ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
လုကာ 23:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။ Common Language Bible ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။- Garrad Bible ထိုက် သင့် ရာ ဒဏ် ကို တ ရား အ တိုင်း ခံ ရ ကြ ပြီ။ ဤ အ ရှင် မူ ကား မ သင့် မ လျော် ပြု ဘူး သည် မ ဟုတ် ဟု ဆို ပြီး လျှင်၊ Judson Bible ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။ မြန်မာ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- |
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ပိလတ်မင်းသည် မိမိဆက်လက်ပြောဆိုရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် လူထု ရုန်းရင်းဆန်ခတ်ဖြစ်လာမည့်အခြေအနေကို မြင်လေ၏။ ထို့ကြောင့် လူထုရှေ့တွင် ရေဇလုံ၌ သူ၏ လက်ကို ဆေးကာ “ဤသူသေရခြင်းမှာ ငါ၏ တာဝန်မဟုတ်။ သင်တို့၏ တာဝန်သာဖြစ်သည်” ဟု ဆိုလေ၏။
“ကျွန်ုပ်သည် အပြစ်ကင်းသောသူကို သစ္စာဖောက်၍ အပြစ်ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထိုသူတို့က “ဤကိစ္စသည် ငါတို့နှင့် မည်သို့ဆိုင်သနည်း။ သင့်ကိစ္စကို သင်ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။
ရောမတပ်မှူးနှင့်အတူ ယေရှုကို စောင့်ကြည့်နေကြသော အခြားစစ်သားတို့သည် မြေငလျင်လှုပ်၍ ဖြစ်ပျက်သမျှကို တွေ့မြင်ကြသောအခါ အလွန်ကြောက်လန့်ကြ၏။ သူတို့က “ဤသူသည် ဧကန်အမှန်ပင် ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဆိုကြ၏။
သို့ရာတွင် အခြားသောရာဇဝတ်သားက ထိုသူအား “သင်သည် သူနှင့်တူညီသောပြစ်ဒဏ် ခံရလျက်ပင် ဘုရားသခင်ကို မကြောက်သလော။
ထို့နောက် ယေရှုအား “အရှင်ယေရှု… ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်တော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။
ယုံကြည်သော သင်တို့နှင့် ဆက်ဆံရာတွင် ကျွန်ုပ်တို့သည် မည်သို့သန့်ရှင်း ဖြောင့်မတ်ပြီး အပြစ်ဆိုဖွယ်မရှိသူများဖြစ်ကြောင်းကို သင်တို့နှင့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ သက်သေများဖြစ်၏။
ထို့ကြောင့် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးသွားလိမ့်မည်။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
ပုတ်ခတ်ပြောဆိုခံရသောအခါ ပြန်၍မတုံ့ပြန်။ ဆင်းရဲဒုက္ခကိုခံရသောအခါ လက်စားချေမည်ဟု ခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မတ်စွာ စီရင်တော်မူသော ဘုရားသခင်ထံ မိမိအမှုကို အပ်နှံတော်မူ၏။