Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 11:28 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

28 လေးလံသော​ဝန်​ကို​ထမ်း​၍ ပင်ပန်းနေသော​သူ​အပေါင်းတို့ ငါ့​ထံသို့​လာကြလော့။ ငါ​သည် သင်တို့​အား ငြိမ်းအေး​ချမ်းသာမှု​ကို ပေးမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 ပင် ပန်း သူ ဝန် လေး သူ အ ပေါင်း တို့၊ ငါ့ ထံ လာ ကြ လော့။ ငါ သည် ချမ်း သာ စေ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 ဝန်လေး​၍​ပင်ပန်း​သော​သူ​အပေါင်း​တို့၊ ငါ့​ထံသို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

28 ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:28
36 ပူးပေါင်းရင်းမြစ်များ  

ငါ့​ထမ်းပိုး​ကို​ယူ​၍ ထမ်း​ကာ ငါ့​ထံမှ သင်ယူကြလော့။ ငါ​သည် နူးညံ့သိမ်မွေ့​၍ နှိမ့်ချသော​စိတ်နှလုံး​ရှိ​သောကြောင့် သင်တို့​၏​စိတ်ဝိညာဉ်​သည် သက်သာရာ​ရ​လိမ့်မည်။


သူတို့​သည် လေးလံ​၍​ထမ်းရခက်သော​ဝန်ထုပ်များ​ကို လူတို့​အား ထမ်းစေကြ​သော်လည်း ကိုယ်တိုင်​ကမူ ထို​အရာတို့​ကို လက်ဖျား​နှင့်မျှ မတို့ကြ။


ငါ့​ကို ခမည်းတော်​ပေးအပ်တော်မူသော သူတို့​သည် ငါ့​ထံသို့ လာကြ​လိမ့်မည်။ ငါ့​ထံသို့ လာသော​သူ​ကို ငါ​သည် ငြင်းပယ်မည်​မဟုတ်ပါ။


ပွဲတော်​၏ နောက်ဆုံး​နေ့​ဖြစ်သော ရက်မြတ်ကြီး​တွင် ယေရှု​သည် ရပ်တော်မူ​လျက် “ရေငတ်သော​သူ ရှိ​လျှင် ငါ့​ထံသို့​လာ​၍ သောက်လော့။


ထို့ကြောင့် ယခု​သင်တို့​သည် ကျွန်ုပ်တို့​၏​ဘိုးဘေးများ​နှင့် ကျွန်ုပ်တို့​ပင် မထမ်းနိုင်သော​ထမ်းပိုး​ကို တပည့်တော်တို့​၏​လည်ပင်း​ပေါ်​တွင်​တင်ခြင်း​အားဖြင့် အဘယ်ကြောင့် ဘုရားသခင်​ကို စမ်းသပ်ကြသနည်း။


ဤ​အရာ​အားလုံးတို့​တွင် အလုပ်​ကို ကြိုးစား​လုပ်ဆောင်ခြင်း​အားဖြင့် ဆင်းရဲသားများ​အား မစထောက်ပံ့​ရမည်​ကို ကျွန်ုပ်​ပြသခဲ့၏။ ထို့ကြောင့် သခင်​ယေရှု​ကိုယ်တိုင် မိန့်တော်မူခဲ့သည့် ‘ပေးကမ်းခြင်း​သည် ရယူခြင်း​ထက် ပို၍​မင်္ဂလာရှိ၏’ ဟူသော စကားတော်​ကို သတိရကြလော့” ဟု ဆိုလေ၏။


ပညတ်တရား​မှ လွတ်လပ်ခွင့်​ရ​စေရန် ခရစ်တော်​သည် ကျွန်ုပ်တို့​ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ​အဖြစ် ခိုင်မြဲ​စွာ ရပ်တည်ကြလော့။ ကျွန်​ထမ်းပိုး​ကို နောက်တစ်ဖန် မထမ်းကြနှင့်။


ဆင်းရဲ​ဒုက္ခရောက်​နေသော သင်တို့​နှင့်အတူ ကျွန်ုပ်တို့​ကိုလည်း စိတ်သက်သာရာ​ရစေတော်မူ​လိမ့်မည်။ သခင်​ယေရှု​သည် မီးလျှံ​ကြား​က တန်ခိုးကြီးသော ကောင်းကင်တမန်များ​ခြံရံ​လျက် ကောင်းကင်ဘုံ​မှ ပေါ်ထွက်လာ​သောအခါ


ထို့ကြောင့် ဘုရားသခင်​၏​စံမြန်း​နားခိုရာ​သို့ ဝင်ရမည့် ကတိတော်​တည်ဆဲ​ဖြစ်​လျက်နှင့် မည်သူ​တစ်ဦးတစ်ယောက်မျှ ထို​ဝင်ခွင့်​ကို မဆုံးရှုံးမိစေ​ရန် သတိပြုကြစို့။


ဝိညာဉ်တော်​နှင့် သတို့သမီးတို့​က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူ​တိုင်း​ကလည်း “ကြွပါ” ဟု ဖိတ်ခေါ်​ပါစေ။ ရေငတ်သောသူ​သည် လာပါစေ။ အလိုရှိသောသူ​သည် အသက်ရေ​ကို အခမဲ့ ယူပါစေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ