လုကာ 3:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။ Common Language Bible ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။- Garrad Bible ကဲ သာ တိ ဗေ ရိ ဘု ရင် မင်း နန်း စံ တစ် ဆယ့် ငါး နှစ် တွင် ယု ဒ နယ်၌ ပု န္တိ ပိ လတ်၊ ဂါ လိ လဲ နယ်၌ ဟေ ရုဒ်၊ ဣ တု ရဲ နယ်၊ တ ရာ ခေါ နိတ် နယ် များ၌ ဟေ ရုဒ် ညီ ဖိ လိ ပ္ပု၊ အ ဘိ လင် နယ်၌ လု သာ နိ တို့ သည် ဘု ရင် ခံ မင်း ဖြစ် ကြ စဉ်၊ Judson Bible ကဲသာဘုရင် တိဗေရိနန်းစံ တစ်ဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စော်ဘွားအရာ၊- မြန်မာ့စံမီသမ္မာကျမ်း တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊ မြန်မာ ကဲသာဘုရင် တိဗေရိနန်းစံ တစ်ဆယ်ငါးနှစ်တွင်၊ ယုဒပြည်၌ ပုန္တိပိလတ်သည် မြို့ဝန်အရာ၊ ဂါလိလဲပြည်၌ ဟေရုဒ်သည် စော်ဘွားအရာ၊ ဣတုရဲပြည်နှင့် တရာခေါနိတ်ပြည်၌ ဟေရုဒ်ညီဖိလိပ္ပုသည် စော်ဘွားအရာ၊ အဘိလင်ပြည်၌ လုသာနိသည် စော်ဘွားအရာ၊- |
ယခင်က ဟေရုဒ်မင်းသည် ညီဖြစ်သူ ဖိလိပ္ပု၏ဇနီးဟေရောဒိကို သိမ်းယူသောကြောင့် ယောဟန်က “ဟေရောဒိကို အရှင်မင်းကြီးသိမ်းယူခြင်းသည် ဘုရားသခင်၏ ပညတ်တော်နှင့်မညီ” ဟူ၍ ဖော်ပြဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်းသည် ယောဟန်ကိုဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ ထည့်ထားခဲ့၏။
ထို့နောက် ဟေရုဒ်မင်း၏ မွေးနေ့ပွဲတွင် ဟေရောဒိ၏ သမီးသည် ဧည့်သည်တော်များရှေ့၌ ကပြဖျော်ဖြေရာ ဟေရုဒ်မင်းသည် အလွန်နှစ်သက်လေ၏။
သို့ဖြစ်၍ ဆရာတော် မည်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားပြောပါ။ ဆီဇာဘုရင်အား အကျွန်ုပ်တို့က အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု မေးလျှောက်ကြ၏။
ထိုသို့ ဆွေးနွေးပြီးသောအခါ ယေရှုကို ချည်နှောင်ကာ ရောမဘုရင်ခံ ပိလတ်မင်းထံသို့ ပို့ဆောင်၍ အပ်လိုက်ကြ၏။
ယခင်က ဟေရုဒ်မင်းသည် ဟေရောဒိအတွက်ကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ထည့်ထားခဲ့၏။ ထိုဟေရောဒိမှာ ဟေရုဒ်မင်း၏ ညီဖြစ်သူဖိလိပ္ပု၏ ဇနီးဖြစ်သော်လည်း ဟေရုဒ်မင်းသည် သိမ်းပိုက်လေ၏။
သို့သော်လည်း နောက်ဆုံးတွင် ဟေရုဒ်မင်း၏မွေးနေ့ပွဲ၌ ဟေရောဒိအတွက် အခွင့်အရေးကြုံလာ၏။ ဟေရုဒ်မင်းသည် မှူးကြီးမတ်ကြီးများ၊ စစ်တပ်အရာရှိများနှင့် ဂါလိလဲပြည်၏ ခေါင်းဆောင်များကို ကျွေးမွေးဧည့်ခံလေ၏။
ထိုအချိန်တွင် ဖာရိရှဲတချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။
ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
ထို့နောက် နယ်စားဟေရုဒ်သည် ညီဖြစ်သူ၏ဇနီး ဟေရောဒိကို သိမ်းယူသောကြောင့်လည်းကောင်း၊ အခြားမကောင်းမှုအပြစ်အမျိုးမျိုးကို ကျူးလွန်သောကြောင့်လည်းကောင်း ယောဟန်သည် ဟေရုဒ်၏အပြစ်ကို ဖော်ပြဆုံးမလေ၏။
နယ်စားအန္တိပဟေရုဒ်သည် ယေရှုပြုတော်မူသော အခြင်းအရာအားလုံးကို ကြားသိ၍ စိတ်ရှုပ်ထွေးလျက်နေ၏။ အဘယ်ကြောင့်ဆိုသော် လူတချို့က နှစ်ခြင်းဆရာယောဟန် သေရာမှ ပြန်ရှင်သည်ဟူ၍ လည်းကောင်း၊
နှစ်နှစ်ကြာသော် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်းနေရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးတို့အား ကျေးဇူးပြုလိုသဖြင့် ပေါလုကို အကျဉ်းချထားရစ်လေ၏။
ထိုအခါ မင်းကြီးသည်ထ၍ သူနှင့်အတူ ထိုင်သော ဘုရင်ခံ၊ ဗေရနိတ်နှင့် အခြားပုဂ္ဂိုလ်အားလုံးတို့သည်လည်း ထကြ၏။
ဤမြို့၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်းနှင့်တကွ လူမျိုးခြားများနှင့် အစ္စရေးလူမျိုးတို့သည် အရှင်ဘိသိက်ပေးတော်မူသောသူ၊ အရှင်၏သန့်ရှင်းတော်မူသောအစေခံယေရှုကို အတူတကွစုရုံးလျက် ဧကန်အမှန် ဆန့်ကျင်ဘက်ပြုခဲ့ကြ၏။