ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
လုကာ 21:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။ Common Language Bible ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။- Garrad Bible ကိုယ် တော် သည် နေ့ စဉ် ဗိ မာန် တော် တွင် ဒေ သ နာ ပေး ပြီး လျှင် ညဉ့် အ ခါ ထွက် ကြွ၍ သံ လွင် ခေါ် တောင် ပေါ် တွင် တည်း နေ တော် မူ တတ်၏။ Judson Bible ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသောတောင်သို့ သွား၍ ညကို လွန်စေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် နေ့အခါများ၌ ဗိမာန်တော်တွင် သွန်သင်တော်မူပြီး ညအခါများ၌မူ အပြင်သို့ထွက်သွား၍ သံလွင်အမည်ရှိသောတောင်ပေါ်၌ ညကိုကုန်လွန်စေတော်မူ၏။ မြန်မာ ထိုသို့ ကိုယ်တော်သည် နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင် သံလွင်အမည်ရှိသောတောင်သို့ သွား၍ ညကို လွန်စေတော်မူ၏။- |
ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
နောက်တစ်နေ့နံနက်တွင် ကိုယ်တော်နှင့် တပည့်တော်တို့သည် ဗေသနိရွာမှ ပြန်လာကြစဉ် ကိုယ်တော်သည် ဆာလောင်တော်မူ၏။
ငါသည် နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူ ရှိလျက် ဗိမာန်တော်တွင် ဟောပြောသွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ငါနှင့်ပတ်သက်၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။
သံလွင်ဟု အမည်တွင်သော တောင်အနီးရှိ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်သောအခါ တပည့်တော်နှစ်ပါးအား သွားနှင့်စေ၍
သံလွင်တောင်အဆင်းနေရာသို့ ရောက်တော်မူသောအခါ နောက်လိုက်လူထုကြီးတစ်ရပ်လုံးက မိမိတို့မြင်တွေ့ခဲ့ရသည့် အံ့ဖွယ်တန်ခိုးတော်များကိုထောက်ရှု၍ ကျယ်လောင်သောအသံဖြင့် ဝမ်းသာရွှင်လန်းစွာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ ထိုသူတို့က
ထို့နောက် ယေရှုသည် ဗိမာန်တော်၌ နေ့စဉ်ဟောပြောသွန်သင်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် လူထုခေါင်းဆောင်များက ယေရှုကို သတ်ရန် ကြံစည်လျက် နေကြ၏။
ထို့နောက် ယေရှုသည် အပေါ်ထပ်ခန်းမကြီးမှ ထွက်ခွာ၍ အလေ့အထရှိတော်မူသည့်အတိုင်း သံလွင်တောင်သို့ ကြွတော်မူရာ တပည့်တော်များသည်လည်း နောက်တော်သို့ လိုက်ကြ၏။
ပသခါပွဲတော် မကျင်းပမီ ခြောက်ရက်အလိုတွင် ယေရှုသည် ဗေသနိရွာသို့ ကြွတော်မူ၏။ ထိုရွာမှာ ယေရှုကိုယ်တိုင် သေရာမှပြန်ရှင်စေတော်မူခဲ့သော လာဇရု နေထိုင်သည့်ရွာ ဖြစ်၏။
ထိုဥယျာဉ်သို့ ယေရှုသည် တပည့်တော်တို့နှင့်အတူ မကြာခဏသွားလေ့ရှိသဖြင့် ယေရှုကို သစ္စာဖောက်သောယုဒသည် ထိုနေရာကို သိ၏။
ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီးခန့် ကွာဝေး၏။