Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 21:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ ဗေသနိရွာ​သို့ ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​တည်းခိုတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို​နောက်​သ​ခင်​ယေ​ရှု​သည်​မြို့​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ​၍​ထို​ည​တည်း​ခို​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို သူ တို့ ရှိ ရာ မှ မြို့ ပြင် ဗေ သ နိ ရွာ သို့ ထွက် ကြွ တည်း ခို တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ထို့နောက် ကိုယ်တော်​သည် သူ​တို့​ကို​ထား​ခဲ့​၍ မြို့​ထဲမှ​ထွက်ခွာ​လျက် ဗေသနိ​ရွာ​သို့​ကြွ​ကာ ထို​ရွာ​၌ တစ်ညတာ​ကုန်လွန်​စေ​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

17 ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 21:17
16 ပူးပေါင်းရင်းမြစ်များ  

ဆိုးညစ်​၍ ဘုရားသခင်​ကို မယုံကြည်သော​မျိုးဆက်​သည် နိမိတ်​လက္ခဏာ​ကို တောင်းတတ်၏။ သို့သော် ငါ​သည် ပရောဖက်​ယောန​၏​နိမိတ်​လက္ခဏာ​မှလွဲ၍ မည်သည့်​နိမိတ်​လက္ခဏာ​ကိုမျှ ပြမည်​မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှု​သည် သူတို့​ထံမှ ထွက်ခွာ​၍ ကြွတော်မူ၏။


ယေရှု​သည် ဗေသနိရွာ​၌​ရှိသော အနာကြီးရောဂါ​စွဲကပ်ဖူးသူ ရှိမုန်​၏​အိမ်​၌ ရှိတော်မူ​စဉ်


ကိုယ်တော်​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ချဉ်းကပ်​၍ သံလွင်တောင်ခြေ​၌ ရှိသော ဗက်ဖာဂေရွာ​နှင့် ဗေသနိရွာ​သို့ ရောက်လာကြ၏။ ထိုအခါ ယေရှု​သည် တပည့်တော်​နှစ်ပါး​ကို စေလွှတ်​၍


ထို့နောက် ကိုယ်တော်​သည် ဂျေရုဆလင်မြို့​သို့ ကြွ​၍ ဗိမာန်တော်​သို့ ဝင်တော်မူ​လျက် ရှိသမျှ​အရာတို့​ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်း​အချိန်​ရောက်​သဖြင့် တပည့်တော်​ဆယ့်နှစ်ပါး​နှင့်အတူ ဗေသနိရွာ​သို့ ကြွတော်မူ၏။


ညနေခင်း ရောက်​သောအခါ ယေရှု​နှင့် တပည့်တော်တို့​သည် မြို့​မှ ထွက်သွားကြ၏။


ယေရှု​သည် ဗေသနိရွာ​ရှိ အနာကြီးရောဂါ​စွဲကပ်ဖူးသူ ရှိမုန်​၏​အိမ်​၌ ရှိတော်မူ​စဉ် အမျိုးသမီး​တစ်ဦး​သည် အလွန်​တန်ဖိုး​ကြီးသည့် နာဒု​ဆီမွှေး​အစစ်​ထည့်ထားသော ကျောက်ဖြူဘူး​တစ်လုံး​ကို ကိုင်​၍ ရောက်လာ၏။ ထို့နောက် သူ​သည် ဘူး​ကို ခွဲဖွင့်ပြီး​လျှင် ထို​ဆီမွှေး​ကို ယေရှု​၏ ခေါင်းတော်​ပေါ်၌ လောင်းလေ၏။


ယေရှု​သည် တပည့်တော်တို့​နှင့်အတူ အိုင်​သို့ ကြွတော်မူ​လျှင် လူအုပ်ကြီး​သည်လည်း နောက်တော်​သို့ လိုက်ကြ၏။ ထို​သူတို့​သည် ဂါလိလဲပြည်​မှစ၍ ယုဒပြည်၊


ယေရှု​နှင့် တပည့်တော်တို့​သည် ဂျေရုဆလင်မြို့​သို့ ခရီးသွားကြ​စဉ် ယေရှု​သည် ရွာ​တစ်ရွာ​သို့ ဝင်​တော်မူ၏။ ထို​ရွာ​မှ မာသ​ဟု ခေါ်သော​အမျိုးသမီး​သည် ယေရှု​ကို မိမိ​အိမ်​သို့ ကြိုဆိုဧည့်ခံလေ၏။


သံလွင်​ဟု အမည်တွင်သော တောင်​အနီး​ရှိ ဗက်ဖာဂေရွာ​နှင့် ဗေသနိရွာ​သို့ ရောက်​သောအခါ တပည့်တော်​နှစ်ပါး​အား သွားနှင့်​စေ​၍


ထို့နောက် ယေရှု​သည် တပည့်တော်တို့​အား ဗေသနိရွာ​ထိတိုင် ခေါ်ဆောင်သွားပြီး​လျှင် လက်တော်​ကို​မြှောက်​၍ ကောင်းချီးပေးတော်မူ၏။


လာဇရု​အမည်​ရှိသော လူတစ်ဦး​သည် ဖျားနာ​လျက်​ရှိ၏။ သူ​သည် မာရိ​နှင့် မာသ​ဟု ခေါ်သော သူ​၏ အစ်မ​နှစ်ဦးတို့​နှင့်အတူ ဗေသနိရွာ​တွင်​နေထိုင်၏။


ဗေသနိရွာ​သည် ဂျေရုဆလင်မြို့​နှင့် နှစ်မိုင်​ခန့်သာ ကွာဝေး၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ