လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
ရှင်ယောဟန် 6:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။ Common Language Bible ခမည်းတော်ငါ့အားပေးအပ်တော်မူသောသူ အပေါင်းတို့သည် ငါ့ထံသို့လာကြလိမ့်မည်။ ငါ့ ထံလာသောသူကိုငါသည်ပစ်ပယ်လိမ့်မည် မဟုတ်။- Garrad Bible ငါ့အားခမည်းတော်သနားတော်မူသမျှတို့သည် ငါ့ထံလာရောက်ကြလိမ့်မည်။ ငါ့ထံလာရောက်သူ့ကိုလည်း ငါပယ်ထုတ်မည်မဟုတ်။ Judson Bible ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။- မြန်မာ့စံမီသမ္မာကျမ်း ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။ မြန်မာ ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။- |
လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်အတုအယောင်များနှင့် ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မည်ဖြစ်သောကြောင့်ပင်။ ထိုသူတို့သည် ဖြစ်နိုင်လျှင် ဘုရားသခင်ရွေးချယ်ထားသောသူများကိုပင် လှည့်ဖြားရန် နိမိတ်လက္ခဏာကြီးများနှင့် အံ့ဖွယ်ဖြစ်ရပ်များကို ပြကြလိမ့်မည်။
ယခု အကျွန်ုပ်သည် ဤလောကမှ ထွက်ခွာ၍ ကိုယ်တော်ထံသို့ လာပါတော့မည်။ ထိုသူတို့သည် ဤလောက၌ ကျန်ရစ်ခဲ့မည်။ သန့်ရှင်းတော်မူသောအဖ… ကိုယ်တော်နှင့် အကျွန်ုပ်သည် တစ်သားတည်းဖြစ်သကဲ့သို့ ထိုသူတို့သည် တစ်သားတည်းဖြစ်စေရန် အကျွန်ုပ်ထံ ပေးအပ်တော်မူသော ကိုယ်တော်၏တန်ခိုးတော်အားဖြင့် ထိုသူတို့ကို ကာကွယ်စောင့်ရှောက်တော်မူပါ။
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
ဤလောကထဲမှ ရွေးကောက်၍ အကျွန်ုပ်ထံ ပေးအပ်တော်မူသောသူတို့အား ကိုယ်တော်အကြောင်းကို အကျွန်ုပ်ဖော်ပြခဲ့ပါပြီ။ ကိုယ်တော်သည် ထိုသူတို့ကို ပိုင်တော်မူ၍ အကျွန်ုပ်အား ပေးအပ်တော်မူပြီ။ သူတို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တရားတော်ကို လိုက်နာကြပါပြီ။
ဘုရားသခင်၏ အလိုတော်မှာ ငါ့ကို ပေးအပ်ထားတော်မူသောသူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မဆုံးရှုံးစေဘဲ နောက်ဆုံးသောနေ့တွင် ထိုသူတို့ကို သေရာမှ ထမြောက်စေရန်ဖြစ်၏။
ဆက်လက်၍ ယေရှုက “ထို့ကြောင့် ခမည်းတော် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့ မလာနိုင်ကြဟု သင်တို့ကို ငါပြောခဲ့ပြီ” ဟု မိန့်တော်မူ၏။
သူတို့ကလည်း “သင်သည် အပြစ်အပြည့်နှင့် မွေးလာသူဖြစ်လျက်နှင့်ပင် ငါတို့ကို သွန်သင်နေသလော” ဟု ဆိုကာ ဝတ်ပြုဆောင်မှ နှင်ထုတ်ကြ၏။
လူတို့အနေဖြင့် မိမိတို့မည်မျှအပြစ်များကြောင်း သိမြင်လာကြရန် ဘုရားသခင်သည် ပညတ်တရားကို ချမှတ်တော်မူခဲ့၏။ သို့သော်လည်း သူတို့ပို၍ အပြစ်ကျူးလွန်လေ ဘုရားသခင်၏ကျေးဇူးတော်သည် ပို၍ ကြွယ်ဝလေဖြစ်၏။
ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။
သို့သော်လည်း ယေရှုခရစ်တော်သည် အဆိုးဆုံးဖြစ်သူ ကျွန်ုပ်အပေါ် သူ၏ အဆုံးမဲ့သည်းခံခြင်းကို ဖော်ပြရန် ရည်ရွယ်သောကြောင့် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။ ဤသို့ ပြုတော်မူခြင်းသည် ကိုယ်တော်ကို ယုံကြည်၍ ထာဝရအသက်ကို ရရှိကြမည့်သူများအတွက် ကျွန်ုပ်ကို စံနမူနာအဖြစ် ထားရန်ဖြစ်၏။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။