Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 17:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သို့သော်လည်း သူတို့​စိတ်​အနှောင့်အယှက်​မဖြစ်​စေရန် အိုင်​သို့ သွား​၍ ငါးမျှားလော့။ အဦးဆုံး​ရသော​ငါး​ကို ယူ​၍ ပါးစပ်​ကို ဖွင့်​လျှင် ငွေဒင်္ဂါး​တစ်ပြား​ကို တွေ့​လိမ့်မည်။ ထို​ငွေ​ကို​ယူ​၍ ငါ​နှင့် သင့်​အတွက် အခွန်​ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 သို့​ရာ​တွင်​သူ​တို့​စိတ်​မ​နာ​သွား​စေ​ရန်​သင်​သည် အိုင်​သို့​သွား​၍​ငါး​ကို​မျှား​လော့။ အ​ဦး​မိ​သည့် ငါး​ပါး​စပ်​ကို​ဖွင့်​လော့။ ငွေ​ဒင်္ဂါး​တစ်​ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ​၍​သင်​နှင့်​ငါ့​အ​တွက် အ​ခွန်​တော်​ကို​သူ​တို့​အား​ပေး​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သို့ ရာ တွင် ငါ တို့ သည် ထို သူ တို့၌ တိုက် လဲ ရန် အ ကြောင်း မ ဖြစ် စေ ခြင်း ငှာ သွား ၍ အိုင်၌ ငါး မျှား ချ လော့၊ အ ဦး မိ သည့် ငါး ၏ ခံ တွင်း ကို ဖွင့် လျှင် ငွေ တစ် ကျပ် တွေ့ လိမ့် မည်။ ထို ငွေ ကို ယူ၍ ငါ နှင့် သင့် အ တွက် ပေး လော့ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သို့သော် သူ​တို့​ကို​မ​မှားယွင်း​စေရန် ပင်လယ်​သို့​သွား​၍ ငါးမျှား​လော့။ ပထမ​ဦးဆုံး​မိ​သည့်​ငါး​ကို​ယူ​၍ ၎င်း​၏​ပါးစပ်​ကို​ဖွင့်​လျှင် သတာတဲ​ငွေ​တစ်​ပြား​ကို​တွေ့​လိမ့်မည်။ ၎င်း​ကို​ယူ​၍ ငါ​နှင့်​သင့်​အတွက် သူ​တို့​အား ပေးဆောင်​လော့”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

27 ရှေ့​ဦး​စွာ​ရ​သော​ငါး​ကို ယူ၍ ပါး​စပ်​ကို​ဖွင့်​လျှင်၊ သ​တာ​တဲ​တစ်​ပြား​ကို​တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ၍ ငါ့​အ​ဖို့​နှင့် သင့်​အ​ဖို့ ထို​သူ​တို့​အား​ပေး​လော့​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:27
27 ပူးပေါင်းရင်းမြစ်များ  

ပေတရု​က “အခြားသူများ​ထံမှ ကောက်ခံပါသည်” ဟု လျှောက်​သော် ယေရှု​က “ထိုသို့​ဆိုလျှင် နိုင်ငံသားတို့​သည် ကင်းလွတ်ခွင့်​ရကြ၏။


ငါ့​ကို​ယုံကြည်သော ကလေးငယ်​တစ်စုံတစ်ယောက်​အား မှားယွင်းစေသောသူ​သည် ကြီးသော​ကြိတ်ဆုံကျောက်​ကို လည်​၌ ဆွဲ​လျက် နက်သော​ပင်လယ်​ထဲသို့ ပစ်ချခံရ​လျှင် ပို၍​ကောင်း၏။


ထို့ကြောင့်​သင်​၏ လက်၊ သို့မဟုတ် ခြေတို့​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်​၍ လွှင့်ပစ်လော့။ ခြေလက်​အစုံ​နှင့် ထာဝရ​မီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်၊ သို့မဟုတ် ခြေတစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။


ထို့ကြောင့် သင်​၏ လက်ယာ​မျက်စိ​သည် ထို​တဏှာစိတ်​ကို ဖြစ်စေ​ပါက ထုတ်ယူ​၍ လွှင့်ပစ်လော့။ ခန္ဓာ​တစ်ခုလုံး ငရဲ​သို့ ချခံရခြင်း​ထက် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​ကို ဆုံးရှုံးရခြင်း​သည် ပို​၍ ကောင်း၏။


ထိုနည်းတူ လက်ယာ​လက်​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်​၍ လွှင့်ပစ်လော့။ ခန္ဓာ​တစ်ခုလုံး ငရဲ​သို့ ချခံရခြင်း​ထက် အင်္ဂါ​အစိတ်အပိုင်း​တစ်ခု​ကို ဆုံးရှုံးရခြင်း​သည် ပို​၍ ကောင်း၏။


သို့သော် ငါ့​ကို​ယုံကြည်သော ကလေးငယ်​တစ်စုံတစ်ယောက်​ကို မှားယွင်းစေသောသူ​သည် ကြီးသော​ကြိတ်ဆုံကျောက်​ကို လည်​၌ ဆွဲ​လျက် နက်သော​ပင်လယ်​ထဲသို့ ပစ်ချခံရ​လျှင် ပို၍​ကောင်း၏။


သင်​၏ လက်​သည် သင့်​ကို အပြစ်​ကျူးလွန်စေ​ပါက ဖြတ်ပစ်လော့။ လက်​အစုံ​နှင့် ထာဝရ​ငရဲမီး​ထဲသို့ ချခံရခြင်း​ထက် လက်တစ်ဖက်​နှင့် ထာဝရ​အသက်ရှင်ခွင့်​ရခြင်း​သည် ပို၍​ကောင်း၏။


ထို​သူ​သည် ဤ​ကလေးငယ်များ​ထဲမှ တစ်စုံ​တစ်ဦး​ကို မှားယွင်းစရာ​အကြောင်း ဖြစ်စေခြင်း​ထက် လည်​၌ ကြိတ်ဆုံကျောက်​ကို ဆွဲ​လျက် ပင်လယ်​ထဲသို့ ပစ်ချခံရခြင်း​သည် သူ့​အတွက် ပို၍​ကောင်း၏။


တပည့်တော်များ​ညည်းညူ​ပြောဆိုကြသည်​ကို သိတော်မူ​သဖြင့် ယေရှု​က “ဤ​သွန်သင်ချက်​ကြောင့် သင်တို့​စိတ်ပျက်ကြသလော။


အသား​စားခြင်း၊ စပျစ်ဝိုင်​သောက်ခြင်း​စသော သင်​၏ ညီအစ်ကို​မောင်နှမ​တစ်ဦးဦး တိုက်မိ​၍​လဲစရာ​ဖြစ်စေမည့် အရာ​မှန်သမျှ​ကို ရှောင်သင့်၏။


ထို့ကြောင့် ရုပ်တု​အား ပူဇော်ထားသော အသား​ကို ကျွန်ုပ်​စား​သဖြင့် အခြား​ယုံကြည်သူ​ကို မှားယွင်း​စေမည်​ဆိုပါက ထိုသို့​မမှားယွင်း​စေရန် ကျွန်ုပ် အသက်ရှင်​သမျှ​ကာလပတ်လုံး အသား​ကို မစားဘဲ​နေမည်။ အဘယ်ကြောင့်ဆိုသော် အခြား​ယုံကြည်သူ​ကို မမှားယွင်း​စေလို​သောကြောင့်​ဖြစ်၏။


သို့သော်လည်း သင်တို့​၏ လွတ်လပ်မှု​သည် အသိစိတ်​အားနည်းသူတို့​အတွက် ထိမိ​၍ လဲစရာ မဖြစ်​စေရန် သတိပြုကြလော့။


အမှုတော်​လုပ်ငန်း​တွင် အပြစ်တင်စရာ​အကြောင်း တစ်စုံတစ်ခု​မျှ မရှိ​စေရန် ကျွန်ုပ်တို့​သည် သူတစ်ပါး​ရှေ့​၌ ထိမိ​၍ လဲစရာ​မဖြစ်စေကြ။


ကျွန်ုပ်တို့​သခင်​ယေရှု​ခရစ်တော်​၏ ကျေးဇူးတော်​ကို သင်တို့​သိကြ၏။ ကိုယ်တော်​သည် ချမ်းသာ​သော်လည်း သင်တို့​၏ အကျိုး​ကို​ထောက်​၍ ဆင်းရဲ​ခံတော်မူ၏။ ထိုသို့​ဆင်းရဲ​ခံတော်မူခြင်း​မှာ သင်တို့ ချမ်းသာလာ​စေရန် ဖြစ်၏။


မကောင်းသည့် အရာ​မှန်သမျှ​ကို ရှောင်ကြလော့။


ချစ်ခင်ရသော ညီအစ်ကို​မောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲသောသူတို့​ကို ယုံကြည်ခြင်း​၌ ကြွယ်ဝစေ​၍ မိမိ​ကို​ချစ်သော​သူတို့​အတွက် ကတိထားတော်မူသည့် နိုင်ငံတော်​ကို အမွေဆက်ခံသူများ​ဖြစ်​စေရန် ရွေးချယ်တော်မူသည်​မဟုတ်လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ