Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 21:34 - မြန်မာ

34 သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34-35 ``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34-35 သို့ ရာ တွင် မြေ တစ် ပြင် လုံး ရှိ သူ တို့ အ ပေါ် သို့ ရောက် အံ့ သော ထို နေ့ သည် သောက် ကြူး မူး ယစ် ခြင်း၊ ယ ခု ဘ ဝ သော က ရှိ ခြင်း များ ဖြင့် စိတ် နှ လုံး ထိုင်း မှိုင်း စဉ် ကျော့ ကွင်း သ ဖွယ် သင် တို့ အ ပေါ် သို့ ရုတ် တ ရက် မ ရောက် စေ ရန် သ တိ မူ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 သင်​တို့​သည် ကိုယ့်ကိုယ်ကိုယ်​သတိထား​ကြ​လော့။ သို့မဟုတ်လျှင် အပျော်ကြူး​ခြင်း၊ သောက်စား​မူးယစ်​ခြင်း​နှင့် အသက်ရှင်​ရေး​အတွက် စိုးရိမ်​ပူပန်​ခြင်း​တို့​ကြောင့် သင်​တို့​စိတ်နှလုံး​လေးလံ​ထိုင်းမှိုင်း​နေ​ကြ​စဉ် ထို​နေ့ရက်​သည် ကျော့ကွင်း​ကဲ့သို့ သင်​တို့​အပေါ်သို့ ရုတ်တရက်​ကျရောက်​လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 အပျော်အပါး​လိုက်စား​၍ သောက်စား​မူးယစ်ခြင်း၊ လောကီ​ဘဝ​အတွက် စိုးရိမ်ပူပန်ခြင်းတို့​ဖြင့် စိတ်နှလုံး မလေးလံမထိုင်းမှိုင်း​စေရန် သတိပြုကြလော့။ ထိုသို့​မဟုတ်​ပါက ထို​နေ့ရက်​သည် ထောင်ချောက်​ကဲ့သို့ သင်တို့​အပေါ် ရုတ်တရက်​ကျရောက်လာ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 21:34
37 ပူးပေါင်းရင်းမြစ်များ  

ဆူး​ပင်​တို့​တွင် အ​စေ့​ကို​ကြဲ​ခြင်း အ​ကြောင်း​အ​ရာ​ကား တ​ရား​စ​ကား​ကို​ကြား၍ လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း​နှင့် စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။-


သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။-


လော​ကီ​အ​မှု၌ စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ဥ​စ္စာ၏ လှည့်​စား​ခြင်း၊ ကြွင်း​သော​အ​ရာ​ကို တပ်​မက်​ခြင်း​စိတ်​တို့​သည် တ​ရား​စ​ကား​ကို လွှမ်း​မိုး​ညှဉ်း​ဆဲ​တတ်​သော​ကြောင့် အ​သီး​မ​သီး​နိုင်​ဟု ဆို​လို​သ​တည်း။-


ယေ​ရှု​က၊ မာ​သ၊ မာ​သ၊ သင်​သည် များ​စွာ​သော​အ​မှု​တို့၌ စိုး​ရိမ်၍ နှောင့်​ယှက်​ခြင်း​ကို ခံ​ရ၏။ လို​သော​အ​ရာ​တစ်​ခု​တည်း ရှိ၏။-


ထို​ကြောင့် သင်​တို့​သည် ပြင်​ဆင်​လျက်​နေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​မ​ထင်​မှတ်​သော​အ​ချိန်၌ လူ​သား​သည် ကြွ​လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။


သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သင်၏​ညီ​အစ်​ကို​သည် သင့်​ကို​ပြစ်​မှား​လျှင် သူ့​ကို ဆုံး​မ​လော့။ သူ​သည် နောင်​တ​ရ​လျှင် သူ၏​အ​ပြစ်​ကို​လွှတ်​လော့။-


ထို​နေ့​ရက်​သည် ပိုက်​ကွန်​ကဲ့​သို မြေ​တစ်​ပြင်​လုံး၌​နေ​သော လူ​အ​ပေါင်း​တို့​ကို အုပ်​မိ​လိမ့်​မည်။-


ကိုယ်​တော်​က၊ သင်​တို့​သည် လှည့်​ဖြား​ခြင်း​သို့ မ​လိုက်​မ​ပါ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏။ အ​ချိန်​ကာ​လ​လည်း ရောက်​လာ​ပြီ​ဟု​ဆို​လျက် ငါ၏​အ​ယောင်​ကို ဆောင်၍ ပေါ်​လာ​ကြ​လိမ့်​မည်။ ထို​သူ​တို့​နောက်​သို့ မ​လိုက်​ကြ​နှင့်။-


ဆူး​ပင်​တို့​တွင် ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ လော​ကီ​စိုး​ရိမ်​ခြင်း၊ စည်း​စိမ်​ကြွယ်​ဝ​ခြင်း၊ ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​တို့​သည် နှိပ်​စက်၍ အ​သီး​မ​သီး​သော​သူ​ကို ဆို​လို​သ​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ