သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
ရှင်မာကု 9:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။ Common Language Bible ``ငါ့ကိုယုံကြည်ကိုးစားမှုပျက်ပြားစေရန် ဤ ကလေးသူငယ်တစ်စုံတစ်ယောက်ကိုမှောက်မှား လမ်းလွဲစေသောသူသည် လည်တွင်ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ပစ်ချခံရလျှင်သူ့ အဖို့သာ၍ကောင်း၏။- Garrad Bible ယုံ ကြည် သော ဤ သူ ငယ် တစ် ယောက် ယောက် ကို တိုက် လဲ စေ သော သူ မူ ကား လည် တွင် ကြိတ် ဆုံ ကျောက် ဆွဲ လျက် ပင် လယ်၌ ပစ် ချ ခံ ရ လျှင် ကောင်း သေး ၏။ Judson Bible ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက်ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။ မြန်မာ ငါ့ကိုယုံကြည်သော ဤသူငယ်တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏။ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။- |
သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်အား မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
သူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် “ရှောလု၊ ရှောလု ငါ့ကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်သနည်း” ဟု သူ့အား ပြောဆိုသောစကားသံကို ကြားရ၏။
ထို့ကြောင့် အချင်းချင်း အပြစ်မတင်ဘဲ နေကြပါစို့။ အပြစ်တင်မည့်အစား အခြားယုံကြည်သောသူတစ်ယောက်အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ၍ လဲစရာမဖြစ်စေရန် ဆင်ခြင်ကြပါစို့။
ဤအရာမှာ ကျမ်းစာ၌ “ထိုသူအကြောင်းကို မည်သူမျှ မပြောဖူးသော်လည်း သူတို့သည် မြင်ကြ၍ မကြားဖူးသောသူတို့သည်လည်း နားလည်ကြလိမ့်မည်” ဟု ရေးသားထားသည့်အတိုင်းဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သင်ယူထားသော သွန်သင်ချက်ကို ဆန့်ကျင်၍ စိတ်ဝမ်းကွဲစရာနှင့် မှားယွင်းစရာတို့ကို ဖြစ်စေသောသူတို့အား သတိပြုလျက် ရှောင်ရှားရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
အမှုတော်လုပ်ငန်းတွင် အပြစ်တင်စရာအကြောင်း တစ်စုံတစ်ခုမျှ မရှိစေရန် ကျွန်ုပ်တို့သည် သူတစ်ပါးရှေ့၌ ထိမိ၍ လဲစရာမဖြစ်စေကြ။
ဤသည်မှာ သင်တို့သည် အကောင်းဆုံးဖြစ်သောအရာကို ပိုင်းခြားသိမြင်နိုင်၍ ခရစ်တော် ပြန်ကြွလာမည့်နေ့တိုင်အောင် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိစေရန် ဖြစ်၏။
ထို့ကြောင့် လမ်းလွဲ၍ စာတန်နောက်သို့ လိုက်ပါသွားကြသော အချို့မုဆိုးမတို့ကို ထောက်၍ ငယ်ရွယ်သောမုဆိုးမတို့သည် ရန်သူအား ကဲ့ရဲ့ခွင့်ကို မပေးဘဲ ထပ်မံအိမ်ထောင်ပြုရန်၊ သားသမီးများယူရန်၊ အိမ်မှုကိစ္စများထိန်းသိမ်းရန် ကျွန်ုပ်အကြံပေးလို၏။
လူများစွာတို့သည် ထိုသူတို့၏ ကိလေသာလွန်ကြူးခြင်းလမ်းစဉ်နောက်သို့ လိုက်ကြလိမ့်မည်။ ထိုဆရာအတုအယောင်များကြောင့် သမ္မာတရားလမ်းသည် စော်ကားပြောဆိုခံရလိမ့်မည်။