Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 14:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့နောက် ဟေရုဒ်မင်း​၏ မွေးနေ့ပွဲ​တွင် ဟေရောဒိ​၏ သမီး​သည် ဧည့်သည်တော်များ​ရှေ့​၌ ကပြဖျော်ဖြေ​ရာ ဟေရုဒ်မင်း​သည် အလွန်​နှစ်သက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သို့ ရာ တွင် ဟေ ရုဒ် မင်း ဖွား နေ့ ကျ ရောက်၍ ပွဲ လုပ် သည့် ကာ လ ဟေ ရော ဒိ သ မီး သည် သူ တို့ အ လယ်၌ က သ ဖြင့် ဟေ ရုဒ် မင်း နှစ် သက်၍

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သို့သော် ဟေရုဒ်​၏​မွေးနေ့​ရောက်လာ​သောအခါ ဟေရောဒိ​၏​သမီး​သည် ဧည့်သည်​တော်​များ​ရှေ့​၌ က​ပြ​လျက် ဟေရုဒ်​ကို နှစ်သက်​စေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ထို​နောက်​မှ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ခံ​စဉ်​တွင်၊ ဟေ​ရော​ဒိ၏​သ​မီး​သည် ပွဲ​သ​ဘင်၌ က​သ​ဖြင့် ဟေ​ရုဒ်​သည် နူး​ညွတ်​သော​စိတ်​ရှိ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 14:6
21 ပူးပေါင်းရင်းမြစ်များ  

ယခင်​က ဟေရုဒ်မင်း​သည် ညီဖြစ်သူ ဖိလိပ္ပု​၏​ဇနီး​ဟေရောဒိ​ကို သိမ်းယူ​သောကြောင့် ယောဟန်​က “ဟေရောဒိ​ကို အရှင်မင်းကြီး​သိမ်းယူခြင်း​သည် ဘုရားသခင်​၏ ပညတ်တော်​နှင့်​မညီ” ဟူ၍ ဖော်ပြ​ဆုံးမခဲ့၏။ ထို့ကြောင့် ဟေရုဒ်မင်း​သည် ယောဟန်​ကို​ဖမ်းဆီးချုပ်နှောင်​၍ ထောင်​ထဲသို့ ထည့်ထားခဲ့၏။


ထို့ကြောင့် ဟေရုဒ်မင်း​သည် ထို​မိန်းကလေး​တောင်းသမျှ​ကို ပေး​ရန် သစ္စာဆို​၍ ကတိပေးလေ၏။


သူတို့​က ယေရှု​အား “ဆရာတော်… ဇနီး​ရှိသော​လူ​တစ်ဦး​သည် သားသမီး​မထွန်းကားဘဲ သေဆုံးသွား​လျှင် ညီ​ဖြစ်သူ​က ထို​အမျိုးသမီး​ကို လက်ထပ်ယူ​၍ အစ်ကို​ဖြစ်သူ​၏ မျိုးဆက်​မပြတ်​စေရန် ဆောင်ရွက်ရမည်​ဟု မောရှေ​ညွှန်ကြားခဲ့ပါ၏။


ယေရှု​၏ သတင်းတော်​သည် ကျော်ကြားလာ​သဖြင့် ဟေရုဒ်မင်း​ကြားလေ၏။ လူ​တချို့​က “ဤ​သူ​သည် သေရာ​မှ​ပြန်ရှင်လာသော နှစ်ခြင်းဆရာ​ယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများ​ကို ပြနိုင်ခြင်း​ဖြစ်သည်” ဟု ပြောဆိုကြ၏။


ယခင်​က ဟေရုဒ်မင်း​သည် ဟေရောဒိ​အတွက်​ကြောင့် ယောဟန်​ကို ဖမ်းဆီးချုပ်နှောင်​၍ ထောင်​ထဲသို့​ထည့်ထားခဲ့၏။ ထို​ဟေရောဒိ​မှာ ဟေရုဒ်မင်း​၏ ညီဖြစ်သူ​ဖိလိပ္ပု​၏ ဇနီး​ဖြစ်​သော်လည်း ဟေရုဒ်မင်း​သည် သိမ်းပိုက်လေ၏။


ထို့ကြောင့် ဟေရောဒိ​သည် ယောဟန်​ကို အငြိုးထား​၍ သတ်လို၏။ သို့သော်လည်း သတ်ခွင့်​မရနိုင်ဘဲ​ရှိ၏။


ကိုယ်တော်​က “ဖာရိရှဲတို့​၏ တဆေး​နှင့် ဟေရုဒ်မင်း​၏ တဆေး​ကို​သတိထားကြလော့” ဟု သတိပေးတော်မူ၏။


ထို​အချိန်​တွင် ဖာရိရှဲ​တချို့​သည် ယေရှု​ထံတော်သို့ လာ​၍ “ဤ​နေရာ​မှ ထွက်သွားပါလော့။ ဟေရုဒ်​သည် သင့်​ကို သတ်​ရန် ကြံစည်​လျက်​ရှိသည်” ဟု လျှောက်ကြ၏။


ဟေရုဒ်​နှင့် သူ​၏​စစ်သည်တော်များ​ကလည်း ကိုယ်တော်​ကို မထီလေးစား​ဆက်ဆံ​၍ ပြက်ရယ်ပြု​ကာ အလွန်​တင့်တယ်သော​ဝတ်ရုံ​ကို ဝတ်စေ​လျက် ပိလတ်မင်း​ထံသို့ ပြန်ပို့လိုက်၏။


ယေရှု​သည် ဟေရုဒ်​စီရင်ပိုင်သော​နယ်မြေ​၏​ပြည်သား​ဖြစ်ကြောင်း သိရ​သောအခါ ပိလတ်မင်း​သည် ကိုယ်တော်​ကို ဟေရုဒ်​ထံသို့ ပို့လိုက်၏။ ထို​အချိန်​တွင် ဟေရုဒ်​သည် ဂျေရုဆလင်မြို့​တွင် ရှိလေ၏။


ရောမဘုရင် တိဗေရိ​ဆီဇာ နန်းစံနှစ် ဆယ့်​ငါးနှစ်​တွင် ပုန္တိပိလတ်မင်း​သည် ယုဒပြည်​၏​ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်​တွင် ဟေရုဒ်၊ ဣကုရဲပြည်​နှင့် တရားခေါနိတ်ပြည်​တွင် ဟေရုဒ်​၏​ညီ ဖိလိပ္ပု၊ အဘိလင်ပြည်​တွင် လုသာနိ စသဖြင့်​အသီးသီး​အုပ်ချုပ်​လျက်​ရှိ၏။


ထို့နောက် နယ်စား​ဟေရုဒ်​သည် ညီဖြစ်သူ​၏​ဇနီး ဟေရောဒိ​ကို သိမ်းယူ​သောကြောင့်​လည်းကောင်း၊ အခြား​မကောင်းမှု​အပြစ်​အမျိုးမျိုး​ကို ကျူးလွန်​သောကြောင့်​လည်းကောင်း ယောဟန်​သည် ဟေရုဒ်​၏​အပြစ်​ကို ဖော်ပြ​ဆုံးမလေ၏။


ဟေရုဒ်​၏​အိမ်တော်ထိန်း​ခုဇ​၏​ဇနီး ယောဟန္န​နှင့် ရှုရှန္န​အပါအဝင် ယေရှု​နှင့် တပည့်တော်တို့​အား မိမိတို့​ဥစ္စာများ​ဖြင့် ကူညီ​ထောက်ပံ့သော အခြား​အမျိုးသမီးများ​လည်း ပါကြ၏။


ထို​အချိန်​တွင် ဟေရုဒ်မင်း​သည် အသင်းတော်​မှ လူ​တချို့​ကို ညှဉ်းပန်းနှိပ်စက်​ရန် စီစဉ်လေ၏။


ဤ​မြို့​၌ ဟေရုဒ်၊ ပုန္တိပိလတ်မင်း​နှင့်တကွ လူမျိုးခြားများ​နှင့် အစ္စရေးလူမျိုးတို့​သည် အရှင်​ဘိသိက်ပေးတော်မူသော​သူ၊ အရှင်​၏​သန့်ရှင်းတော်မူသော​အစေခံ​ယေရှု​ကို အတူတကွ​စုရုံး​လျက် ဧကန်အမှန် ဆန့်ကျင်ဘက်​ပြုခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ