ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
လုကာ 24:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် ဤနေရာတွင် မရှိ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ဂါလိလဲပြည်၌ ရှိတော်မူစဉ် အရှင်က သင်တို့အား ‘လူသားသည် အပြစ်သားများလက်သို့ အပ်နှံခြင်းကို ခံရမည်။ လက်ဝါးကပ်တိုင်တွင် သတ်ခြင်းခံရမည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်ကို သတိရကြလော့” ဟု ဆိုကြ၏။ Common Language Bible ကိုယ်တော်သည်ဤအရပ်တွင်မရှိ။ ရှင်ပြန်ထမြောက် တော်မူပြီ။ ကိုယ်တော်သည်ဂါလိလဲပြည်မှာရှိ တော်မူခဲ့စဉ်က၊- Garrad Bible ကိုယ် တော် သည် ဤ တွင် မ ရှိ။ ရှင် ပြန် ထ မြောက် တော် မူ ပြီ။ ဂါ လိ လဲ နယ်၌ ရှိ နေ တော် မူ သေး စဉ် လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ၍ ကား တင် ခံ ရ လိမ့် မည်။ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ လိမ့် မည် ဟူ သော မိန့် တော် မူ ချက် ကို သ တိ ရ ကြ လော့ ဟု ဆို ကြ သည့် အ တိုင်း၊ Judson Bible ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။ မြန်မာ ဤအရပ်၌မရှိ၊ ထမြောက်တော်မူပြီ။- |
ယောနသည် ငါးကြီး၏ ဝမ်းတွင်း၌ သုံးရက်နှင့် သုံးညတိုင် နေရသကဲ့သို့ လူသားသည် မြေကြီးထဲ၌ သုံးရက်နှင့် သုံးည နေရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများလက်တွင် ဒုက္ခများစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရ၍ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူမည်ဟူသောအကြောင်းအရာများကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
“အရှင်မင်းကြီး… ထိုလှည့်ဖြားသူအသက်ရှင်စဉ်အခါက ‘ငါသည် သုံးရက်ကြာပြီးနောက် သေခြင်းမှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါ၏။
ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ မိန့်တော်မူခဲ့သည့်အတိုင်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ အလောင်းတော်ထားသည့် နေရာကို လာ၍ ကြည့်ကြလော့။
သို့သော် ထိုသူက “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရသည့်နာဇရက်မြို့သားယေရှုကို ရှာနေကြသည် မဟုတ်လော။ ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤနေရာသည် အလောင်းတော်ထားသည့် နေရာဖြစ်၏။
ထို့နောက် ယေရှုက လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှထမြောက်တော်မူလိမ့်မည်ဟူသော အကြောင်းအရာများကို သွန်သင်တော်မူ၏။
စုရုံးနေကြသောသူများက “သခင်သည် အမှန်တကယ် ရှင်ပြန်ထမြောက်တော်မူပြီ။ ရှိမုန်ကိုလည်းကိုယ်ထင်ပြတော်မူပြီ” ဟု ဆိုကြလေ၏။
ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့၍ မိမိတို့၏မျက်နှာများကို မြေပြင်သို့ ငုံ့ထားကြ၏။ ထိုလူနှစ်ဦးက “အသက်ရှင်သောသူကို လူသေများရှိသည့်နေရာတွင် အဘယ်ကြောင့် ရှာဖွေကြသနည်း။
“လူသားသည် ပြင်းစွာသောဒုက္ခဝေဒနာကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့၏ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကိုလည်း ခံရမည်။ သုံးရက်မြောက်နေ့တွင် သေခြင်းမှ ထမြောက်မည်” ဟု မိန့်တော်မူ၏။
“ငါ့စကားကို မှတ်သားကြလော့။ လူသားသည် လူတို့လက်သို့ အပ်နှံခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
ကျွန်ုပ် သင်တို့နှင့်အတူ ရှိစဉ်က ဤအကြောင်းအရာများ ပြောခဲ့သည်ကို သင်တို့ မမှတ်မိကြသလော။