Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 23:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 ထို့နောက် ယေရှု​အား “အရှင်​ယေရှု… ကိုယ်တော်​၏​နိုင်ငံတော်​ထဲသို့ ဝင်တော်မူ​သောအခါ အကျွန်ုပ်​ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 ထို​နောက်​သ​ခင်​ယေ​ရှု​အား ``အ​ရှင်​အုပ်​စိုး​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို​သ​တိ ရ​တော်​မူ​ပါ'' ဟု​လျှောက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 အို ယေ ရှု၊ နိုင် ငံ တော် သို့ ကြွ လာ သော် ကျွန် တော် ကို သ တိ ရ တော် မူ ပါ ဟု လျှောက် သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 သ​ခင်၊ ကိုယ်​တော်​သည် နိုင်​ငံ​တော်​တည်​လျက် ကြွ​လာ​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ​ဟု ယေ​ရှု​ကို လျှောက်​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 23:42
20 ပူးပေါင်းရင်းမြစ်များ  

သင်တို့​အား ငါ​ပြောမည်။ လူတို့​ရှေ့တွင် ငါ့​ကို ထုတ်ဖော်ဝန်ခံ​သူ ရှိသမျှတို့​အား လူသား​သည်လည်း ဘုရားသခင်​၏​ကောင်းကင်တမန်များ​ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။


အခွန်​ကောက်သူ​မှာ အဝေး​မှ ရပ်​လျက် ကောင်းကင်​သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်​ကို လက်​ဖြင့် ထု​၍ ‘ဘုရားသခင်… အပြစ်သား​ဖြစ်သော အကျွန်ုပ်​ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။


ငါတို့​သည် အမှန်​ပင် ကိုယ့်​ပြစ်မှုများ​အတိုင်း ထိုက်သင့်သည့်​ပြစ်ဒဏ်​ကို တရား​စွာ​ခံရကြ၏။ သို့သော် ဤ​သူ​သည် မည်သည့်​ပြစ်မှု​ကို​မျှ မကျူးလွန်ပါ” ဟု ပြောဆို​ဆုံးမ၏။


ထိုအခါ ယေရှု​က “သင့်​အား ငါ​အမှန်​ဆို၏။ ယနေ့ သင်​သည် ငါ​နှင့်အတူ ပရဒိသုဘုံ​တွင်​ရှိ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ခရစ်တော်​သည် ဤ​ဒုက္ခများ​ကို ခံ​၍ မိမိ​၏​ဘုန်းတော်​သို့ စံမြန်း​ရမည်​မဟုတ်လော” ဟု မိန့်တော်မူ၏။


ထိုအခါ နာသနေလ​က “ဆရာတော်… ဆရာတော်​သည် ဘုရားသခင်​၏ သားတော်​ဖြစ်တော်မူ၏၊ အစ္စရေးတို့​၏ ရှင်ဘုရင်​လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။


သောမ​က “အကျွန်ုပ်​၏​သခင်… အကျွန်ုပ်​၏​ဘုရား​ပင် ဖြစ်ပေ၏” ဟု ပြန်၍​လျှောက်၏။


ပေါလု​နှင့်​သိလ​တို့​ကလည်း “သခင်​ယေရှု​ကို ယုံကြည်လော့။ သင်​နှင့် သင်​၏​အိမ်သား​အားလုံးတို့​သည် ကယ်တင်ခြင်း​ခံရမည်” ဟု ပြောကြ၏။


နောင်တရ​၍ ဘုရားသခင်​ထံတော်​သို့ ပြန်လာကြ​စေရန်​နှင့် ကျွန်ုပ်တို့​၏​သခင်​ယေရှု​ကို ယုံကြည်​စေရန် ဂျူးလူမျိုးများ​နှင့် ဂရိလူမျိုးများ​ကို လေးနက်စွာ ဟောပြောခဲ့၏။


ထို​ပရောဖက်တို့​ထဲ၌ ရှိသော ခရစ်တော်​၏​ဝိညာဉ်​သည် ခရစ်တော်​၏ ဆင်းရဲဒုက္ခများ​အကြောင်း​ကို​လည်းကောင်း၊ ထို​ဆင်းရဲဒုက္ခ​ခံရ​ပြီးနောက် စံစားရမည့်​ဘုန်းအသရေ​အကြောင်း​ကို​လည်းကောင်း ကြိုတင်​သက်သေခံ​သောအခါ မည်သည့်​အချိန်​နှင့် မည်သည့်​အခြေအနေ​၌​ဖြစ်ပျက်မည်​ကို ရည်ညွှန်းကြောင်း ထို​ပရောဖက်တို့​က စူးစမ်းခဲ့ကြ၏။


ယေရှု​သည် ခရစ်တော်​ဖြစ်တော်မူကြောင်း​ကို ယုံကြည်သောသူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်ပြီး အဖ​ဘုရားသခင်​ကို​ချစ်သောသူ​တိုင်း​သည် အဖ​ဘုရားသခင်​၏​သားသမီးများ​ကိုလည်း ချစ်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ