တမန်တော်ဝတ္ထု 1:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီးခန့် ကွာဝေး၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ထိုနောက်တမန်တော်တို့သည်သံလွင်နာမည် တွင်သောတောင်မှ ယေရုရှလင်မြို့သို့ပြန်ကြ၏။ သံလွင်တောင်သည်ယေရုရှလင်မြို့နှင့်ခရီး မိုင်ဝက်ခန့်ဝေး၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ထို နောက် တ မန် တော် တို့ သည် ယေ ရု ရှ လင် မြို့ နှင့် ဥ ပုသ် နေ့ ခ ရီး တာ မျှ သာ ကွာ သော သံ လွင် ခေါ် တောင် မှ မြို့ တော် သို့ ပြန် သွား ၍၊ အခန်းကိုကြည့်ပါ။Judson Bible12 ထိုအခါ ယေရုရှလင်မြို့နှင့် ဥပုသ်နေ့တစ်နေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် သူတို့သည် သံလွင်အမည်ရှိသောတောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ ထိုတောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခန့်အကွာအဝေး၌ရှိ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ထိုင်တော်မူစဉ် တပည့်တော်တို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍ “ထိုအရာများအားလုံးသည် မည်သည့်အချိန်၌ ဖြစ်ပျက်ပါမည်နည်း။ သခင် ကြွလာချိန်နှင့် ကမ္ဘာကုန်ဆုံးချိန်၌ မည်သည့်နိမိတ်များ ဖြစ်ပေါ်မည်နည်း။ အကျွန်ုပ်တို့အား မိန့်တော်မူပါ” ဟု လျှောက်ကြ၏။