Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 28:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို​အရှင်​သည် ဤ​နေရာ​တွင် မရှိပါ။ မိန့်တော်မူခဲ့သည့်​အတိုင်း သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ။ အလောင်းတော်​ထားသည့် နေရာ​ကို လာ​၍ ကြည့်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ကိုယ်​တော်​သည်​ယ​ခင်​က​မိန့်​တော်​မူ​သည့်​အ​တိုင်း သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီ။ လျောင်း တော်​မူ​သည့်​နေ​ရာ​ကို​ကြည့်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကိုယ် တော် သည် ဤ တွင် မ ရှိ။ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ရှင် ပြန် ထ မြောက် တော် မူ ပြီ။ စက် တော် မူ နေ သော နေ ရာ ကို လာ ကြည့် ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ကိုယ်တော်​သည် ဤ​နေရာ​၌​မ​ရှိ။ အကြောင်းမူကား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ထမြောက်​တော်မူ​ပြီ။ ကိုယ်တော်​လျောင်း​တော်မူ​ခဲ့​သည့်​နေရာ​ကို လာ​ကြည့်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ဤ​အ​ရပ်၌ မ​ရှိ။ မိန့်​တော်​မူ​သည်​အ​တိုင်း ထ​မြောက်​တော်​မူ​ပြီ။ လာ​ကြ၊ သ​ခင်​လျောင်း​တော်​မူ​ရာ​အ​ရပ်​ကို ကြည့်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 28:6
17 ပူးပေါင်းရင်းမြစ်များ  

ယောန​သည် ငါး​ကြီး​၏ ဝမ်းတွင်း​၌ သုံးရက်​နှင့် သုံးည​တိုင် နေရ​သကဲ့သို့ လူသား​သည် မြေကြီး​ထဲ​၌ သုံးရက်​နှင့် သုံးည နေရ​လိမ့်မည်။


ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု တပည့်တော်တို့​အား မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့​သည် အလွန်​ဝမ်းနည်းကြ၏။


တောင်ပေါ်​မှ ဆင်းလာကြ​စဉ် ယေရှု​က “လူသား​သည် သေခြင်း​မှ မထမြောက်​မီ​အထိ သင်တို့​မြင်တွေ့ခဲ့ရသော ရူပါရုံ​ကို မည်သူ့​ကိုမျှ မပြောကြနှင့်” ဟု သူတို့​အား မှာကြားတော်မူ၏။


လူသား​ကို လူမျိုးခြားတို့​၏​လက်​သို့ အပ်နှံ​၍ ပြက်ရယ်ပြုခြင်း၊ ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်​တွင် သတ်ခြင်း စသည်တို့​ကို​ပြု​စေ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


“အရှင်မင်းကြီး… ထို​လှည့်ဖြားသူ​အသက်ရှင်​စဉ်အခါ​က ‘ငါ​သည် သုံးရက်​ကြာ​ပြီးနောက် သေခြင်း​မှ ထမြောက်မည်’ ဟု ပြောဆိုခဲ့သည်​ကို အကျွန်ုပ်တို့ မှတ်မိပါ၏။


သို့သော် ထို​သူ​က “မထိတ်လန့်ကြနှင့်။ လက်ဝါးကပ်တိုင်​ပေါ်တွင် အသတ်ခံရသည့်​နာဇရက်မြို့သား​ယေရှု​ကို ရှာနေကြသည် မဟုတ်လော။ ထို​အရှင်​သည် ဤ​နေရာ​တွင် မရှိပါ။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူပြီ။ ကြည့်ကြလော့။ ဤ​နေရာ​သည် အလောင်းတော်​ထားသည့် နေရာ​ဖြစ်၏။


ထို့နောက် ယေရှု​က လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏ ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူ​လိမ့်မည်​ဟူသော အကြောင်းအရာများ​ကို သွန်သင်တော်မူ၏။


ပေတရု​က​မူ ထ​၍ သင်္ချိုင်းဂူ​သို့​ပြေးလေ၏။ ရောက်​လျှင် ငုံ့​၍​ကြည့်​သော် ပိတ်ချောထည်များ​ကိုသာ မြင်လေ၏။ ထို့နောက် ဖြစ်ပျက်ခဲ့သည့်​အရာ​ကို အံ့အားသင့်​လျက် မိမိ​အိမ်​သို့​ပြန်လေ၏။


အလောင်းတော်​ကို မတွေ့ဘဲ​ပြန်လာကြ၏။ ယေရှု​သည် အသက်ရှင်တော်မူကြောင်း​ပြောသည့် ကောင်းကင်တမန်များ​ကိုလည်း ရူပါရုံ​တွင် မြင်တွေ့ကြကြောင်း ပြောပြ​သဖြင့် ငါတို့​သည် အံ့အားသင့်ကြ၏။


ထို့နောက် ယေရှု​က “မောရှေ​၏​ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများ​နှင့် ဆာလံကျမ်းများ​တွင် ငါ့​အကြောင်း​နှင့် ပတ်သက်၍ ရေးသားထား​သမျှသော​အရာ​အားလုံး​သည် ဖြစ်ပျက်လာ​ရမည်​ဟူ၍ သင်တို့​နှင့်အတူ​ရှိ​စဉ်က ငါ​ပြောဆိုပြီ” ဟု မိန့်တော်မူ၏။


ငါ​သည် အသက်​ကို ပြန်လည်ရယူ​ရန် ကိုယ့်​အသက်​ကို စွန့်​သောကြောင့် ခမည်းတော်​သည် ငါ့​ကို ချစ်တော်မူ၏။


ယေရှု​က “ဤ​ဗိမာန်တော်​ကို ဖြိုဖျက်လော့။ သုံးရက်​အတွင်း ငါ​ပြန်လည်​တည်ဆောက်မည်” ဟု မိန့်တော်မူ၏။


သို့သော်လည်း ဘုရားသခင်​သည် ထို​အရှင်​ကို သေခြင်းမှ​ရှင်ပြန်​ထမြောက်စေတော်မူ​၍ သေခြင်းနှင့်​ဆိုင်သော​ဝေဒနာ​မှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုး​သည် ထို​အရှင်​ကို အစဉ်​ချုပ်နှောင်ထား​ရန် မဖြစ်နိုင်​သောကြောင့်​ပင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ