ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
လုကာ 21:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အပျော်အပါးလိုက်စား၍ သောက်စားမူးယစ်ခြင်း၊ လောကီဘဝအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်းစေရန် သတိပြုကြလော့။ ထိုသို့မဟုတ်ပါက ထိုနေ့ရက်သည် ထောင်ချောက်ကဲ့သို့ သင်တို့အပေါ် ရုတ်တရက်ကျရောက်လာလိမ့်မည်။ Common Language Bible ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။- Garrad Bible သို့ ရာ တွင် မြေ တစ် ပြင် လုံး ရှိ သူ တို့ အ ပေါ် သို့ ရောက် အံ့ သော ထို နေ့ သည် သောက် ကြူး မူး ယစ် ခြင်း၊ ယ ခု ဘ ဝ သော က ရှိ ခြင်း များ ဖြင့် စိတ် နှ လုံး ထိုင်း မှိုင်း စဉ် ကျော့ ကွင်း သ ဖွယ် သင် တို့ အ ပေါ် သို့ ရုတ် တ ရက် မ ရောက် စေ ရန် သ တိ မူ ကြ လော့။ Judson Bible သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။ မြန်မာ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့် တွေ့ကြုံလိမ့်မည်။- |
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာကိုစိုးရိမ်ခြင်းနှင့် စည်းစိမ်၏ဖြားယောင်းခြင်းတို့က ထိုတရားစကားကို လျင်မြန်စွာ ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူကို ဆိုလို၏။
ဤအရာများစတင် ဖြစ်ပွားလျှင် သတိရှိကြလော့။ လူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ရိုက်နှက်ကြလိမ့်မည်။ ငါ၏နောက်လိုက်များဖြစ်သောကြောင့် သင်တို့ကို ရှင်ဘုရင်များနှင့် အစိုးရအာဏာပိုင်များရှေ့သို့ ခေါ်ဆောင်သွားကြလိမ့်မည်။ ဤအရာသည် သင်တို့ကို ငါ့အကြောင်းသက်သေခံရသောအခွင့် ဖြစ်စေလိမ့်မည်။
လောကီရေးရာကိုစိုးရိမ်ခြင်း၊ စည်းစိမ်၏ဖြားယောင်းခြင်းနှင့် အခြားတပ်မက်ခြင်းတို့က ထိုတရားစကားကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်ကြ။
ယေရှုကလည်း “အို မာသ… မာသ… သင်သည် အလုပ်များကြောင့် စိုးရိမ်ပူပန်လျက် နှောင့်ယှက်ခြင်းကို ခံရလေပြီ။
သင်တို့လည်း အသင့်ရှိစေကြလော့။ လူသားသည် မမျှော်လင့်သောအချိန်တွင် ကြွလာမည်” ဟု မိန့်တော်မူ၏။
သင်တို့သည် သတိရှိကြလော့။ အကယ်၍ သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် ဆုံးမလော့။ နောင်တရလျှင် ခွင့်လွှတ်လော့။
အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် ကမ္ဘာ့မြေမျက်နှာတစ်ပြင်လုံးပေါ်တွင် နေထိုင်သောသူများအားလုံးအပေါ်သို့ ကျရောက်လာမည်ဖြစ်သောကြောင့်ပင်။
ယေရှုက “သင်တို့သည် လှည့်စားမခံရစေရန် သတိပြုကြလော့။ အဘယ်ကြောင့်ဆိုသော် လူများစွာတို့သည် ငါ့အယောင်ကိုဆောင်၍ ‘ငါသည် ယေရှုဖြစ်၏’ ဟူ၍ လည်းကောင်း၊ ‘အချိန်နီးကပ်ပြီ’ ဟူ၍ လည်းကောင်း ပြောကြလိမ့်မည်။ သို့သော် ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။
ဆူးပင်ကြားတွင် ကျသောမျိုးစေ့မှာ တရားစကားကို ကြားသော်လည်း သူတို့၏စိုးရိမ်ပူပန်ခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် ကြီးထွားခြင်းကို ပိတ်ဆို့ထားသဖြင့် အသီးမသီးနိုင်သောသူတို့ကို ဆိုလို၏။
ကျွန်ုပ်ဆိုလိုသည်မှာ ယုံကြည်သူဖြစ်သည်ဟု ဆိုလျက် တရားနှင့်မညီသော မေထုန်ကို ပြုသူ၊ လောဘကြီးသူ၊ ရုပ်တုကိုးကွယ်သူ၊ ဆဲရေးတိုင်းထွာသူ၊ သောက်စားမူးရူးသူ၊ လိမ်လည်လှည့်ဖြားသူဖြစ်နေလျှင် ထိုသူနှင့် မပေါင်းဖော်ကြရန် သာမက သူနှင့်အတူ စားသောက်ခြင်းကိုပင် မပြုကြနှင့်ဟူ၍ ဖြစ်၏။
သူခိုးများ၊ လောဘကြီးသူများ၊ သောက်စားမူးရူးသူများ၊ ဆဲရေးတိုင်းထွာသူများ၊ လှည့်စားလိမ်ယူသူများသည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေခံရကြမည်မဟုတ်ပေ။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အခြေအနေတိုင်း၌ ကျေးဇူးတော်ကို ချီးမွမ်း၍ ဆုတောင်းခြင်း၊ အသနားခံခြင်းတို့ဖြင့် သင်တို့ လိုအပ်သောအရာများကို ဘုရားသခင်ထံ တောင်းလျှောက်ကြလော့။
မည်သူမျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မဆုံးရှုံးစေရန် သတိပြုလော့။ သင်တို့ကို ဒုက္ခပေး၍ လူများစွာကို ညစ်ညူးစေမည့် ခါးသီးသောအမြစ်ကို မပေါက်ပွားစေရန် သတိပြုလော့။
သို့သော် ထာဝရဘုရား၏နေ့ရက်သည် သူခိုးကဲ့သို့ ရောက်လာလိမ့်မည်။ ကောင်းကင်သည် မြည်ဟည်း၍ ပျောက်ကွယ်လိမ့်မည်။ လောကဓာတ်တို့သည် အလွန်ပူပြင်း၍ ပျက်ပြယ်သွားကြလိမ့်မည်။ ကမ္ဘာမြေကြီးနှင့် ကမ္ဘာမြေပေါ်တွင် ပြုလုပ်ထားသမျှ အရာအားလုံးသည် ပျောက်ကွယ်သွားလိမ့်မည်။
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။
ထို့ကြောင့် သင်သည် ကြားနာ၍ ခံယူပြီးသောအရာကို သတိရလျက် လိုက်နာလော့။ နောင်တရလော့။ သင်မနိုးထလျှင် သူခိုးကဲ့သို့ ငါလာမည်။ မည်သည့်အချိန်၌ လာမည်ကို သင်သိရမည်မဟုတ်။