Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 17:1 - Common Language Bible

1 သ​ခင်​ယေ​ရှု​က ``မှောက်​မှား​လမ်း​လွဲ​စေ​သည့် အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့​ရာ​တွင် မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ​သော​သူ သည်​အ​မင်္ဂ​လာ​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ၎င်း ပြင် တ ပည့် တော် တို့ အား ကိုယ် တော် က တိုက် လဲ စေ ရန် အ ကြောင်း များ မ ပေါ် လာ ဘဲ မ ရှိ နိုင် သော် လည်း ပေါ် လာ စေ သော သူ၌ အ မင်္ဂ လာ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​အား“မှားယွင်း​စေ​သော​အရာ​များ​သည် ဧကန်မုချ​သက်ရောက်​မည်​ဖြစ်​၏။ သို့သော် ထို​အရာ​များ​ကို သက်ရောက်​စေ​သော​သူ​သည် အမင်္ဂလာရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 တစ်နေ့​တွင် ယေရှု​က တပည့်တော်တို့​အား “အပြစ်​ကျူးလွန်​စေရန် ဖြားယောင်း​သွေးဆောင်သော​အရာများ​သည် ဧကန်အမှန်​ရှိမည်။ သို့ရာတွင် အပြစ်​ကျူးလွန်စရာ​အကြောင်း​ကို ဖြစ်စေသော​သူ​သည် အမင်္ဂလာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

1 တ​ပည့်​တော်​တို့​အား တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မှား​ယွင်း​စ​ရာ​အ​ကြောင်း ရှိ​ရ​မည်။ သို့​သော်​လည်း မှား​ယွင်း​စ​ရာ​အ​ကြောင်း​ကို ဖြစ်​စေ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 17:1
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။


လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။


အာ​ဗြ​ဟံ​က `သူ​တို့​သည်​မော​ရှေ​နှင့်​ပ​ရော​ဖက် များ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​လျှင် အ​ကယ် ၍​သေ​ခြင်း​မှ​လူ​တစ်​စုံ​တစ်​ယောက်​ထ​မြောက် လာ​သော်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။


ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-


ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။-


ယု​ဒ​အ​မျိုး​သား​တို့​က​သော်​လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​က​သော်​လည်း​ကောင်း ဘု​ရား သ​ခင်​၏​အ​သင်း​တော်​ဝင်​တို့​က​သော်​လည်း ကောင်း ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​မ​ဖြစ်​စေ​ရန် နေ​ထိုင်​ကြ​လော့။-


(သင်​တို့​တွင်​စိတ်​ဝမ်း​ကွဲ​ပြား​မှု​ကား​ရှိ​ရ သည်​မှန်​၏။ သို့​ရှိ​မှ​သာ​လျှင်​အ​မှန်​ဘက်​တွင် ရှိ​သော​သူ​များ​ကို​ပေါ်​လွင်​ထင်​ရှား​စေ​မည်။-)


ထို့​ကြောင့်​အ​သား​ကို​စား​ခြင်း​သည်​ညီ​အစ်​ကို အား​မှောက်​မှား​လမ်း​လွဲ​စေ​မည်​ဆို​ပါ​က ငါ သည်​ငါ့​ညီ​အစ်​ကို​အား​မ​မှောက်​မှား​လမ်း မ​လွဲ​စေ​ရန်​အ​သား​ကို​မ​စား​ဘဲ​နေ​မည်။


နောင်​ကာ​လ​၌​လူ​အ​ချို့​တို့​သည်​မု​သား​ပြော ဆို​သည့်​ဝိ​ညာဉ်​များ​၏​စ​ကား​ကို​နာ​ခံ​လျက် နတ်​မိစ္ဆာ​တို့​၏​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​စွန့်​လွှတ်​ကြ​လိမ့်​မည် ဟု​ဝိ​ညာဉ်​တော်​က အ​တိ​အ​လင်း​ဖော်​ပြ တော်​မူ​၏။-


သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။-


သို့​ရာ​တွင်​သင့်​အား​အ​ပြစ်​ဆို​စ​ရာ​ရှိ​သည် မှာ ယေ​ဇ​ဗေ​လ​ဆို​သူ​အ​မျိုး​သ​မီး​ကို​သင် လက်​ခံ​လျက်​နေ​ခြင်း​ပင်​ဖြစ်​၏။ သူ​သည်​မိ​မိ ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဟု​ဆို​ကာ ငါ​၏​တ​ပည့်​တို့​အား ကာ​မ​ဂုဏ်​လိုက်​စား​စေ ရန်​နှင့်​ရုပ်​တု​တို့​အား​ပူ​ဇော်​သည့်​အ​စား အ​စာ​များ​ကို​စား​စေ​ရန် သွန်​သင်​ခြင်း​အား ဖြင့်​မှောက်​မှား​လမ်း​လွဲ​စေ​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ