သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
လုကာ 18:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်သည် တစ်ပတ်လျှင်နှစ်ကြိမ် အစာရှောင်ပါ၏။ ရရှိသောအရာများထဲမှ ဆယ်ပုံတစ်ပုံကိုလည်း လှူဒါန်းပါ၏’ ဟု ဆုတောင်း၏။ Common Language Bible အကျွန်ုပ်သည်ရက်သတ္တတစ်ပတ်လျှင်နှစ်ကြိမ် တိုင်တိုင်အစာရှောင်ပါ၏။ ရရှိသမျှဥစ္စာပစ္စည်း ၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏' ဟုဆုတောင်း ပတ္ထနာပြု၏။- Garrad Bible ခု နစ် ရက် တွင် နှစ် ကြိမ် အ စာ ရှောင် ခြင်း၊ ရ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ လှူ ခြင်း ပြု တတ် ပါ သည် ဟု အ သီး အ ခြား ပ ဋ္ဌ နာ ပြု ၏။ Judson Bible အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။- မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။ မြန်မာ အကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့ လှူပါ၏ဟူ၍ ဆုတောင်းပတ္ထနာပြု၏။- |
သင်တို့၏ ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ ဖြောင့်မတ်ခြင်းထက် မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ဟု ငါသတိပေး၏။
သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
သင်တို့သည် ဆုတောင်းသောအခါ သူတော်ကောင်းယောင်ဆောင်သူများကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူမြင်သာစေရန် ဝတ်ပြုဆောင်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များသည် ယေရှုထံသို့လာ၍ “အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်လေ့ရှိကြ၏။ သို့ရာတွင် ဆရာတော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။
ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဟင်းခတ်ရွက်တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်ကိုချစ်ခြင်း စသည့်အမှုတို့ကို လျစ်လျူရှုကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့ဆောင်ရွက်ရမည့် အရာအားလုံးကို လုပ်ဆောင်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် ထိုက်တန်သောအစေခံများမဟုတ်ပါ။ မိမိတို့ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ပါသည်’ ဟု ဝန်ခံရမည်” ဟူ၍ မိန့်တော်မူ၏။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
မိမိ ပြုသော ကုသိုလ်ကြောင့် ကယ်တင်ခံရခြင်း မဟုတ်။ သို့ဖြစ်၍ မည်သူမျှ ကြွားဝါစရာအကြောင်း မရှိပေ။
ကိုယ်ကာယလေ့ကျင့်ခန်းသည် အနည်းငယ်သာ အကျိုးရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းခြင်းမှာမူ အရာရာ၌ အကျိုးရှိ၏။ သင်တို့သည် ယခုဘဝ၊ နောင်ဘဝတွင် ဘုရားသခင်ကတိပြုတော်မူသော အကျိုးကို ရရှိမည်။