လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ
ရှင်ယောဟန် 15:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။ Common Language Bible ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။- Garrad Bible ငါ၌မတည်သူမူကား စပျစ်ခက်နည်းတူ ထုတ်ပစ်ခြင်း၊ ညှိုးနွမ်းခြင်း၊ စုသိမ်းခြင်း၊ မီးတိုက်ခြင်း၊ ကျွမ်းလောင်ခြင်းကိုခံရတတ်၏။ Judson Bible ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။ မြန်မာ ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။- |
လူသားသည် မိမိ၏ကောင်းကင်တမန်များကို စေလွှတ်လိမ့်မည်။ ထိုကောင်းကင်တမန်တို့သည် အပြစ်ကျူးလွန်စေသောသူများနှင့် မတရားမှုပြုသူများအားလုံးကို နိုင်ငံတော်မှ ဖယ်ရှားကာ
ထိုအခါ ယုဒသည် ထိုငွေဒင်္ဂါးပြားသုံးဆယ်ကို ဗိမာန်တော်၌ ပစ်ချ၍ ထွက်သွား၏။ ထို့နောက် အခြားတစ်နေရာသို့ သွားပြီးလျှင် မိမိကိုယ်ကိုယ် ဆွဲကြိုးချ၍ အဆုံးစီရင်လေ၏။
သစ်ပင်အမြစ်နားတွင် ပုဆိန်ကို ချထားပြီ။ ထို့ကြောင့် ကောင်းသောအသီး မသီးသည့်အပင်ရှိသမျှတို့သည် ခုတ်လှဲခံရ၍ မီးထဲသို့ ပစ်ချခံရလိမ့်မည်။
ခမည်းတော်သည် စပျစ်ပင်ဖြစ်သော ငါ၌ အသီးမသီးသည့်အကိုင်းအခက်ရှိသမျှကို ခုတ်ပစ်တော်မူ၏။ အသီးသီးသောအကိုင်းအခက်ရှိသမျှကိုမူ ပို၍ အသီးသီးစေနိုင်ရန် ဖြတ်ညှပ်ရှင်းလင်းတော်မူ၏။
ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်းကောင်း၊ ရန်သူများကို လောင်စေမည့်ပြင်းထန်သောမီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေရုံမျှသာ ရှိတော့မည်။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်းကြောင့် လောကီညစ်ညမ်းမှုမှ လွတ်ကင်းပြီးနောက် ထိုအရာနှင့် ပြန်လည်ပတ်သက်မိသဖြင့် အနိုင်ယူစိုးမိုးခံရလျှင် ထိုသူတို့၏ အခြေအနေသည် အစကထက် အဆုံးတွင် ပိုမိုဆိုးရွား၏။
ထိုသူတို့သည် ကျွန်ုပ်တို့ထံမှ ထွက်သွားသော်လည်း ကျွန်ုပ်တို့နှင့် အမှန်တကယ် မသက်ဆိုင်ကြ။ ကျွန်ုပ်တို့နှင့်သက်ဆိုင်လျှင် ကျွန်ုပ်တို့နှင့်အတူ နေရစ်လိမ့်မည်။ သို့သော် ထိုသို့ထွက်သွားခြင်းဖြင့် သူတို့အားလုံးသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ပေါ်လွင်ထင်ရှားလျက်ရှိ၏။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။