Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 3:1 - Common Language Bible

1 ဧ​က​ရာဇ်​မင်း​တိ​ဗေ​ရိ​နန်း​စံ​တစ်​ဆယ့်​ငါး​နှစ် မြောက်​သော​အ​ခါ ယု​ဒ​ပြည်​တွင်​ပုန္တိ​ပိ​လတ်​သည် ဘု​ရင်​ခံ​ဖြစ်​၏။ ဂါ​လိ​လဲ​ပြည်​တွင်​ဟေ​ရုဒ်၊ ဣ​တု​ရဲ ပြည်​နှင့်​တ​ရာ​ခေါ​နိတ်​ပြည်​တွင်​ဟေ​ရုဒ်​၏​ညီ ဖိ​လိပ္ပု၊ အ​ဘိ​လင်​ပြည်​တွင်​လု​သာ​နိ​တို့​သည် အ​သီး​သီး​ဘု​ရင်​ခံ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ကဲ သာ တိ ဗေ ရိ ဘု ရင် မင်း နန်း စံ တစ် ဆယ့် ငါး နှစ် တွင် ယု ဒ နယ်၌ ပု န္တိ ပိ လတ်၊ ဂါ လိ လဲ နယ်၌ ဟေ ရုဒ်၊ ဣ တု ရဲ နယ်၊ တ ရာ ခေါ နိတ် နယ် များ၌ ဟေ ရုဒ် ညီ ဖိ လိ ပ္ပု၊ အ ဘိ လင် နယ်၌ လု သာ နိ တို့ သည် ဘု ရင် ခံ မင်း ဖြစ် ကြ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 တိဗေရိ​ဆီဇာ​နန်းစံ​တစ်ဆယ့်ငါး​နှစ်​မြောက်​တွင် ပုန္တိ​ပိလတ်​သည် ယုဒ​နယ်​၏​ဘုရင်ခံ၊ ဟေရုဒ်​သည် ဂါလိလဲ​နယ်​၏​နယ်စား၊ ဟေရုဒ်​၏​အစ်ကို​ဖိလိပ္ပု​သည် ဣတုရဲ​နယ်​နှင့်​တရာခေါနိတ်​နယ်​တို့​၏​နယ်စား၊ လုသာနိ​သည် အဘိလင်​နယ်​၏​နယ်စား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ရောမဘုရင် တိဗေရိ​ဆီဇာ နန်းစံနှစ် ဆယ့်​ငါးနှစ်​တွင် ပုန္တိပိလတ်မင်း​သည် ယုဒပြည်​၏​ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်​တွင် ဟေရုဒ်၊ ဣကုရဲပြည်​နှင့် တရားခေါနိတ်ပြည်​တွင် ဟေရုဒ်​၏​ညီ ဖိလိပ္ပု၊ အဘိလင်ပြည်​တွင် လုသာနိ စသဖြင့်​အသီးသီး​အုပ်ချုပ်​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 ကဲ​သာ​ဘု​ရင် တိ​ဗေ​ရိ​နန်း​စံ တစ်​ဆယ်​ငါး​နှစ်​တွင်၊ ယု​ဒ​ပြည်၌ ပု​န္တိ​ပိ​လတ်​သည် မြို့​ဝန်​အ​ရာ၊ ဂါ​လိ​လဲ​ပြည်၌ ဟေ​ရုဒ်​သည် စော်​ဘွား​အ​ရာ၊ ဣ​တု​ရဲ​ပြည်​နှင့် တ​ရာ​ခေါ​နိတ်​ပြည်၌ ဟေ​ရုဒ်​ညီ​ဖိ​လိ​ပ္ပု​သည် စော်​ဘွား​အ​ရာ၊ အ​ဘိ​လင်​ပြည်၌ လု​သာ​နိ​သည် စော်​ဘွား​အ​ရာ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 3:1
19 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​သည်​ရာ​ဇ​လှံ​တံ​ကို​ကိုင်​စွဲ​ရ​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​၌​အုပ်​စိုး​ခြင်း​အာ​ဏာ အ​မြဲ​ရှိ​လိမ့်​မည်။ တိုင်း​နိုင်​ငံ​တို့​သည်​သူ့​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ ဆက်​သ​၍​သူ့​သြ​ဇာ​ကို​ခံ​ကြ​လိမ့်​မည်။


ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊-


ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-


ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-


သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။


ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။


ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး၊ ဟေ​ရော ဒိ​အား​မိ​မိ​သိမ်း​ပိုက်​မှု​နှင့်​ပတ်​သက်​၍ ယော​ဟန် ကို​ဖမ်း​ဆီး​ပြီး​လျှင်​ထောင်​တွင်​ချုပ်​နှောင်​ထား စေ​၏။-


ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။-


ထို​အ​ချိန်​၌​ဖာ​ရိ​ရှဲ​အ​ချို့​တို့​သည်​ကိုယ်​တော် ၏​ထံ​ကို​လာ​ပြီး​လျှင် ``ဤ​အ​ရပ်​မှ​ထွက်​ခွာ​၍ အ​ခြား​အ​ရပ်​သို့​ကြွ​တော်​မူ​ပါ။ ဟေ​ရုဒ်​မင်း သည်​အ​ရှင့်​အား​သတ်​ရန်​အ​ကြံ​ရှိ​ပါ​၏'' ဟု လျှောက်​ကြ​၏။


ထို​ကာ​လ​၌​ရော​မ​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​လူ​ဦး ရေ​စာ​ရင်း​ကို​ယူ​ရန် ကဲ​သာ​သြ​ဂုတ္တု​ဘု​ရင်​သည် အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-


ပိ​လတ်​မင်း​သည်​သူ​တို့​တောင်း​ဆို​သည့်​အ​တိုင်း စီ​ရင်​ချက်​ချ​မှတ်​လိုက်​၏။-


သို့​ရာ​တွင်​ဟေ​ရုဒ်​ဘု​ရင်​သည်​မိ​မိ​ညီ​ဖြစ်​သူ​၏ ဇ​နီး​ဟေ​ရော​ဒိ​ကို​သိမ်း​ပိုက်​ခြင်း​နှင့်​ပတ်​သက်​၍ လည်း​ကောင်း၊ မိ​မိ​ကူး​လွန်​ခဲ့​သော​အ​ပြစ်​အ​ပေါင်း နှင့်​ပတ်​သက်​၍​လည်း​ကောင်း​ယော​ဟန်​က​သူ့​အား ဆုံး​မ​ခဲ့​၏။-


ဂါ​လိ​လဲ​ဘု​ရင်​ခံ​မင်း​ကြီး​ဟေ​ရုဒ်​မင်း​သည် ကိုယ် တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​များ​အ​ကြောင်း ကို​ကြား​၏။ လူ​အ​ချို့​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သေ​ရာ​မှ​ရှင်​ပြန်​လေ​ပြီ'' ဟူ​၍​လည်း​ကောင်း၊-


ထို​စာ​တွင် ``က​လော​ဒိ​လု​သိ​ထံ​မှ​အ​ရှင် ဖေ​လဇ်​မင်း​ထံ​သို့​ရို​သေ​စွာ​အ​စီ​ရင်​ခံ​အပ် ပါ​သည်။-


နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​ဖေ​လဇ်​၏​ဘု​ရင်​ခံ ရာ​ထူး​ကို​ပေါ​ကိ​ဖေတ္တု​ဆက်​ခံ​ရ​၏။ ဖေ​လဇ် သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက်​နှာ​ရ လို​သ​ဖြင့် ပေါ​လု​အား​ဆက်​လက်​၍​အ​ကျဉ်း ချ​ထား​ခဲ့​၏။


ထို​အ​ခါ​မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည် မိ ဖု​ရား​ဗေ​ရ​နိတ်​နှင့်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့ နှင့်​တ​ကွ​နေ​ရာ​မှ​ထ​ကြ​၏။-


ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ