Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 24:6 - မြန်မာ

6 ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ကိုယ်​တော်​သည်​ဤ​အ​ရပ်​တွင်​မရှိ။ ရှင်​ပြန်​ထ​မြောက် တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်​မှာ​ရှိ တော်​မူ​ခဲ့​စဉ်​က၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6-7 ကိုယ် တော် သည် ဤ တွင် မ ရှိ။ ရှင် ပြန် ထ မြောက် တော် မူ ပြီ။ ဂါ လိ လဲ နယ်၌ ရှိ နေ တော် မူ သေး စဉ် လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ၍ ကား တင် ခံ ရ လိမ့် မည်။ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ လိမ့် မည် ဟူ သော မိန့် တော် မူ ချက် ကို သ တိ ရ ကြ လော့ ဟု ဆို ကြ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဤ​အ​ရပ်၌​မ​ရှိ၊ ထ​မြောက်​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ကိုယ်တော်​သည် ဤ​အရပ်​၌​မ​ရှိ။ ထမြောက်​တော်မူ​ပြီ။ ဂါလိလဲ​နယ်​၌​ရှိ​တော်မူ​စဉ် သင်​တို့​အား​မည်သို့​မိန့်​တော်မူ​ခဲ့​သည်​ကို သတိရ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6-7 ထို​အရှင်​သည် ဤ​နေရာ​တွင် မရှိ။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ။ ဂါလိလဲပြည်​၌ ရှိတော်မူ​စဉ် အရှင်​က သင်တို့​အား ‘လူသား​သည် အပြစ်သားများ​လက်သို့ အပ်နှံခြင်း​ကို ခံရမည်။ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း​ခံရမည်။ ထို့နောက် သုံးရက်မြောက်သော​နေ့​၌ သေခြင်း​မှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်​ကို သတိရကြလော့” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:6
19 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​တို့​ကို မိန့်​တော်​မူ၏။


ထို​မှ​တစ်​ပါး၊ လူ​သား​သည် များ​စွာ​ခံ​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့၏ ငြင်း​ပယ်​ခြင်း​ကို​လည်း​ကောင်း၊ အ​သေ​သတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​စ​ပြု​တော်​မူ၏။-


ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-


ထို​သို့ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​ကို လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ချီး​မွမ်း​ကြ​စဉ် တ​ပည့်​တော်​တို့​အား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​မှတ်​မိ​ကြ​လော့။ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန်​နီး​ပြီ​ဟု မိန့်​တော်​မူ၏။-


ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။-


ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-


ယော​န​သည် ငါး​ကြီး​ဝမ်း​ထဲ​မှာ သုံး​ရက်​နေ​ရ​သ​ကဲ့​သို့၊ လူ​သား​သည် မြေ​ကြီး​ထဲ​မှာ သုံး​ရက်​နေ​ရ​လ​တ္တံ့။-


ထို​သူ​က​လည်း၊ ထိတ်​လန့်​မိန်း​မော​ခြင်း မ​ရှိ​ကြ​နှင့်။ လက်​ဝါး​ကပ်​တိုင်​မှာ သတ်​သော​နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို သင်​တို့​ရှာ​ကြ၏။ ထို​သူ​သည် ထ​မြောက်​တော်​မူ​ပြီ။ ဤ​အ​ရပ်၌ မ​ရှိ။ အ​လောင်း​တော်​ထား​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-


ထို​မိန်း​မ​တို့​သည် ကြောက်​လန့်​သော​စိတ်​နှင့် ငုံ့၍​နေ​စဉ်​တွင်၊ ထို​သူ​တို့​က၊ သင်​တို့​သည် အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်၌ အ​သက်​ရှင်​သော​သူ​ကို အ​ဘယ်​ကြောင့် ရှာ​ကြ​သ​နည်း။-


စု​ဝေး​သော​သူ​တို့​က​လည်း၊ သ​ခင်​ဘု​ရား​သည် အ​မှန်​ထ​မြောက်​တော်​မူ​ပြီ။ ရှိ​မုန်​အား ကိုယ်​ကို​ပြ​တော်​မူ​ပြီ​ဟု ပြော​ဆို​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ