ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
လုကာ 23:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပိလတ်မင်းက ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် လူထုတို့အား “ဤလူထံတွင် မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့” ဟု ဆိုလေ၏။ Common Language Bible ထိုနောက်ပိလတ်မင်းက ``ဤသူအားစွဲချက် တင်ရန်အကြောင်းတစ်စုံတစ်ရာမျှငါမတွေ့'' ဟုယဇ်ပုရောဟိတ်ကြီးများနှင့်လူအပေါင်း တို့အားဆို၏။ Garrad Bible ပ ရော ဟိတ် ကြီး နှင့် လူ ပ ရိ သတ် အား ဤ သူ၌ ပြစ် မှု တစ် စုံ တစ် ရာ ငါ မ တွေ့ ဟု ပိ လတ် မင်း ဆို သည့် ကာ လ၊ Judson Bible ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။ မြန်မာ ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ဟု ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊- |
ထိုအချိန်၌ ပိလတ်မင်းသည် တရားခွင်တွင် ထိုင်နေစဉ် သူ၏ ဇနီးက “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အဘယ်ကြောင့်ဆိုသော် ငါသည် မနေ့ညက အိပ်မက်တွင် ထိုသူနှင့်ပတ်သက်၍ အလွန်စိတ်ဒုက္ခရောက်ရပါ၏” ဟု ပိလတ်မင်းထံသို့ သတင်းပို့လေ၏။
ပိလတ်မင်းက တစ်ဖန် “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်ပြစ်မူကို ကျူးလွန်ခဲ့သနည်း” ဟု ဆက်၍ မေးပြန်သော် လူထုက “လက်ဝါးကပ်တိုင်တွင် သတ်ပါ” ဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်ကြ၏။
ပိလတ်မင်းက “သူသည် မည်သို့သောပြစ်မှုကို ကျူးလွန်သနည်း။ သေဒဏ်ပေးရမည့်ပြစ်မှုကို သူ့ထံတွင် ငါမတွေ့ရပါ။ ထို့ကြောင့် သူ့အား ငါကြိမ်ဒဏ်ပေး၍ လွှတ်လိုက်မည်” ဟု တတိယအကြိမ်ဆိုလေ၏။
ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း” ဟု မေး၏။ ထို့နောက် ပိလတ်မင်းသည် ဂျူးလူမျိုးများရှိရာ အပြင်သို့ တစ်ဖန်ထွက်၍ “ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
သို့သော်လည်း သူသည် သေဒဏ်ထိုက်သောပြစ်မှု တစ်စုံတစ်ခုမျှ မကျူးလွန်ခဲ့သည်ကို ကျွန်ုပ်သိရပါ၏။ သူကိုယ်တိုင် ဆီဇာဘုရင်ထံ အယူခံဝင်ရန်တောင်းဆိုသဖြင့် သူ့ကို ရောမမြို့သို့ ပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါ၏။
အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
အပြစ်အနာဆာနှင့် အစွန်းအထင်းကင်းသည့် သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အဖိုးတန်သည့် အသွေးတော်ဖြင့် ရွေးနုတ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူသောကြောင့်ဖြစ်၏။ သင်တို့ကို ဘုရားသခင်ထံ ပို့ဆောင်ရန် ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား အသေခံတော်မူ၏။ ထိုသို့ ခန္ဓာအားဖြင့် သေသော်လည်း ဝိညာဉ်အားဖြင့် ပြန်ရှင်တော်မူ၏။