ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ရှင်ယောဟန် 10:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။ Common Language Bible ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။- Garrad Bible ငါ့သိုးတို့သည်ငါ့စကားသံကိုကြားနာ၍ လိုက်တတ်ကြ၏။ ငါလည်းသူတို့ကိုသိ၍ ထာဝရအသက်ပေးသဖြင့် မည်သည့်ကာလမျှ သူတို့ပျက်စီးမည်မဟုတ်။ ငါ့လက်တွင်းမှ မည်သူမျှမလုမယူရ။ Judson Bible ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။ မြန်မာ ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။- |
ထို့နောက် ယေရှုက “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။
ယေရှုသည် ထိုသူကို ကြည့်လျက် မေတ္တာထားတော်မူသဖြင့် “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သွားလော့။ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ထိုအခါ သခင်က ‘သင်တို့ အဘယ်ကလာသည်ကို ငါမသိ။ အို ဆိုးသွမ်းသောသူအပေါင်းတို့… ငါ့ထံမှ ထွက်သွားကြ’ ဟု ပြန်ပြောလိမ့်မည်။
ထို့နောက် ပရိသတ်အပေါင်းတို့အား “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ငါသည် သိုးထိန်းကောင်းဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိ၏။ ထိုကဲ့သို့ပင် ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ ငါသည် ထိုသိုးတို့အတွက် အသက်ကို စွန့်၏။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ငါ့ရှေ့တွင် ရောက်လာကြသူအားလုံးသည် သူခိုးနှင့် ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် ထိုသူတို့၏ စကားကို နားမထောင်ကြပေ။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ယေရှုက “ငါပြန်လာသည့်အချိန်တိုင်အောင် သူ့ကို ငါအသက်ရှင်စေလိုလျှင် သင်နှင့် မည်သို့ဆိုင်သနည်း။ သင်ကမူ ငါ့နောက်သို့သာ လိုက်လော့” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။
တစ်ဖန် ယေရှုက လူတို့အား “ငါသည် လောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် အသက်၏အလင်းကို ရရှိ၍ အမှောင်ထုထဲတွင် သွားလာရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ငါ့စကားကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ထိုသို့နားမလည်ခြင်းမှာ ငါ့သွန်သင်ချက်ကို သင်တို့နာယူနိုင်စွမ်းမရှိသောကြောင့်ပင် ဖြစ်၏။
ထိုပရောဖက်၏စကားကို နားမထောင်သောသူရှိသမျှတို့သည် လူမျိုးထဲမှ လုံးလုံးဖယ်ရှားခြင်းကို ခံရလိမ့်မည်’ ဟု ဟော၏။
သို့သော် ဘုရားသခင်ကို ချစ်သောသူသည် ဘုရားသခင်၏ အသိအမှတ်ပြုတော်မူခြင်းကို ခံရသောသူဖြစ်၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
သို့ရာတွင် ဘုရားသခင်ချထားတော်မူသည့် ခိုင်မာသောအုတ်မြစ်သည် ခိုင်ခံ့မြဲမြံပြီး ဤအုတ်မြစ်ပေါ်တွင် “ဘုရားသခင်သည် မိမိလူတို့ကို သိတော်မူ၏” ဟူ၍လည်းကောင်း၊ “ဘုရားသခင်၏လူဖြစ်ကြောင်း ဝန်ခံသောသူတို့သည် မကောင်းမှုကို စွန့်ရမည်” ဟူ၍လည်းကောင်း တံဆိပ်ခတ်ရေးထိုးထား၏။
ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့်တော်မူသည်မှာ “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကို ကြားလျှင်
ဤလူတို့သည် အမျိုးသမီးများနှင့် မေထုန်အမှု မညစ်ညူးသည့် လူပျိုစင်များဖြစ်ပြီး သိုးသငယ်တော် သွားလေရာအရပ်သို့ လိုက်ပါသူများဖြစ်ကြ၏။ ထိုသူတို့သည် ဘုရားသခင်နှင့် သိုးသငယ်တော်အတွက် အဦးဆုံးသောအသီးကဲ့သို့ ပူဇော်ခံရရန် လူတို့ထဲမှ ရွေးနုတ်ကယ်တင်ခံထားရသောသူများလည်း ဖြစ်ကြ၏။
ကြည့်ရှုလော့။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက်နေ၏။ တစ်စုံတစ်ဦးသည် ငါ့အသံကို ကြား၍တံခါးဖွင့်လျှင် ငါဝင်၍ သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။