ရှင်မာကု 10:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ယေရှုသည် ထိုသူကို ကြည့်လျက် မေတ္တာထားတော်မူသဖြင့် “သင်မပြုရသေးသောအရာတစ်ခု ရှိသေး၏။ သွားလော့။ သင်၏ ဥစ္စာပစ္စည်းများကို ရောင်းချကာ ရသောငွေကို ဆင်းရဲသားတို့အား လှူဒါန်းလော့။ ထိုသို့ ပြုလျှင် ကောင်းကင်ဘုံတွင် ဘဏ္ဍာကို ရရှိလိမ့်မည်။ ပြီးမှ ငါ့နောက်သို့ လိုက်လော့” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 သခင်ယေရှုသည်ထိုသူကိုမေတ္တာဖြင့်စေ့စေ့ကြည့် လျက် ``သင့်မှာလိုနေသောအရာတစ်ခုရှိသေး၏။ သွားလော့။ သင်၏ဥစ္စာရှိသမျှကိုရောင်း၍ဆင်းရဲ သူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရလိမ့်မည်။ သို့စွန့်ကြဲပြီးမှလာ၍ငါ့နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ယေ ရှု သည် ထို သူ့ ကို ရှု ကြည့် နှစ် သက် လျက် စ ရိုက် တစ် ပါး လို သေး သည်။ သွား၍ ပိုင် သ မျှ ကို ရောင်း ချ ပြီး လျှင် သူ ဆင်း ရဲ တို့ အား ပေး ကမ်း လော့။ သို့ မှ ကောင်း ကင် ဘုံ တွင် ဘ ဏ္ဍာ ရ ရှိ လိမ့် မည်။ ငါ့ နောက် သို့ လည်း လိုက် လာ လော့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည် တစ်ခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ယေရှုသည် ထိုသူကိုစူးစိုက်ကြည့်လျက် သူ့အပေါ်မေတ္တာထား၍“သင်၌တစ်ခုလိုသေး၏။ သင်၌ရှိသမျှသောအရာတို့ကို သွား၍ရောင်းပြီးလျှင် ဆင်းရဲသားတို့အားပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည်ကောင်းကင်ဘုံ၌ ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ21 ယေရှုသည်၊ ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍၊ သင်သည် တစ်ခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ |
သို့ရာတွင် ငါသည် သင့်အား အပြစ်ပြောစရာ အနည်းငယ်ရှိ၏။ သင်တို့တွင် မှားယွင်းသည့်ပရောဖက်ဗာလမ်၏ သွန်သင်ချက်ကို လိုက်နာသောသူများရှိကြ၏။ အစ္စရေးလူမျိုးတို့သည် ရုပ်တုများအား ပူဇော်သည့်အစားအစာကို စားရန်လည်းကောင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း အစ္စရေးလူမျိုးတို့ရှေ့မှောက်၌ တိုက်မိစရာ ဆူးငြောင့်ခလုတ်ကိုချထားရန် ဗာလမ်သည် ဗာလက်မင်းအား သွန်သင်ခဲ့၏။
သို့သော်လည်း ငါသည် သင့်အား အပြစ်ပြောစရာ တစ်ခုရှိ၏။ မိမိကိုယ်ကိုယ် ပရောဖက်မဟုဆိုသောယေဇဗေလအမည်ရှိသည့် အမျိုးသမီးကို သင်ခွင့်ပြုထားခဲ့၏။ သူသည် ငါ၏အစေခံများအား တရားနှင့်မညီသော မေထုန်ကိုပြုရန်လည်းကောင်း၊ ရုပ်တုအား ပူဇော်သည့်အစားအစာများကိုစားရန်လည်းကောင်း သွန်သင်၍ လမ်းမှားစေခဲ့၏။