သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
လုကာ 17:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့တွင် ယေရှုက တပည့်တော်တို့အား “အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများသည် ဧကန်အမှန်ရှိမည်။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။ Common Language Bible သခင်ယေရှုက ``မှောက်မှားလမ်းလွဲစေသည့် အရာများကားမုချရှိမည်။ သို့ရာတွင် မှောက်မှားလမ်းလွဲမှုကိုဖြစ်စေသောသူ သည်အမင်္ဂလာရှိ၏။- Garrad Bible ၎င်း ပြင် တ ပည့် တော် တို့ အား ကိုယ် တော် က တိုက် လဲ စေ ရန် အ ကြောင်း များ မ ပေါ် လာ ဘဲ မ ရှိ နိုင် သော် လည်း ပေါ် လာ စေ သော သူ၌ အ မင်္ဂ လာ ရှိ၏။ Judson Bible တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား“မှားယွင်းစေသောအရာများသည် ဧကန်မုချသက်ရောက်မည်ဖြစ်၏။ သို့သော် ထိုအရာများကို သက်ရောက်စေသောသူသည် အမင်္ဂလာရှိ၏။ မြန်မာ တပည့်တော်တို့အား တစ်ဖန် မိန့်တော်မူသည်ကား၊ မှားယွင်းစရာအကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။- |
သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ဤလောက၌ အပြစ်ကျူးလွန်စေရန် ဖြားယောင်းသွေးဆောင်သောအရာများရှိ၏။ လောကီသားတို့သည်လည်း ထိုဖြားယောင်းသွေးဆောင်ရာသို့ လိုက်ပါသောကြောင့် အမင်္ဂလာရှိကြ၏။ ဖြားယောင်းသွေးဆောင်ခြင်းတို့သည် ရှောင်လွှဲမရသောအရာများဖြစ်၏။ သို့ရာတွင် အပြစ်ကျူးလွန်စရာအကြောင်းကို ဖြစ်စေသောသူသည် အမင်္ဂလာရှိ၏။
ထိုအခါ အာဗြဟံက ‘မောရှေနှင့် ပရောဖက်တို့၏စကားကိုနားမထောင်ကြလျှင် သေရာမှ ပြန်ရှင်လာသောသူကိုလည်း ယုံကြည်ကြလိမ့်မည်မဟုတ်ပါ’ ဟူ၍ ဆိုလေသည်” ဟုမိန့်တော်မူ၏။
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
ကျွန်ုပ်သည် လူများစွာ ကယ်တင်ခံရစေလိုသောကြောင့် ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုသာ ရှာလျက် လုပ်ဆောင်လေရာရာတွင် လူတိုင်း၏ ကျေနပ်နှစ်သက်မှုကို ရစေရန် ကြိုးစား၏။ သင်တို့သည်လည်း ကျွန်ုပ်ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်၏အသင်းတော် စသည်တို့ကို ထိမိ၍ လဲစရာ မဖြစ်စေရန် ကြိုးစားကြလော့။
သင်တို့ထဲ၌ ဂိုဏ်းကွဲမှုမျိုး ရှိရသည်မှာ ကျိုးကြောင်းဆီလျော်၏။ သို့မှသာလျှင် စစ်မှန်သောသူများသည် ပေါ်လွင်ထင်ရှားမည်ဖြစ်၏။
ထို့ကြောင့် ရုပ်တုအား ပူဇော်ထားသော အသားကို ကျွန်ုပ်စားသဖြင့် အခြားယုံကြည်သူကို မှားယွင်းစေမည်ဆိုပါက ထိုသို့မမှားယွင်းစေရန် ကျွန်ုပ် အသက်ရှင်သမျှကာလပတ်လုံး အသားကို မစားဘဲနေမည်။ အဘယ်ကြောင့်ဆိုသော် အခြားယုံကြည်သူကို မမှားယွင်းစေလိုသောကြောင့်ဖြစ်၏။
နောက်ဆုံးသောနေ့ရက်များ၌ လူတချို့သည် မိမိတို့၏ ယုံကြည်ခြင်းတရားကို စွန့်၍ လူကို လှည့်စားသောဝိညာဉ်ဆိုးများနှင့် နတ်ဆိုးများ၏ သွန်သင်မှုကို ခံယူကြလိမ့်မည်ဟု ဝိညာဉ်တော်သည် ရှင်းလင်းစွာ မိန့်တော်မူ၏။
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။