လုကာ 11:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း42 ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဟင်းခတ်ရွက်တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်ကိုချစ်ခြင်း စသည့်အမှုတို့ကို လျစ်လျူရှုကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။ အခန်းကိုကြည့်ပါ။Common Language Bible42 ``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။'' အခန်းကိုကြည့်ပါ။Garrad Bible42 အ ချင်း ဖာ ရိ ရှဲ တို့၊ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် ပင် စိမ်း၊ စ ပါး လင် စ သော ဟင်း သီး ဟင်း ရွက် တိုင်း ဆယ် ဘို့ တစ် ဖို့ ကို လှူ လျက် တ ရား စောင့် ခြင်း နှင့် ဘု ရား ကြည် ညို ခြင်း ကို ချန် လှပ် ကြ သည် တ ကား။ ဆို ခဲ့ သော အ လှူ များ ကို မ လှပ် ထား ဘဲ ဤ ဝတ် များ ကို စောင့် သင့်၏။ အခန်းကိုကြည့်ပါ။Judson Bible42 ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းအမှုကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း42 သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။ အခန်းကိုကြည့်ပါ။မြန်မာ42 ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်းရွက်၊ လျူရွက်မျိုးမှစ၍ မြက်ပင်အမျိုးမျိုးကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းအမှုကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။- အခန်းကိုကြည့်ပါ။ |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ပင်စိမ်းရွက်၊ စမုန်စပါးနှင့် ဇီရာစေ့တို့ကို ဆယ်ပုံတစ်ပုံလှူဒါန်းကြသော်လည်း ပညတ်ကျမ်းထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် ယုံကြည်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြသောကြောင့်ဖြစ်၏။ ဆယ်ပုံတစ်ပုံကို လှူဒါန်းကြရမည်မှန်သော်လည်း ထိုထက်အရေးကြီးသော အချက်တို့ကို လျစ်လျူမရှုသင့်ပေ။