ရှင်ယောဟန် 15:6 - မြန်မာ့စံမီသမ္မာကျမ်း6 တစ်စုံတစ်ဦးသည် ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ငါ၌မတည်နေသောသူသည်အပြင်သို့ပစ် ထုတ်ခြင်းကိုခံရ၍ ခြောက်သွေ့သွားသည့် အကိုင်းအခက်ကဲ့သို့ဖြစ်လိမ့်မည်။ လူတို့ သည်ထိုသို့သောအကိုင်းအခက်များကို စုသိမ်း၍မီးရှို့တတ်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 ငါ၌မတည်သူမူကား စပျစ်ခက်နည်းတူ ထုတ်ပစ်ခြင်း၊ ညှိုးနွမ်းခြင်း၊ စုသိမ်းခြင်း၊ မီးတိုက်ခြင်း၊ ကျွမ်းလောင်ခြင်းကိုခံရတတ်၏။ အခန်းကိုကြည့်ပါ။Judson Bible6 ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ငါ၌ မတည်သောသူသည် အကိုင်းအခက်ကဲ့သို့ အပြင်သို့ လွှင့်ပစ်ခြင်းကို ခံရ၍ ခြောက်သွေ့သွားရ၏။ ထိုကဲ့သို့ အသုံးမဝင်သောအကိုင်းအခက်များကို လူတို့သည် စုပုံ၍ မီးရှို့တတ်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ6 ငါ၌ မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည်စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
ဘုရားရှင်ထာဝရဘုရားက ထိုအပင် ရှင်သန်နိုင်မည်လော။ အမြစ်ကိုဆွဲနုတ်ပစ်၍ အသီးများကို ခြွေချပစ်သောအခါ အပင်ညှိုးနွမ်းသွားမည်မဟုတ်လော။ အသစ်ပေါက်သောအပင်ရှိသမျှသည်လည်း ညှိုးနွမ်းသွားမည်မဟုတ်လော။ အမြစ်ကိုဆွဲနုတ်ရန် အားကောင်းမောင်းသန်ဖြစ်စရာမလို၊ လူအမြောက်အမြားလည်း မလိုပေ။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။