ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
လုကာ 11:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ဖာရိရှဲတို့… သင်တို့သည် ခွက်နှင့်ပန်းကန်၏အပြင်ဘက်ကို ဆေးကြောကြသော်လည်း အတွင်း၌မူ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်းနှင့် ပြည့်ကြ၏။ Common Language Bible သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။- Garrad Bible အ ရှင် ဘု ရား က ဖာ ရိ ရှဲ ဖြစ် သော သင် တို့ သည် ယ ခု အ ခါ အိုး ခွက် ပြင် ဘက် ကို စင် ကြယ် စေ သော် လည်း၊ အ တွင်း သ ဘော မူ ကား အ ဓ မ္မ မှု လွန် ကျူး မှု များ နှင့် ပြည့်၏။ Judson Bible သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားကလည်း“သင်တို့ဖာရိရှဲများသည် ခွက်နှင့်လင်ပန်းတို့၏အပြင်ဘက်ကို စင်ကြယ်စေကြသော်လည်း သင်တို့အတွင်း၌ကား မတရားလုယူခြင်းနှင့်ဆိုးညစ်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ မြန်မာ သခင်ဘုရားကလည်း၊ ဖာရိရှဲဖြစ်သော သင်တို့သည် ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ ဆိုးညစ်ခြင်းနှင့် ပြည့်လျက်ရှိ၏။- |
ဆိုးညစ်သောကြံစည်ခြင်း၊ လူသတ်ခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်း၊ စော်ကားပြောဆိုခြင်း စသည်တို့သည် စိတ်နှလုံးမှ ထွက်လာ၏။
ပရောဖက်အတုအယောင်များကို သတိပြုကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံ လာသော်လည်း အတွင်း၌မူ ကြမ်းကြုတ်သောဝံပုလွေများကဲ့သို့ ဖြစ်ကြ၏။
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ဤသို့ပြောဆိုရာတွင် သူသည် ဆင်းရဲသားများကို စာနာထောက်ထား၍ ပြောဆိုခြင်းမဟုတ်ဘဲ ခိုးဝှက်တတ်သူတစ်ဦးဖြစ်သောကြောင့် ပြောဆိုခြင်းသာ ဖြစ်၏။ သူသည် တပည့်တော်တို့၏ ငွေကို စီမံရသူဖြစ်၍ ငွေအိတ်ထဲမှ ငွေတချို့ကို နှိုက်ယူသုံးစွဲတတ်၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ညစာစားလျက်နေကြ၏။ ထိုအချိန်တွင် ရှိမုန်ရှကာရုတ်၏သား ယုဒ၏စိတ်၌ ယေရှုကို သစ္စာဖောက်ရန် မာရ်နတ်သည် လှုံ့ဆော်ထားပြီးဖြစ်၏။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ကျွန်ုပ်သည် ဂျူးဘာသာ၏ ယုံကြည်မှုကို လိုက်နာကျင့်သုံးရာတွင် ကျွန်ုပ်၏ လူမျိုးထဲမှ သက်တူရွယ်တူများထက် သာလွန်ပြီး ဘိုးဘေးတို့၏ ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းရာတွင်လည်း အလွန်စိတ်အားထက်သန်ခဲ့သူ ဖြစ်၏။
ဘုရားတရား ကိုင်းရှိုင်းယောင်ဆောင်၍ ကိုင်းရှိုင်းခြင်း၏တန်ခိုးတော်ကို ငြင်းပယ်သူများဖြစ်လာကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
နှလုံးသားဖြူစင်သူတို့အတွက် အရာအားလုံးသည် စင်ကြယ်၏။ သို့သော် ညစ်ညူး၍ ခရစ်တော်ကို မယုံကြည်သူတို့အတွက် မည်သည့်အရာမျှ မစင်ကြယ်။ သူတို့၏ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ညစ်ညူး၏။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။