်စေသူ ဖြစ်၏။ ငါ၏ဝိညာဉ်တော်ကို သူ့အပေါ်သို့ သွန်းလောင်းမည်။ သူသည် လူမျိုးအပေါင်းတို့အား တရားသောစီရင်ချက်ကို ကြေညာလိမ့်မည်။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သူသည် ဘုရားကို ယုံကြည်ကိုးစား၏။ ဘုရားသခင်သည် အလိုတော်ရှိတော်မူလျှင် ယခုပင် သူ့ကို ကယ်တင်တော်မူပါစေ။ သူက ‘ငါသည် ဘုရားသခင်၏ သားတော် ဖြစ်၏’ ဟု ပြောလေပြီ” ဟု ဆိုကာ ပြက်ရယ်ပြုကြ၏။
ထို့နောက် ယေရှုသည် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူရန် ဂါလိလဲပြည်မှ ဂျော်ဒန်မြစ်သို့ ကြွတော်မူ၏။
ယေရှုသည် နှစ်ခြင်းမင်္ဂလာခံယူတော်မူပြီးနောက် ရေထဲမှ တက်လာသောအခါ ကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် မိမိအပေါ် ဆင်းသက်တော်မူသည်ကို မြင်တော်မူ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ကောင်းကင်မှ “သင်သည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအချိန်ကာလတွင် ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာတော်မူ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူတော်မူ၏။
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
“အမြင့်ဆုံးသောကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်သည် ဘုန်းကြီးတော်မူပါစေ။ မြေကြီးပေါ်၌ ဘုရားသခင်နှစ်သက်တော်မူသော သူတို့အပေါ်တွင် ငြိမ်းချမ်းခြင်းရှိပါစေ” ဟု ဆိုကြ၏။
ထိုအခါ ယေရှုက “ဤကျမ်းစာ၌ ပါသောအချက်များသည် သင်တို့ကြားရသည့်အတိုင်း ယနေ့ပြည့်စုံပြီ” ဟု မိန့်တော်မူ၏။
ထို့နောက် ယောဟန်က “သန့်ရှင်းသောဝိညာဉ်တော်သည် ချိုးငှက်အသွင်ဆောင်လျက် ကောင်းကင်မှ ဆင်းသက်၍ ထိုအရှင်အပေါ်၌ နားတော်မူသည်ကို ငါမြင်ရ၏။
‘အို အဖ… အဖ၏နာမတော်ကို ဘုန်းကြီးစေတော်မူပါ’ ” ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ ကောင်းကင်မှ “ငါ၏နာမတော်ကို ဘုန်းကြီးစေပြီ။ ထပ်မံ၍လည်း ဘုန်းကြီးစေဦးမည်” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ငါ့ကို စေလွှတ်တော်မူသောခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့သည် ခမည်းတော်၏ အသံတော်ကိုလည်း မည်သည့်အခါမျှမကြားကြ။ ပုံသဏ္ဌာန်တော်ကိုလည်း မမြင်ကြ။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအား သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်အားဖြင့် မည်သို့ဘိသိက်ပေးခဲ့ကြောင်းကိုလည်း သင်တို့သိကြ၏။ ဘုရားသခင်သည် ယေရှုနှင့် အတူပါရှိတော်မူသဖြင့် ယေရှုသည်လည်း ကောင်းမှုပြု၍ နတ်ဆိုးပူးသောသူများအား ပျောက်ကင်းကျန်းမာစေလျက် အရပ်ရပ်သို့ လှည့်လည်တော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။
လူတို့၏ငြင်းပယ်ခြင်းကို ခံရသော်လည်း အဖိုးတန်သောအရာအဖြစ် ဘုရားသခင်ရွေးချယ်တော်မူသည့် အသက်ရှင်သောကျောက်ဖြစ်သည့် ခရစ်တော်ထံသို့ သင်တို့လာကြ၏။